About This Blog

မြန်မာနိုင်ငံအတွင်း ကြီးထွားလာသော လူကုန်ကူးမှုအား တိုက်ဖျက်ရန် ရည်မှန်းပြီး တစ်ဖက်တစ်လမ်းမှ အသိပညာပေးအစီအစဉ်များ ပြုလုပ်ရန် ရည်ရွယ်ထားပါသည်။

Thursday, January 9, 2014

အုပ်စုဖွဲ့လူကုန်ကူးသူများအား လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စု(လားရှိုး) မှ ဖော်ထုတ်ဖမ်းဆီးလိုက်ခြင်း

သီပေါမြို့နယ်၊နမ့်လန်ကျေးရွာအုပ်စု၊ရပ်ကွက်တစ်ခုမှ အသက်(၁၁)နှစ်အရွယ်ရှိ ကလေးသူငယ် အမျိုးသမီးတစ်ဦးအားအမျိုးသမီး(၆)ဦးပါဝင်သည့် အုပ်စုဖွဲ့လူကုန်ကူးသူများမှ တရုတ်နိုင်ငံတွင်အလုပ် လုပ်ပါကလစာကောင်းကောင်းရမည်ဟု လိမ်လည်စည်းရုံးပြောဆိုကာ မိဘအုပ်ထိန်းသူများ၏ သဘောတူ ခွင့်ပြုချက်မရှိဘဲ တရုတ်နိုင်ငံသို့ ပို့ဆောင်၍ တရုတ် အမျိုးသားထံ ရောင်းစားခဲ့သောအမှု (၁)မှု(၄-၇-၂၀၁၃) ရက်နေ့တွင် သီပေါမြို့နယ်၊ နမ့်လန်ရဲစခန်း၌ ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ၃-၇-၂၀၁၃ ရက်နေ့တွင်နမ့်လန်ကျေးရွာအုပ်စု၊ရပ်ကွက်တစ်ခုမှ အသက် (၁၁)နှစ် အရွယ်ရှိကလေးသူငယ်အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေသည်ကိုနမ့်လန်ရဲစခန်းသို့ လာရောက်တိုင်တန်း ကြောင်းနမ့်လန်ရဲစခန်းမှူးမှလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(လားရှိုး)သို့ဆက်သွယ် အကြောင်းကြား လာသဖြင့် တပ်ဖွဲ့စု(လားရှိုး)မှ သတင်းရယူ စုံစမ်းဆောင်ရွက်ခဲ့သည်။
စုံစမ်းဖေါ်ထုတ်ချက်များအရ နမ့်လန်ကျေးရွာအုပ်စု၊ အေးချမ်းသာရပ်ကွက်နေ နိုင်းမြင့် (ခ) ဒေါ်ဆွေမြင့်မှ တရုတ်နိုင်ငံတွင် အိမ်ထောင်ပြုလိုသူ အမျိုးသမီးများရှိက ဆက်သွယ် ပို့ဆောင်ပေးရန် အသိမိတ်ဆွေများ တရုတ်နိုင်ငံ၊ ရွှေလီမြို့၊ ကောင်းဆောင်ရွာတွင်ရှိကြောင်း၊ ပို့ဆောင်ပေးပါက ငွေများ ရနိုင်ကြောင်း၊ ဆက်သွယ်ပေးမည်ဖြစ်ကြောင်း၊ မစန်းစန်းအေး အား ပြောကြားသဖြင့် မစန်းစန်းအေး မှ တစ်ရွာတည်း နေ မတင်နွယ်စိုး (ခ)မစိုး နှင့်မအေးမီး(ခ)မတင်တင်အေး တို့အား လူရှာပေးရန် ပြောဆိုခဲ့ပါသည်။မတင်နွယ်စိုး နှင့် မအေးမီး မှ ၄င်းတို့နှင့် အခန်းချင်းကပ် အသက် (၁၁)နှစ်အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦးအား တရုတ်နိုင်ငံ တွင်အလုပ်လုပ်ပါက လစာကောင်းကောင်း ရမည်၊ ချမ်းချမ်းသာသာ နေရမည်ဟု လိမ်လည်ပြောဆိုစည်းရုံးကာ မစန်းစန်းအေး ထံ အပ်နှံပေးခဲ့ ကြောင်း၊ ၁-၇-၂၀၁၃ ရက်နေ့တွင် မစန်းစန်းအေး မှ အသက် (၁၁)နှစ်အရွယ်ရှိ အမျိုးသမီးငယ် တစ်ဦးအား မနှင်းရီ (ခ)မညီမ နှင့်အတူ သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာမှ လားရှိုး-မူဆယ် မှ တဆင့် နိုင်းမြင့် (ခ)ဒေါ်ဆွေမြင့် ဆက်သွယ်ပေးသည့် တရုတ်နိုင်ငံ၊ ကောင်းဆောင်ရွာရှိ တရုတ်နိုင်ငံသား၊ ရှမ်းလူမျိုး ဦးလွန်းမောင် ထံ ပို့ဆောင်ပေးခဲ့ကြောင်း၊ ဦးလွန်းမောင် (ခ)ဦးမောင် မှ အဆိုပါ အမျိုးသမီးငယ်အား တရုတ်အမျိုးသားတစ်ယောက်ထံ မယားအဖြစ်ရောင်းစားခဲ့ပြီး၊ ၄င်းတို့အဖွဲ့အား ဦးလွန်းမောင် (ခ)ဦးမောင် မှ တရုတ်ငွေ ယွမ်(၁၉၀၀၀)ပေးကြောင်း၊မြန်မာငွေလဲလှယ်ခဲ့ရာ (၂၇)သိန်း ရရှိခဲ့ကြောင်း၊ အဆိုပါငွေ (၂၇)သိန်း အား မစန်းစန်းအေး မှသမီးဖြစ်သူ မ၀ါနုအား ပေးခဲ့ကြောင်း၊ ၄င်းတို့ အဖွဲ့တွင် အဖွဲ့ဝင် (၅)ဦးရှိကြောင်း၊ မတင်နွယ်စိုး (ခ)မစိုး၊ မအေးမီး (ခ)မတင်တင်အေး၊ မနှင်းရီ  ၂
(ခ)မညီမ၊ နိုင်းမြင့် (ခ)ဒေါ်ဆွေမြင့် နှင့် မစန်းစန်းအေး တို့ဖြစ်ကြောင်း၊စုံစမ်းဖေါ်ထုတ်သိရှိရသည်။
စုံစမ်းဖေါ်ထုတ်ချက်များအရ အသက် (၁၁)နှစ်အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦးအား တရုတ် နိုင်ငံတွင် အလုပ်လုပ်ပါက လစာကောင်းကောင်းရမည်၊ချမ်းချမ်းသာသာနေရမည်ဟုလိမ်လည် စည်းရုံး ပြောဆိုကာ မိဘအုပ်ထိန်းသူများ၏ သဘောတူခွင့်ပြုချက်မရှိဘဲ သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာမှ လားရှိုး-မူဆယ် မှတဆင့် တရုတ်နိုင်ငံ၊ ရွှေလီမြို့အနီးရှိ ကောင်းဆောင်ရွာသို့ ခေါ်ဆောင်သွားကာ တရုတ်နိုင်ငံ လူပွဲစားများမှတဆင့် တရုတ်အမျိုးသားတစ်ဦးနှင့် အဓမ္မလက်ထပ်ထိမ်းမြှားစေခြင်းဖြင့် အကျိုးအမြတ်ရယူပူးပေါင်း ဆောင်ရွက်ခဲ့သည့် ဂိုဏ်းဖွဲ့ကျူးလွန်သူ သီပေါမြို့နယ်၊ အေးချမ်းသာ ရပ်ကွက်၊ နမ့်လန်ကျေးရွာနေ မစန်းစန်းအေး (၅၅)နှစ်၊ (ဘ)ဦးရွှေထွန်း၊ ဗမာ-ဓနု/ဗုဒ္ဓ၊ မ၀ါနု (၂၆)နှစ်၊ (ဘ)ဦးကြီးမောင်၊ ဗမာ-ဓနု/ဗုဒ္ဓ (မစန်းစန်းအေး ၏သမီး)၊ မအေးမီး (ခ)မတင်တင်အေး (၃၇)နှစ်၊ (ဘ)ဦးမောင်ကြည်၊ ဗမာ-ရှမ်း/ဗုဒ္ဓ၊ မနှင်းရီ (ခ)မညီမ (၄၀)နှစ်၊ (ဘ)ဦးဖိုးသွယ်၊ ဗမာ/ဗုဒ္ဓ၊ မတင်နွယ်စိုး (ခ)မစိုး (၃၃)နှစ်၊ (ဘ)ဦးမြင့်ဆွေ၊ ဗမာ/ဗုဒ္ဓ၊ နိုင်းမြင့် (ခ)ဒေါ်ဆွေမြင့် (၇၀)နှစ်၊ (ဘ)ဦးချင်းပန်၊ ရှမ်း/ဗုဒ္ဓ၊ (၆)ဦးတို့အား ဥပဒေအရအရေးယူပေးပါရန် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု (လားရှိုး)မှ ရဲအုပ် ၀င်းညွှန့် က တရားလိုပြုလုပ်တိုင်တန်း ခဲ့ရာ ၄-၇-၂၀၁၃ ရက်နေ့တွင်နမ့်လန်နယ်မြေရဲစခန်း(ပ)၁၂/၂၀၁၃၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ-၂၈(က) ဖြင့် အမှုဖွင့်အရေးယူထားရှိပြီး၊ အမှုစစ် ရဲအုပ် လှကြိုင် (စခန်းမှူး)မှ စစ်ဆေးလျက်ရှိသည်။

အမှုမှ တရားခံ (၆)ဦးစလုံးအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု (လားရှိုး)မှ ဖမ်းဆီးရမိခဲ့ပြီး တရုတ်အမျိုးသမီး (ဇနီး)အဖြစ်ရောင်းစားခံရသူအသက်(၁၁)အရွယ်ရှိ အမျိုးသမီးငယ် အား ပန်လည်ကယ်တင်နိုင်ရေးနှင့် တရုတ်နိုင်ငံမှလူပွဲစားများအား ဖေါ်ထုတ်ဖမ်းဆီး ရမိရေး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(လားရှိုး)နှင့် တပ်ဖွဲ့စု (မူဆယ်)တို့မှ တရုတ်နိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ် မှ အမျိုးသမီးတစ်ဦးအား တရုတ်နိုင်ငံသို့ လိမ်လည်ခေါ်ဆောင်သွားပြီး တရုတ်မယားအဖြစ် ရောင်းစားခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ဗိုလ်ရွှေကုန်းရပ်ကွက် မှ အသက်(၄၂)နှစ် အမျိုးသမီးတစ်ဦးအား တရုတ်နိုင်ငံတွင် အသီးအနှံရောင်းရငွေသိမ်းရသည့်အလုပ်ကို လုပ်ရမည်ဟု  လိမ်လည်စည်းရုံးကာ တရုတ်နိုင်ငံထဲသို့ ခေါ်ဆောင်သွားပြီး တရုတ်မယားအဖြစ်ရောင်းစားခဲ့သဖြင့် ၃-၇-၂၀၁၃ ရက်နေ့တွင်မြောက်ဥက္ကလာပမြို့နယ်၊ရွှေပေါက်ကံနယ်မြေရဲစခန်း၌ အမှုဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ၂၀၁၂ခုနှစ်၊ အောက်တိုဘာလခန့်က ဒေါ်-----သည် မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊ (၂၁)ရပ်ကွက် ရှိ နေအိမ်တွင် ရှိနေစဉ် မောင်အရင်းဖြစ်သူ၏နေအိမ်တွင် ခေတ္တနေထိုင်ဖူးသူ မအေးအေးမွန်၊ (၄၀)နှစ်၊ (ဘ)ဦးအောင်မြင့်၊ အမှတ် (၆၅၁)၊ ကရုဏာ (၂)လမ်း၊ (၄)ရပ်ကွက်၊ မြောက်ဥက္ကလာပနေသူ နှင့် မ-------တို့ ရောက်ရှိလာပြီး အသက် (၄၂)နှစ်အရွယ် သမီးဖြစ်သူအား  တရုတ်နိုင်ငံတွင် အသီးအနှံရောင်းရငွေသိမ်းအလုပ်ကိုတစ်လလျှင် ကျပ်(၂)သိန်းဖြင့် လုပ်ကိုင်ရမည်ဟု လိမ်လည်ပြောဆိုစည်းရုံးပြီးရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားဝင်း၊ ကားဂိတ်မှ တဆင့် ခေါ်ဆောင်သွားကြောင်း၊ ၂၀၁၃ ဖေဖော်ဝါရီလတွင် ၄င်းထံသို့ မအေးအေးမွန် တို့ (၂)ဦး ထပ်မံရောက်ရှိလာပြီး သမီးဖြစ်သူမှာ တရုတ်နိုင်ငံတွင် အိမ်ထောင်ကျနေကြောင်း၊ အဆင်ပြေကြောင်း ပြောဆိုကာ ငွေကျပ် (၅)သိန်းနှင့် မင်္ဂလာဆောင်ဓါတ်ပုံ (၄)ပုံအားပေးပြီး မအေးအေးမွန် မှ ပွဲခငွေ ကျပ်(၅)သောင်းတောင်းသဖြင့် ပေးခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်၊ ဇွန်လ၌ သမီးဖြစ်သူ၏မိတ်ဆွေ ဦးသန်းညွှန့်၏အကူအညီဖြင့် တရုတ်နိုင်ငံတွင် ရောက်ရှိနေသော သမီးဖြစ်သူထံ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့ရာ သမီးဖြစ်သူမှ ၄င်းအား ယခုအိမ်ထောင်ကျသူ တရုတ်အမျိုးသား က နှိပ်စက်ကြောင်း၊ ပို့ဆောင်ပေးသူ မ------ကလည်း မြန်မာနိုင်ငံသို့ပြန်ရန် မကြိုးစားဖို့ပြောဆိုထားကြောင်း၊ ပြောဆို သိရှိရ၍ သမီးဖြစ်သူအား တရုတ်နိုင်ငံတွင် အသီးအနှံ ရောင်းရငွေသိမ်းရသည့်အလုပ်ကို လုပ်ရမည် ဟု  လိမ်လည်စည်းရုံးကာ တရုတ်နိုင်ငံထဲသို့ ခေါ်ဆောင်သွားပြီး တရုတ်မယားအဖြစ်ရောင်းစားခဲ့သူ မအေးအေးမွန်  (၄၀)နှစ်၊ (ဘ)ဦးအောင်မြင့်၊ အမှတ် (၆၅၁)၊ ကရုဏာ(၂)လမ်း၊ (၄)ရပ်ကွက်၊ မြောက်ဥက္ကလာပနေသူနှင့်မ-------တို့အပေါ် ဥပဒေအရအရေးယူပေးရန် မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံနယ်မြေရဲစခန်းသို့ (၃.၇.၂၀၁၃)ရက်နေ့တွင် တိုင်တန်းခဲ့ရာ ရွှေပေါက်ကံနယ်မြေရဲစခန်း (ပ)၁၃၀/၂၀၁၃၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ - ၂၄ ဖြင့် အမှုဖွင့် အရေးယူထား ကြောင်း သတင်းရရှိသည်။

အမှုမှ တရားခံ (၂)ဦးအနက် မအေးအေးမွန် (၄၀)နှစ်၊ (ဘ)ဦးအောင်မြင့်၊ အမှတ် (၆၅၁)၊ ကရုဏာ (၂)လမ်း၊ (၄)ရပ်ကွက်၊ မြောက်ဥက္ကလာပနေသူအား (၄.၇.၂၀၁၃)ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ပြီး ကျန်ရှိတရားခံ မ------အား ဖမ်းဆီးရမိရေးအတွက် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။

လူကုန်ကူးသူ တရားခံများအား လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စု(လားရှိုး) မှ ဖော်ထုတ်ဖမ်းဆီး

လားရှိုးမြို့နယ်၊ မိုင်းယော်ကျေးရွာအုပ်စု၊ ပန်နန်းရွာနေ (ဘ)ဦး......၏သမီး မ.....အား တရုတ်ယောကျာ်းယူပါက ငွေကျပ်(၁၂)သိန်း မိဘများထံပေးမည်ဟုစည်းရုံးကာတရုတ်နိုင်ငံသို့ပို့ဆောင်၍ တရုတ် အမျိုးသားထံ ရောင်းစားခဲ့သောအမှု (၁)မှု (၂၇.၆.၂၀၁၃) ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ (၁၇.၃.၂၀၁၃)ရက်နေ့တွင် မ......အား လားရှိုးမြို့နှင့် တရုတ်နိုင်ငံနေ မအေး (ခ)မရွှေယုံ (ခ)ဒေါ်အေးခမ်း  မှ ၄င်း၏အမျိုး တရုတ်ယောကျာ်းနှင့်ယူပါက ငွေကျပ် (၁၂)သိန်း ပေးမည်ဟု စည်းရုံးပြောဆိုခဲ့ကြောင်း၊ (၁၈.၆.၂၀၁၃)ရက်နေ့တွင် တရုတ်နိုင်ငံ နောင်တောင်းမြို့၊ ဟန်ဝိန်းရွာနေ မိခင်ဖြစ်သူ ဒေါ်ခမ်းကျန် နှင့် ညီမဖြစ်သူ မခင်ထွေးတို့ ၄င်း၏လားရှိုးအိမ် သို့ ရောက်ရှိလာပြီး (၁၉.၆.၂၀၁၃)ရက်နေ့တွင် မ......နှင့် အဖော်အမျိုးသမီးတို့အား ၄င်းတို့ (၃)ဦးမှ  ဘင်ကားဖြင့် နမ့်ခမ်း၊ နမ့်ခမ်း (ကွန်ဟိုင်း)လှေဆိပ် မှ လှေဖြင့်ကူးပြီး ထော်လါဂျီဖြင့် တရုတ်နိုင်ငံ နောင်တောင်းမြို့၊ ဟန်ဝိန်းရွာရှိ ဒေါ်ခမ်းကျန် နေအိမ်သို့ ခေါ်ဆောင်သွားကြောင်း၊ ၄င်းနောက် (၂၄.၆.၂၀၁၃)ရက်နေ့တွင် ဘေးအိမ်ရှိ တရုတ်အမျိုးသားတစ်ယောက်ထံ တရုတ်ငွေ ဖြင့် ရောင်းစားခဲ့ကြောင်းကို အဖော်ဖြစ်သူအမျိုးသမီးထံမှ စုံစမ်းသိရှိရသဖြင့် မ---အား တရုတ်နိုင်ငံသို့ ခေါ်ဆောင်သွားပြီး တရုတ်အမျိုးသားထံ မယားအဖြစ် ရောင်းစားခဲ့သူများ ဖြစ်သည့် လားရှိုးမြို့နှင့် တရုတ်နိုင်ငံနေ မအေး (ခ)မရွှေယုံ (ခ) ဒေါ်အေးခမ်း၊ တရုတ်နိုင်ငံ နောင်တောင်းမြို့၊ ဟန်ဝိန်းရွာနေ ၎င်းင်း၏  မိခင်ဖြစ်သူ ဒေါ်ခမ်းကျန်၊ ညီမဖြစ်သူ မခင်ထွေးတို့ကို အရေးယူပေးရန် လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး တပ်ဖွဲ့စု(လားရှိုး) ရဲအုပ်ကြည်ထူး မှ တရားလိုပြုလုပ်၍ (၂၇.၆.၂၀၁၃)ရက်နေ့တွင် လားရှိုး နယ်မြေရဲစခန်းသို့ တိုင်တန်းခဲ့ရာ (ပ)၇၃/၂၀၁၃၊လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ-၂၄ ဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း၊တရားခံများဖမ်းဆီးရမိရေးအတွက် ၂၈-၆-၂၀၁၃ရက်နေ့၀၈၀၀အချိန်ခန့်တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(မူဆယ်) မှ ရဲအုပ် စိုင်းသိန်းလွင် ဦးစီးတပ်ဖွဲ့ဝင်များသည်  တရားခံများနေထိုင်ရာ တရုတ်နိုင်ငံ နောင်တောင်းမြို့သို့သွားရောက်ခဲ့ပြီးနောင်တောင်း ရဲတပ်ဖွဲ့ဝင်များ နှင့်ပူးပေါင်းရှာဖွေဖမ်းဆီးခဲ့ရာ ၀၉၃၀အချိန်ခန့်တွင်အမှုမှတရားခံဒေါ်ခမ်းကျန်ပါ(၃)ဦးတို့အား ဖမ်းဆီး ရမိခဲ့ကြောင်း၊ ထိုနောက်တရားခံများကို မြန်မာနိုင်ငံသို့ဖမ်းဆီးခေါ်ဆောင်လာပြီး လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးတပ်ဖွဲ့စု(လားရှိုး)သို့လွှဲပြောင်းပေးအပ်ကာ ရဲလုပ်ငန်းများ ပြည့်စုံစွာဆောင်ရွက်ပြီးစီးပါက အမြန်ဆုံး တရားစွဲတင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Copyright © 2012 The Republic of the Union of Myanmar | Ministry of Home Affairs | Central Body for Suppression of Trafficking in Persons.
All Right Reserved.

မြန်မာ-တရုတ်နယ်စပ်တွင် တတိယမြောက်ဆက်ဆံရေး ဖွင်လှစ်မည်

နယ်စပ်ဖြတ်ကျော်လူကုန်ကူးမှုများပိုမိုထိရောက်စွာတားဆီးနှိမ်နင်းရန် ရည်ရွယ်၍၊ မြန်မာ-တရုတ်နယ်စပ်တစ်လျှောက်မူဆယ်-ရွှေလီနှင့် လွယ်ဂျယ်- -ကျန်းဖုန်းမြို့များတွင် ၂၀၀၇-၂၀၀၈ ခုနှစ်အတွင်း နယ်စပ်ဆက်ဆံရေးရုံးများ (Border liaison offices-BLO) ဖွင့်လှစ်ခဲ့ပါသည်။အ ဆိုပါနယ်စပ်ဆက်ဆံရေးရုံးများ၏ပူးပေါင်းဆောင်ရွက်မှုများကြောင့်လူကုန်ကူးသူဂိုဏ်းကြီး (၄)ခုကို ၂၀၁၀ခုနှစ်အတွင်းကဖေါ်ထုတ်နိုင်ခဲ့ပါသည်။ထို သို့ပူးပေါင်းဆောင်ရွက်ခဲ့သည့်အောင်မြင်မှုများစွာရှိသည့်အတွက် ဒေသတွင်းနမူနာပြလောက်သည်အထိအသိအမှတ်ပြုခံရသည်။


 ယခုနှစ်မေလ (၁၅) ရက်နေ့တွင်တရုတ်နယ်စပ်လောက်ကိုင်-နန်ဆန်တို့တွင်တတိယမြောက်နယ်စပ် ဆက်ဆံရေးရုံးများဖွင့်လှစ်သွားမည်ဖြစ်သည်။
မြန်မာ-တရုတ်နှစ်နိုင်ငံတို့သည် မဲခေါင်ဒေသတွင်း(၆)နိုင်ငံဝန်ကြီးအဆင့်လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်၏အဖွဲ့ဝင်နိုင်ငံများဖြစ်သည့်အား လျော်စွာ ၂၀၀၅ခုနှစ်မှစတင်ကာ လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးကိုဆောင်ရွက်ခဲ့ကြသည်။
BLO ဆက်ဆံရေးရုံးများ၏ပူးပေါင်းဆောင်ရွက်မှုကောင်းမွန်သဖြင့် တရုတ်နိုင်ငံအတွင်းတွင် တရုတ်အမျိုးသားများနှင့်အဓမ္မလက်ထပ်ထိမ်းမြားခံ ထား ရသည့်မြန်မာအမျိုးသမီးများကိုတရုတ်ရဲတပ်ဖွဲ့ကယ်တင်၍လည်းကောင်း၊လမ်းခရီးတွင်တားဆီးကယ်တင်၍လည်းကောင်း၊လူပွဲစားများအားဖမ်းဆီး၍လူ ကုန်ကူးခံရသူများကိုကယ်တင်ခြင်းဖြင့်လည်းကောင်းနည်းမျိုးစုံကယ်တင်ရရှိသည့်မြန်မာအမျိုးသမီးများကို ရွှေလီ-ကျန်ဖုန်း နယ်စပ်ဆက်ဆံရေးရုံးများမှ တစ်ဆင့်လွှဲပြောင်းပေးခဲ့သည့်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၏အောင်မြင်သေပြယုဂ်တစ်ခုဖြစ်သည်။

မြန်မာအမျိုးသမီးအများစုသည်တရုတ်နိုင်ငံနယ်စပ်တွင်အလုပ်လုပ်ကိုင်ရန်သွားရောက်သူများရှိသကဲ့သို့ ဆက်စပ်နယ်စပ်ဒေသ မှဆွေမျိုးသားချင်း၊ မိတ် ဆွေများထံသွားရောက် လည်ပတ်ခြင်းများလည်းရှိသည်။အချို့မှာ တရုတ်နိုင်ငံတွင်အလုပ်အကိုင်ရမည်ဟုစည်းရုံးခေါ်ဆောင်လာခြင်းခံကြရပြီး ပွဲစားများ ကတရုတ်အမျိုးသားများနှင့် လက်ထပ်ပေါင်းသင်းရန် ရောင်းစားခံကြရသူများလည်းများစွာရှိသည်။
BLO နယ်စပ်ဆက်ဆံရေးရုံးအချင်းချင်းချိတ်ဆက်၍ကယ်တင်ပေးရန်မေတ္တာရပ်ခံချက်အရလည်းကောင်း၊တရုတ်ရဲတပ်ဖွဲ့ကကယ်တင်ပြီးမြန်မာဘက် သို့ လွှဲပြောင်းပေးလျက်ရှိရာ ၂၀၁၂ခုနှစ်တွင် မြန်မာအမျိုးသမီး (၁၁၈) ဦးရှိခဲ့သည်။၎င်းတို့၏တရုတ်နိုင်ငံသို့ရောက်ရှိခဲ့မှုအခြေအနေမှာ-
(က) တရုတ်အမျိုးသားများနှင့်ကိုယ်တိုင်ချစ်ကြိုက်အိမ်ထောင်ပြုသူ   ၁၃ဦး၊
(ခ) တရုတ်အမျိုးသားနှင့်လက်ထပ်ရမည်ကိုသိပြီး ပွဲစားမှတစ်ဆင့်ပို့ဆောင်ရောင်းစားခံရသူ   ၂၃ ဦး၊
(ဂ) တရုတ်အမျိုးသားနှင့်လက်ထပ်ရန်လိုက်ပါခဲ့ပြီး လက်မထပ်မီအဖမ်းခံရသူ  ၈ ဦး၊
(ဃ) တရုတ်အမျိုးသားနှင့်လက်ထပ်ရန်လိုက်ပါလာစဉ်လမ်း၌အဖမ်းခံရသူ  ၂၇ ဦး၊
(င) အလုပ်ရမည်ဟုလိမ်လည်စည်းရုံးခေါ်ဆောင်ပြီး ရောင်းစားခံရသူ ၂၂ ဦး၊
(စ) လိမ်လည်ခေါ်ဆောင်လာပြီး လက်မထပ်မီအဖမ်းခံရသူ ၃ ဦး၊
(ဆ) ဖျော်ဖြေရေးလုပ်ရန်ခေါ်လာပြီး ပြည့်တန်ဆာအဖြစ်စေခိုင်းခံရသူ ၁၀ ဦး၊
(ဇ) တရုတ်နိုင်ငံတွင်အလုပ်လုပ်စဉ်အဖမ်းခံရသူ ၁၀ ဦး၊
(ဈ) အမျိုးသမီးများနှင့်အတူပါလာသည့် ကလေးငယ် ၁၀ ဦး၊
၂၀၁၂ခုနှစ်အတွင်းတရုတ်နိုင်ငံဖက်မှ ပြန်လည်လွှဲပြောင်းပေးသူမြန်မာအမျိုးသမီး (၁၁၈)ဦးအနက် (၈၁)ဦးသည်တရုတ်အမျိုးသားများနှင့်လက် ထပ်ပေါင်းသင်းခဲ့သည်ကိုတွေ့ရှိရသည်။ ယင်းတို့အနက် (၅၄)ဦးသည်တရုတ်အမျိုးသားများနှင့်ကောင်းမွန်စွာလက်ထပ်ပေါင်းသင်းခြင်းခံရပြီး (၂၇) ဦးမှာမူ ညှင်းပန်းနှိပ်စက်ခံရကြောင်းတွေ့ရှိရသည်။
မြန်မာ-ထိုင်းနယ်စပ်များတွင်ဖြစ်ပွားလျက်ရှိသောလူကုန်ကူးမှုများကိုနှစ်နိုင်ငံထိရောက်စွာတားဆီးနှိမ်နင်းနိုင်ရန်အတွက်လူကုန်ကူးမှုဆိုင်ရာနယ်စပ် ဆက်ဆံရေးရုံးများကို ၂၀၁၂ခုနှစ်မတ်လ ၂၂ ရက်နေ့တွင်တာချီလိတ်-မယ်ဆိုင်၌လည်းကောင်း၊၂၀၁၂ခုနှစ်သြဂုတ်လ ၃၀ ရက်နေ့တွင်ကော့ သောင်း -ရနောင်းတို့၌လည်းကောင်းအသီးသီးဖွင့်လှစ်ခဲ့သည်။

မဲခေါင်ဒေသတွင်း(၆) နိုင်ငံဝန်ကြီးအဆင့် လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ် (Coordinated Mekong Ministerial Initiative against Trafficking - COMMIT Process) အပေါ်ပြန်လည်သုံးသပ်ခြင်း


မဲခေါင်ဒေသတွင်း(၆) နိုင်ငံဝန်ကြီးအဆင့် လူကုန်ကူးမှု  တိုက်ဖျက်ရေး လုပ်ငန်းစဉ် (Coordinated Mekong Ministerial Initiative against Trafficking - COMMIT Process) အပေါ်ပြန်လည် သုံးသပ်ခြင်း နှင့် နောက်လာမည့်ရည်မှန်းချက်နှင့် ရည်ရွယ်ချက်များအားဖေါ် ထုတ်သည့်အလုပ်ရုံ ဆွေးနွေးပွဲ (Consultation Workshop on Strategic Visioning for post-2013 Coordinated Efforts in Anti-Trafficking in Persons)  ကျင်းပခြင်း

၂၀၀၄ခုနှစ်မှစတင် ၍အကောင်အထည်ဖေါ်ခဲ့သော မဲခေါင်ဒေသတွင်း(၆)နိုင်ငံဝန်ကြီးအဆင့်လူကုန်ကူးမှု  တိုက်ဖျက်ရေးလုပ်ငန်းစဉ် (Coordinated Mekong Ministerial Initiative against Trafficking - COMMIT Process) အပေါ်ပြန်လည် သုံးသပ်ခြင်းအစီအစဉ်ရှိသည်။ထိုသို့သုံးသပ်ရာတွင် (၆)နိုင်ငံအတွင်း လူကုန်ကူးမှုတိုက် ဖျက်လုပ်ငန်းစဉ်များကို မည်သို့အကောင် အထည်ဖေါ်လျှက်ရှိ သည်၊မည်မျှထိရောက်မှုရှိသည်၊ မည်ကဲ့သို့ဆက်လက် ဆောင်ရွက်သင့်သည်တို့ကို သိရှိရန် ၂၀၁၃ ခုနှစ်မေလ( ၁)ရက်နေ့ မှ မေလ(၆) ရက်နေ့အ ထိ ရန်ကုန်မြို့နှင့် နေပြည်တော်မြို့များတွင်လေ့လာသုံးသပ်မည့်ကျွမ်းကျင်သူမှ လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းများတွင် တာဝန်ယူ ဆောင်ရွက် ခဲ့ကြသည့် ပညာရှင်များ၊ဋ္ဌာနဆိုင်ရာ အကြီး အကဲ ဟောင်းများ၊လက်ရှိတာဝန်ယူဆောင်ရွက်နေကြသည့် ဋ္ဌာနဆိုင်ရာ ၀န် ထမ်းများ၊ နိုင်ငံတကာအဖွဲ့အ စည်းနှင့်ကုလသမဂ္ဂအဖွဲ့အစည်းများမှတာဝန်ရှိသူများ၊အစိုးရမဟုတ်သော လူမှုအဖွဲ့အစည်းများတို့ကိုတွေ့ဆုံမေးမြန်းသွားမည်ဖြစ်သည်။



၎င်း၏ရှာဖွေတွေ့ရှိချက်များမှ နိုင်ငံအတွင်းရှိလူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများနှင့်နိုင်ငံအချင်းချင်းပူးပေါင်းဆောင် ရွက်မှုများအားယခု ထက်ပို၍ထိရောက်ရှိနိုင်သည့်အနာဂတ် လုပ်ငန်းစဉ်များနှင့်နည်းလမ်းများအတွက် အထောက် အကူ ပြုမည်ဖြစ်သည်။လေ့လာသုံးသပ်မှုလုပ်ငန်းစဉ်နှင့်တပြိုင်နက်တည်းမှာပင် ၂၀၁၃ခုနှစ်မေလ (၂) ရက်နေ့နှင့် (၃) ရက်နေ့ များတွင်နေပြည်တော် မြို့၊အမရာဟိုတယ်တွင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့နှင့် UNIAP တို့ ပူးေ ပါင်းကာမြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် ပတ်သက်၍နောက်လာမည့်ရည်မှန်းချက်နှင့် ရည်ရွယ်ချက်များအားဖေါ်ထုတ်သည့်အလုပ်ရုံဆွေးနွေးပွဲ (Consultation Workshop on Strategic Visioning for post-2013 Coordinated Efforts in Anti-Trafficking in Persons)  ကို ကျင်းပသွားမည်ဖြစ်သည်။

၎င်းဆွေးနွေးပွဲသို့လူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည့်ဝန်ကြီးဋ္ဌာနများ၊ UNICEF,UNIAP, ILO, IOM, World Vision, AFXB, MTV EXIT, Walk Free, အစိုးရမဟုတ်သောလူမှုရေးအဖွဲ့အစည်းများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများမှကိုယ်စားလှယ်များပါဝင်တက်ရောက်ဆွေးနွေးကြမည်ဖြစ်ပါသည်။