About This Blog

မြန်မာနိုင်ငံအတွင်း ကြီးထွားလာသော လူကုန်ကူးမှုအား တိုက်ဖျက်ရန် ရည်မှန်းပြီး တစ်ဖက်တစ်လမ်းမှ အသိပညာပေးအစီအစဉ်များ ပြုလုပ်ရန် ရည်ရွယ်ထားပါသည်။

Thursday, January 23, 2014

အသက်၁၀နှစ်နဲ့  အိမ်ထောင်သည်ဖြစ်ခဲ့ရတဲ့ အီသီးအိုးပီးယားကလေးမလေးရဲ့ ဘ၀ဇတ်ကြောင်း


အိန္ဒိယက ကလေးသတို့ သမီးတစ်ယောက်။
အလမ်ဆာဟေး အသက်၁၀ နှစ်ပြည့်တော့ အပြင်မှာကစားနေတုန်း မိခင်ဖြစ်သူကအိမ်ထဲခေါ်ပါတယ်။ သူ့ ဘ၀တခုလုံးပြောင်းလဲသွားတဲ့အဲဒီနေ့ ကို သူသတိရနေပါတယ်။
အိမ်ထဲရောက်တော့ အမေက နင်အိမ်ထောင်ပြုရတော့မယ် လို့ ကျမကိုပြောတယ်။ ကျမအံ့အားသင့်ပြီးတော့ ငိုချလိုက်ပါတယ်။ ဒါပေမယ့်သူတို့ ကိုကျမဘာမှပြန်မပြောခဲ့ပါဘူး။နောင် ၂လအကြာမှာ အသက်၁၆ နှစ်ကောင်လေးတစ်ယောက်နဲ့ သူလက်ထပ်ခဲ့ရပါတယ်။

၁၀နှစ်အရွယ်မိန်းကလေးတစ်ယောက်အိမ်ထောင်ပြုရတဲ့အဖြစ်ဟာ အံ့အားသင့်စရာကောင်းပေမယ့် ဒီလိုအဖြစ်အပျက်က သူတစ်ယောက်ထဲတော့မဟုတ်ပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီးရဲ့ ကိန်းဂဏန်းများအရ နှစ်စဉ် အသက်၁၅နှစ်အောက် ၁၄.၂သန်းသောကလေးငယ်တွေဟာ အတင်းအဓမ္မအိမ်ထောင်ပြုပေးခြင်းခံနေရတယ်လို့ သိရပါတယ်။

အကျိုးဆက်ကတော့ထိတ်လန့် ဖွယ်ပါ။ပညာရေးနဲ့ သူတို့ ရဲ့ ကလေးဘ၀ ရပ်တန့် သွားတယ်။ မိန်းကလေးငယ်တွေဟာလိင်ဆက်ဆံတဲ့ကိစ္စမှာ စိတ်ဒဏ်ရာတွေရရှိ သွားကြတယ်။ အိမ်တွင်းအကြမ်းဖက်မှုတွေဖြစ်ပွားတယ်။ပိုမိုကောင်းမွန်တဲ့ဘ၀၊အလုပ်အကိုင်ရရှိဖို့ စတဲ့အခွင့်အလမ်းတွေ အားလုံးလက်လွတ်ဆုံးရှုံးသွားပါတယ်။တချို့ မိန်းကလေးတွေဟာ ကလေးမွေးစဉ်မှာပဲသေဆုံး သွားကြပါတယ်။

အသက်၃၈နှစ်ရှိပြီဖြစ်တဲ့ အယ်လမ်ဆာဟေးဟာအခု လန်ဒန်မှာနေတယ်။ ငယ်ငယ်နဲ့ အိမ်ထောင်ချပေးခဲ့တဲ့မိဘတွေကိုအခုထိဒေါသထွက်နေတုန်းပါ။

"အိမ်ထောင်ပြုဖို့ ကျမတို့ ကရွေးချယ်ခဲ့တာမဟုတ်ဘူး။ ကျမမိဘနဲ့ သူ့ မိဘတွေက ကျမတို့ အိမ်ထောင်ရေးကိုဆုံးဖြတ်ခဲ့ကြတာပါ။"

အိမ်ထောင်မကျခင်က အီသီအိုးပီးယား မြောက်ပိုင်းမှာနေခဲ့တဲ့ ပျော်စရာကလေးဘ၀ကိုသူပြန်ပြောင်း သတိရတယ်။ကျမကျောင်းတက်တယ်လေ။အိမ်ထောင်ကျတော့ကျောင်းထွက်လိုက်တယ်။
စားဖို့ နဲ့ ကစားဖို့ သာအတွေးရှိတဲ့ ကလေးဘ၀ပျော်စရာတွေကိုပြန်သတိရမိပါတယ်။

နောက်တော့တခါမှ မတွေ့ ဘူးခဲ့တဲ့ကောင်လေးတစ်ယောက်နဲ့ လက်ထပ်လိုက်ရတယ်။
ကျမသူ့ ကိုမသိခဲ့ဘူး။
ဒါပေမယ့် သူ့ ကိုတွေ့ လိုက်ရတော့ အိုကေပါတယ်။သူကကျမလို့ ပဲကလေးတစ်ယောက်ပဲ။ သူကအဲဒီတုန်းက ၁၆ နှစ်ရှိပြီ။သူလည်း ကျမလိုပဲ အိမ်ထောင်ပြုရလို့ စိတ်ညစ်နေတာ။

မိန်းကလေးတွေချဉ်းပဲ အတင်းအကျပ်အိမ်ထောင်ပြုခဲ့ရတာမဟုတ်။ယောက်ျားလေးတွေလည်း အတင်းအကျပ်အိမ်ထောင်ပြုခိုင်းခြင်းခံခဲ့ကြရပါတယ်။ ဒါပေမယ့် အများစု ကတော့ မိန်းကလေးတွေပါ။
ယောက်ျားလေးတွေက သက်တူရွယ်တူဒါမှမဟုတ်သူတို့ နဲ့ ငယ်သူနဲ့ အိမ်ထောင်ပြုရတယ်။ မိန်းကလေးတွေကတော့ သူတို့ ထက်အများကြီးအသက်ကြီးသူတွေနဲ့ အိမ်ထောင်ပြုကြရ တယ်။ယောက်ျားလေးတွေက ကျောင်းထွက်၊မိန်းကလေးတွေကလည်း ငယ်ငယ်ရွယ်ရွယ် နဲ့ ကလေးတွေမွေးရတယ်။

အလမ်ဆာဟေးက သူနဲ့ အသက်သိပ်မကွာသူနဲ့ ရတော့ တော်ပါသေးတယ်။ အိမ်ထောင်ကျတော့ ကျောင်းထွက်၊အိမ်ကနေ ယောက်ျားနောက်ကိုလိုက်သွားရတယ်။ အီသီအိုးပီးယန်းအိမ်ထောင်ရှင်မတွေရဲ့ ထုံးစံအတိုင်း ထင်းခွေရေခပ် ယောက်ျားအတွက်
အအစားအစာချက်ပြုပ်ပေးရတယ်။အဲဒါသူ့ ရဲ နေ့ တဒူဝအလုပ်ပါ။

အသက် ၁၃ နှစ်မှာကိုယ်ဝန်ဆောင်ရပြီး သားလေးတစ်ယောက်မွေးပါတယ်။
မိန်းမကြီးတစ်ယောက်လိုမဖွံ့ ဖြိုးသေးတဲ့ သူ့ ရဲ့ ကလေးကိုယ်ခန္ဓာက ကိုယ်ဝန်ဆောင်ရတဲ့ဒဏ်ကိုမခံနိုင်ပါဘူး။
"ကိုယ်ဝန်ဆောင်ရတော့ကျမ အရမ်းနာကျင်တယ်။ငိုရတယ်။ ကလေးမွေးတော့လည်းအရမ်းနာတာပဲ။ကျမ ကလေးပဲရှိသေးတာ။"
အမေတစ်ယောက်ဖြစ်လာတော့မိခင်ဘ၀က ပိုခက်ခဲပါလာတယ်။အဲဒီကာလက အီသီအိုးပီးယားမှာပြည် တွင်းစစ်ဖြစ်နေတဲ့ ၁၉၈၉ ကာလပေါ့။
အီသီအိုးပီးယားမှာ၁၉၇၄ကနေ ၁၉၉၁ ထိပြည်တွင်းစစ်ဖြစ်ခဲ့တယ်။ လူ ၁.၄သန်းလောက်သေကြ တယ်။အဲဒီစစ်ပွဲမှာ သူ့ ယောက်ျားလည်းအသတ်ခံလိုက်ရတယ်။

"ကျမကလေးမီးဖွားပြီးတော့ စစ်ပွဲကြီးဖြစ်တာပဲ။ကျမယောက်ျားကို သူတို့ ခေါ်သွားကြတယ်။ အဲဒီတုန်းကသူက ၁၉နှစ်ပေါ့။စစ်ပွဲထဲသူသေသွားတာပဲ ...
၁၃နှစ်နဲ့ ကျမမုဆိုးမဖြစ်ခဲ့တာပေါ့။ သူကျမကို တစ်နှစ်သားလေးနဲ့ ထားသွားခဲ့တယ်။"

လက်မထပ်ချင်ပဲလက်ထပ်ခဲ့ရပေမယ့် သေဆုံးသွားတဲ့သူ့ ယောက်ျားအတွက် ၀မ်းနည်းနေ ခဲ့တုန်းပဲ။
သူ့ ယောက်ျားဟာ ဘ၀တိုတိုလေးနေခဲ့ရပြီး ပျော်ရွှင်စရာဆိုလို့ နည်းနည်းလေးပဲရခဲ့တယ်လို့ တွေး
ပြီးဝမ်းနည်းနေတုန်းပဲ။

"ကျမသူ့ အတွက်ဝမ်းနည်းမိတယ်။ သူ့ ဘ၀မှာဘာမှ မပျော်ရွှင်ခဲ့ရဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျ။နောက်တော့စစ်ပွဲထဲမှာ တခါတည်း ဘ၀အဆုံးသတ်သွားခဲ့ရတယ်။ ကျမ သူ့ သားကိုကြည့်ပြီးတခါတခါငိုမိပါတယ်။ "

တစ်ယောက်ထဲကူကယ်ရာမဲ့နေတဲ့သူ့ ကို လူကုန်ကူးတဲ့သူတွေက နိုင်ငံခြားမှာ ပိုကောင်းတဲ့ဘ၀နေထိုင်စေ ရ မယ်လို့ ကတိတွေပေးပြီးအီဂျစ်ကိုခေါ်သွားတယ်။ ဒါနဲ့  သူ့ သားကိုအဘွားနဲ့ ထားခဲ့ပြီး အီဂျစ်မှာသွားအလုပ် လုပ်တော့ အဲဒီမှာ လုပ်ခမရပဲကျွန်ခံခဲ့ရပြန်တယ်။နောက်တော့ နောက်ထပ်လူကုန်ကူးတဲ့သူတွေက ယူကေ ကိုပို့ ဖို့ စီစဉ်ကြပြန် တယ်။
ကျမလန်ဒန်ကိုအာရပ်ကလူတွေနဲ့ ခိုးဝင်ခဲ့တယ်။
သူတို့ က နင်ငါတို့ နဲ့ အလုပ်လုပ်ရင် လန်ဒန် ကိုခေါ်သွားမယ်လို့ ပြောတယ်။ သူတို့ ကျမ ကိုခေါ်လာပြီးဒီမှာထားခဲ့တယ်။

အသက်၁၆နှစ်မှာ မွေးစားတဲ့မိသားစုနဲ့ နေခဲ့ပေမယ့် ခုတော့သူဘာသာ တိုက်ခန်းလေးတစ်ခုမှာနေနေ ပါပြီ။သူကျောင်းပြန်တက်တယ်။အင်္ဂလိပ်စာသင်တယ်။ အီသီအိုးပီးယားက ကလေးသတို့ သမီးတွေ ကိုကူညီဖို့ ရည်ရွယ်ပြီး Girls Not Brides ဆိုတဲ့ အဖွဲ့ လေးတစ်ခုဖွဲ့ တယ်။

အသက် ၂၅နှစ်ရှိပြီးဖြစ်တဲ့သူ့ သားဟာ အဘွားနဲ့ အီသီအိုးပီးယားမှာနေထိုင်ပြီး အမေဖြစ်သူ တခါတရံ အလည်လာတဲ့အခါတွေ့ ကြရပါတယ်။

"ကျမသူ့ ကို လန်ဒန်ကိုခေါ်ချင်ပါတယ်။သူက အသက် ၂၀ ပြည့်သွားပြီဆိုတော့ လန်ဒန်ကိုခေါ်ချင်ပေမယ့် အရမ်းခက်ခဲပါတယ်။မနှစ်က ကျမကြိုးစားကြည့်ပေမယ့်အဆင်မပြေဘူး။ "

"ကျမသားကိုငယ်ငယ်နဲ့ အိမ်ထောင်ပြုဖို့ ဘယ်တော့မှမစဉ်းစားနဲ့ လို့ ပြောတယ်။ကျမ သူ့ ကိုပညာတတ်စေချင် တယ်။အမေ့ကိုကြည့်။သားအမေဟာငယ်ငယ်နဲ့ အိမ်ထောင်ကျခဲ့ လို့ ဘ၀တစ်ခုလုံးရှုပ်ထွေးကုန်တာကိုကြည့်လို့ သူ့ ကိုပြောရတယ်။"


"ကလေးမလေးတွေအိမ်ထောင်မပြုကြနဲ့ ။ကလေးဘ၀လေးကိုပျော်ပျော်နေ။ကျောင်းသွားပြီး စာတွေသင်ကြပါလို့ ပြောချင်တယ်။ကျမအတွက်တော့ကျမကလေးဘ၀ကို ဓားပြတိုက်လုယူသွားခြင်းခံရ တယ်လို့ ပဲခံစားရတယ်။အခုတော့လန်ဒန်မှာအရာအားလုံးကိုပြန်ပြီး သင်ယူ နေပါတယ်။
ကလေးတွေကျောင်းကိုသွားပြီးစာသင်ကြားကြပါစေ။ကလေးတွေကိုငယ်ငယ်နဲ့ အိမ်ထောင်
ချပေးလိုက်တာ သူတို့ ကလေးဘ၀ကို ဆုံးရှုံးသွားစေတာပါပဲရှင်။"

တန်ဇန်းနီးယာက ကလေးသတို့ သမီး
မာလာဝီက ကလေးလက်ထပ်ပွဲ
အခုလန်ဒန်မှာနေထိုင်တဲ့အလမ်ဆာဟေး

အိမ်ထောင်ကျပြီးတော့ ကျောင်းထွက်လိုက်ရပြီးခုလို ရေခပ်ထင်းခွေ၊အိမ်မှုကိစ္စလုပ်တာတွေနဲ့ အချိန်ကုန်ခဲ့

ကမ္ဘာပေါ်ကကလေးငယ်တွေကို အတင်းအကျပ်လက်ထပ်ပေးတဲ့ဓလေ့ရှိတဲ့နိုင်ငံတွေ

 ယူဂန်ဒါက သက်ငယ် ကလေးအမေတွေ 

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းသူကို ဖမ်းဆီး


ဇန်န၀ါရီ ၂၀ ရက်၊ တနင်္လာနေ့၊ ၂၀၁၄ ခုနှစ်

ပဲခူးတိုင်းမှ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးကို အတင်းအဓမ္မ ပြည့်တန်ဆာ ပြုလုပ်ခိုင်းစေသဖြင့် နေပြည်တော်ရှိ မနေခြည်အေးဆိုသူ အမျိုးသမီးကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေအရ ဖမ်း ဆီးအရေးယူလိုက်သည်ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဇန်န၀ါရီ ၁၈ တွင် မဇ္ဈိမကို ပြောသည်။

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ ခုတင်တစ်ထောင် ဆေးရုံတွင် အမျိုးသမီးငယ်တစ်ဦး ရောက်ရှိနေ သည်ဟု အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၏ အကြောင်းကြားချက်အရ လူကုန်ကူးမှု တားဆီနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့စု(နေပြည်တော်)က သွားရောက်တွေ့ဆုံခဲ့ရာမှတစ်ဆင့် အတင်းအဓမ္မစေခိုင်းသူကိုသိရှိ ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးသည် မိသားစု စီးပွားရေး အဆင်မပြေခြင်း၊ ပထွေး၏ ဆဲဆိုရိုက်နှက်ခြင်းတို့ကြောင့် ၂၀၁၃ ခုနှစ် သင်္ကြန်မတိုင်ခင်က ပဲခူးတိုင်းရှိနေအိမ်မှ နေပြည် တော်သို့ ကုန်တင်ကားဖြင့်လိုက်ပါထွက်ပြေးခဲ့ရာ နေခြည်အေးဆိုသူအမျိုးသမီးတစ်ဦးနှင့် တွေ့ရှိပြီး လိုက်ပါသွားခဲ့သည်။

ထို့နောက် တစ်လခန့်အကြာတွင် ပြည့်တန်ဆာလုပ်ရန်အတွက် ကားတစ်စီးပေါ်သို့ ထည့်ပေးလိုက်ပြီး နောက်ပိုင်းနေပြည်တော် သပြေကုန်း၊ ညဈေးတန်းတွင်နေထိုင်ရကာ ဆိုင်ကယ်ဖြင့် ခေါ်ဆောင်ရာနေရာ များသို့ နေခြည်အေးက ထည့်ပေးတတ်သည်ဟု အမျိုးသမီးငယ်က လူကုန်ကူးအဖွဲ့ကို ပြောပြသည်။

ပဲခူးတိုင်းဒေသကြီးမှ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ ဘ၀ရပ်တည်ရန် ခက်ခဲသည့်အခြေ အနေကို အလွဲသုံးစားပြု၍ နေအိမ်တွင်ထားရှိကာ ပြည့်တန်ဆာအဖြစ် ခိုင်းစေသူအား ၂၀၁၄ခုနှစ် ဇန်န ၀ါရီလ ၁၈ ရက်တွင် နေပြည်တော် ကောင်စီ၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁) မြို့မရဲစခန်းမှ လူကုန်ကူးမှု ဖြင့် အရေးယူထားကြောင်း နေပြည်တော် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သတင်းပေး ပို့ချက်ရ သိရသည်။

အမျိုးသမီးငယ်သည် ပြည့်တန်ဆာ မလုပ်ချင်ကြောင်း အကြိမ်ကြိမ်ငြင်းဆိုသော်လည်း နေခြည်အေးက အတင်းအဓမ္မလုပ်ခိုင်းစေခဲ့ပြီး နောက်ဆုံးတွင် ပရုတ်လုံးကြီး နှစ်လုံးကို ကြိတ်ကာ ရေဖြင့်သောက်ခဲ့ကာ သန္ဓေတားဆေးကိုပါ သောက်ခဲ့သည့်အတွက် လေးရက်ခန့်မေ့မြောနေရာမှ ဇန်န၀ါရီ ၁၇ ရက်တွင်မှ ဆေးရုံပေါ်တွင်ပြန်လည်သတိရလာခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အမျိုးသမီးငယ်ကို အတင်းအဓမ္မပြည့်တန်ဆာအဖြစ် စေခိုင်းသူ မနေခြည်အေး၊ (၂၇)နှစ်၊ ပန်းလှိုင်(၂)လမ်း၊ သာယာကုန်းကွက်သစ်၊ ဇမ္ဗူသီရိမြို့နယ် နေသူအား ဥပဒေအရ အရေးယူပေးရန် တိုင်တန်းသဖြင့် ဇန်န၀ါရီလ ၁၈ ရက်တွင် အမှတ်(၁)မြို့မရဲစခန်းမှ (ပ) ၁၁/၂၀၁၄၊ လူကုန်ကူးမှုတား ဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။

လူကုန်ကူးခံရသူ အမျိုးသမီးငယ် ကျန်းမာရေးကောင်းမွန်လာပါက ၎င်း၏မိဘများထံ တာဝန်ရှိသူများမှ ပြန်လည်အပ်နှံပေးသွားမည်ဖြစ်သည်။

ရဲလင်းထွဋ်
Mizzima Burmese

Wednesday, January 22, 2014

ကလေးသူငယ် အဓိက အခွင့်အရေးများ အပြည့်အ၀ရရှိခံစားစေရန် ဖော်ဆောင်လျက်

နေပြည်တော် ဇန်န၀ါရီ (၂၁)ရက်
မြန်မာနိုင်ငံသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် (United Nations Convention on the Right of the Child)အဖွဲ့ဝင်နိုင်ငံဖြစ်သည့် အားလျှော်စွာကလေး သူငယ်များအတွက် အဓိကအခွင့်အရေး (၄) ရပ်ဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ အကာအကွယ်ရရှိခွင့် နှင့် ပါဝင်ဆောင်ရွက်ခွင့်တို့ကို အပြည့်အ၀ ခံစားနိုင်စေရန် အကောင်အထည်ဖော်ခြင်း ၊စောင့်ကြည့်ကြီးကြပ်ခြင်း နှင့် အစီရင်ခံတင်ပြခြင်း လုပ်ငန်း(၃)ရပ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဌ၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၀န်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်က ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ (၁/၂၀၁၄) အစည်းအဝေး ၌ ပြောကြားခဲ့သည်။
ထို့ပြင်မြန်မာနိုင်ငံတ၀ှမ်းလုံးရှိ ကလေးသူငယ်များ၏အကောင်းဆုးံအကျိုးစီးပွားကို ဖော်ဆောင်နိုင်ရန်အတွက် ကလေးသူငယ်ဥပဒေ ၁၉၉၃ကို ပြန်လည်ပြင်ဆင်ရေးဆွဲလျက်ရှိပါကြောင်း ယင်းအပြင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေနှင့် မြန်မာနိုင်ငံ ရှေးဦးကလေး သူငယ်ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒကိုမကြာမီအတည်ပြု ပြဌာန်းနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားလုပ်ငန်းစဉ် (၂၀၀၆-၂၀၁၅)အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ရှေးဦးကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဘက်စုံ ဖွံ့ဖြိုးမှုဆိုင်ရာ ပင်မအထောက်အကူပြု ဗဟိုဌာနကို စံနမူနာအဖြစ် ရန်ကုန်မြို့တွင် ဖွင့်လှစ်နိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း။
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် အကောင်အထည်ဆောင်ရွက်မှု အနေဖြင့် ပဉ္စမအကြိမ်အစီရင်ခံစာကို ၂၀၁၇ ခုနှစ်တွင် တင်သွင်းနိုင်ရေးကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ တားဆီးကာကွယ်ထိန်းသိမ်းရေးလုပ်ငန်း စီမံချက်ကို ၂၀၁၂ ခုနှစ်တွင် လက်မှတ်ရေးထိုးပြီးနောက် ယနေ့အချိန်အထိ အသက်မပြည့်သေးသည့် ကလေး သူငယ်စုစုပေါင်း ၈၈၃ဦးအား မိဘရပ်ထံ ပြန်လည်စေလွှတ်ပေးခဲ့ပါကြောင်း ၊ ယင်းအပြင် မိုင်းအန္တရာယ်ပညာပေးရေးအမျိုးသားအဆင့် လုပ်ငန်းအစီအစဉ်တစ်ရပ် ပေါ်ပေါက်ရေးအတွက်လည်း ကြိုးပမ်းအကောင် အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ပြောကြားသွားခဲ့ပါသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုသားကော်မတီ အကောင်အထည်ဖော် ဆောင်ရွက်မှုနေမှုနှင့် ရှေ့လုပ်ငန်းစဉ်များကို လည်းကောင်း၊ ကော်မတီဝင်များက မိမိတို့ ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ဒုတိယ၀န်ကြီးများ ၊ ပြည်နယ်တိုင်းဒေသကြီးများမှ လူမှုရေးဝန်ကြီးများနှင့် တာဝန်ရှိသူများက ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ(၁/၂၀၁၄) အစည်းအဝေးသို့ ယနေ့မွန်းလွဲ၁နာရီတွင် အဆိုပါ ၀န်ကြီးရုံးအစည်းအဝေးခန်းမ၌်ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် တက်ရောက်အမှာစကား ပြောကြားရာတွင် မြန်မာအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် စီမံကိန်း(၂၀၁၃-၂၀၂၂) ကို အောင်မြင်စွာရေးဆွဲပြီးဖြစ်၍ ၂၀၁၃ ခုနှစ် အောက်တိုဘာလက ဖြန့််ဝေနိုင်ခဲ့ပါကြောင်း။
အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် အကောင်အထည်ဖော် ဆောင်ရွက်မှု အနေဖြင့် စတုတ္ထ နှင့် ပဉ္စမအကြိမ် ပူးတွဲအစီရင်ခံစာကို ၂၀၁၄ ခုနှစ်သြဂုတ်လ တွင် တင်သွင်းမှာဖြစ်ကြောင်း ၊ အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေး ဥပဒေမူကြမ်းတစ်ရပ် ပြဌာန်းနိုင်ရေး အတွက်ဦးစီးကော်မတီ၊ အကြံပေးကော်မတီ နှင့် လုပ်ငန်းကော်မတီ သုံးရပ်ကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း။
ပြောင်းလဲလာသော ခေတ်သစ်စနစ်သစ်နှင့်အညီ နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော်ရှိသည့် မြန်မာအမျိုးသမီးများနှင့် မိန်းကလေးများ၏ လူမှုစီးပွားဘ၀ မြင့်မားတိုးတက်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီဝင်များအနေဖြင့် ကျရာကဏ္ဍမှ ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ခဲ့သည့် အမျိုးသမီး ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း များအတွက်အားသာချက် ၊ အားနည်းချက်များကို ပြန်လည်သုံးသပ် ပြီး ၂၀၁၄ ခုနှစ်အတွက် ရှေ့လုပ်ငန်းစဉ်များ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် ပြောကြားခဲ့သည်။
ယနေ့ကျင်းပသော အဆိုပါအစည်းအဝေးသို့ ပြည့်သူ့လွှတ်တော်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဌ အမျိုးသားလွှတ်တော် အမျိုးသမီးကလေးသူငယ်ဆိုင်ရာ ကော်မတီဥက္ကဌ ၊ ဒုတိယ၀န်ကြီးများ၊ ကလေးသူငယ် အခွင့်ရေးများဆိုင်ရာ အမျိုးသားကော်မတီဝင်များ ၊ ပြည်နယ်/တိုင်း ဒေသကြီးများမှ လူမှုရေးဝန်ကြီးများ ၊ အထူးဖိတ်ကြားထားသော မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်ဘ၀ မြှင့်တင်ရေးအသင်း၊ အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာ ဆပ်ကော်မတီဥက္ကဌများ ၊ ဧည့်သည်တော်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ ၊ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

ဘ၀ရပ်တည်ရန်ခက်ခဲသည့်အခြေအနေကို အလွဲသုံးစားပြု၍ ပြည့်တန်ဆာအဖြစ်စေခိုင်း


ပဲခူးတိုင်းဒေသကြီး မှ အသက် ၁၇နှစ်အရွယ်အမျိုးသမီးတစ်ဦး၏ ဘ၀ရပ်တည်ရန် ခက်ခဲသည့်အခြေအနေကို အလွဲသုံးစားပြု၍ နေအိမ်တွင်ထားရှိကာ  ပြည့်တန်ဆာအဖြစ်ခိုင်းစေသူအား ၂၀၁၄ခုနှစ်ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁) မြို့မရဲစခန်းမှ လူကုန်ကူးမှုဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။
 
နေပြည်တော်၊ ဇမ္ဗူသီရီမြို့နယ်၊ ကုတင်(၁၀၀၀)ဆေးရုံတွင်အဆိပ်သောက်၍ အမျိုးသမီးငယ် တစ်ဦးရောက်ရှိ ဆေးကုသခံယူလျက်ရှိကြောင်းနှင့် အဆိုပါအမျိုးသမီးငယ်မှာ လူကုန်ကူးခံရဖွယ်ရှိ ကြောင်း ဇမ္ဗူသီရိမြို့နယ်၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ၏ အကြောင်းကြားချက်အရ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(နေပြည်တော်) မှ  သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်။
 
ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး မှ အသက် ၁၇နှစ်အရွယ်အမျိုးသမီးတစ်ဦးသည် မိသားစု စီးပွားရေး အဆင်မပြေခြင်း၊ ပထွေး၏ဆဲဆိုခြင်း၊ ရိုက်နှက်ခြင်းတို့ကြောင့် လွန်ခဲ့သောနှစ်သင်္ကြန် မတိုင်ခင်က နေအိမ်မှ ထွက်ပြေးလာခဲ့ကြောင်း၊ ကုန်တင်ကားဖြင့် လိုက်ပါစီးနင်းလာခဲ့ရာ နေပြည်တော်သို့ ရောက်ရှိလာပြီးနေရာမမှတ်မိတွင် ၄င်းအားကားပေါ်မှ ချထားခဲ့ကြောင်း၊ မည်သည့်နေရာသို့ သွားရမှန်းမသိ ဖြစ်နေစဉ် နေခြည်အေး ဆိုသူအမျိုးသမီးနှင့်တွေ့ရှိပြီး နေခြည်အေးမှ အိမ်တစ်အိမ်သို့ ခေါ်ဆောင်သွားကြောင်း၊ တစ်လခန့်အကြာ တွင်  နေခြည်အေးမှ ၄င်းအား ကားတစ်စီးပေါ်သို့ ပြည့်တန်ဆာ အဖြစ်လုပ်ကိုင်ရန်ထည့်ပေးလိုက်ကြောင်း၊ နောက်ပိုင်းတွင် ညတိုင်းသပြေကုန်း ညဈေးတန်း၌ထားရှိပြီး ပြည့်တန်ဆာ အဖြစ်ခေါ်ဆောင်သည့်နေရာများသို့ ဆိုင်ကယ် ကယ်ရီဖြင့် နေခြည်အေး မှ ထည့်ပေးကြောင်း၊ ရရှိသည့်ငွေကြေးကို နေခြည်အေး ရယူကြောင်း၊ မလုပ်ချင်၍ငြင်းဆန်ပါက နေခြည်အေး မှ ရိုက်နှက်ကြောင်း၊ ထွက်ပြေးချင်သော်လည်း ပြန်စရာလမ်းစရိတ်မရှိ၊ အိမ်သို့ပြန်ရန် မိသားစုအိမ်တွင်းရေး အခက်အခဲရှိသဖြင့်နေခြည်အေး စေ ခိုင်းသဖြင့် လုပ်ကိုင်ခဲ့ရကြောင်း၊ ၄င်းမှငွေကြေးရလို၍ မဟုတ်ဘဲ နေခြည်အေးအား မလွန်ဆန်နိုင်သဖြင့်သာ ပြည့်တန်ဆာအလုပ်ကို လုပ်ကိုင်ရခြင်း ဖြစ်ကြောင်း၊ ပြည့်တန်ဆာ အလုပ်ကို မလုပ်ချင်ကြောင်း အကြိမ်ကြိမ်ငြင်း ဆိုသော်လည်း ပြောမရသဖြင့် ပရုပ်လုံးကြီး (၂)လုံးအားကြိတ်ကာ ရေဖြင့်သောက်ခဲ့ကြောင်း၊ ထိုပြင် ကိုယ်ဝန်မရှိအောင်သောက်သည့် သန္ဒေတားဆေး တစ်ကဒ်လုံး ပါ သောက်ခဲ့ကြောင်း၊ (၄)ရက်ခန့် သတိမေ့မြောနေရာမှ ဇန်န၀ါရီလ ၁၇ ရက်နေ့တွင် သတိရလာသော်လည်းအခါ ဆေးရုံသို့ ရောက်ရှိနေသည်ကို သိရှိရကြောင်းကို တွေ့ဆုံမေးမြန်း ချက်များအရ သိရှိရသည်။
 
စီးပွားရေးအဆင်မပြေခြင်း၊ မိသားစုအိမ်တွင်းရေးအဆင်မပြေခြင်း စသည့် ဘ၀ရပ်တည်ရန် ခက်ခဲသည့် အခြေအနေကို အလွဲသုံးစားပြု၍ နေအိမ်တွင်ထားရှိကာ ပြည့်တန်ဆာအဖြစ်စေ ခိုင်းပြီး ငွေကြေးအကျိုးအမြတ်ရယူသူ နေခြည်အေး၊ (၂၇)နှစ်၊ (ဘ)ဦးတင်အေး၊ ပန်းလှိုင်(၂)လမ်း၊  သာယာ ကုန်းကွက်သစ်၊ ဇမ္ဗူသီရိမြို့နယ် နေသူအား ဥပဒေအရအရေးယူပေးရန် တပ်ဖွဲ့စု(နေပြည်တော်)မှ  တရားလိုပြုလုပ်တန်းသဖြင့် ဇန်န၀ါရီလ ၁၈ ရက်နေ့ ၁၄၃၅ အချိန်တွင် အမှတ်(၁)မြို့မရဲစခန်းမှ (ပ) ၁၁/၂၀၁၄၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်ကာ တရားခံအား ဖမ်းဆီးစစ် ဆေးလျက်ရှိသည်။
 
လူကုန်ကူးခံရသူ အမျိုးသမီးငယ် ကျန်းမာရေးကောင်းမွန်လာပါက  ၄င်း၏မိဘများထံ တာဝန်ရှိသူများမှ ပြန်လည်အပ်နှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
ဒုရဲမှူး မင်းနိုင်(လူကုန်တား)
 

Sunday, January 19, 2014

လူကုန်ကူးမှု ပုံစံများ ပြောင်းလဲ ကျူးလွန်လာ၊ ကျူးလွန်သူအများစုက အမျိုးသမီးများဖြစ်နေ

မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော လူကုန်ကူးမှုပုံစံများ ပြောင်းလဲလာသည်ကိုတွေ့ရှိရပြီး  လူကုန်ကူးမှုများကို ကျူးလွန်နေသူများအများစုမှာ အမျိုးသမီးများဖြစ်ကြပြီးစုစုပေါင်း ၆၅ % ထိရှိနေကြောင်း သိရှိရသည်။

ထိုကြောင့် လူကုန်ကူးမှု ကာကွယ်တားဆီးရေး ဒုတိယငါးနှစ်စီမံကိန်းအတွက်
ကာကွယ်တာဆီးရေးဆိုင်ရာနည်းဗျူဟာ
များ ချမှတ်အကောင်အထည်ဖော်လျှက်ရှိသည်ဟုလူကုန်ကူးမှုကာကွယ်တာဆီးရေးအဖွဲ့ ဥက္ကဌ ကရင်ပြည်နယ်အစိုးရအတွင်းရေးမှုးဦးမျိုးအောင်ဌေးက ပြောသည်။

၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက် ကရင်ပြည်နယ် ဖားအံမြို့ ဇွဲကပင်ခန်းမ၌ပြုလုပ်သောလူကုန်ကူမှုတိုက်ဖြတ်ရေးနေ့တွင် ယခုလိုပြောကြားခဲ့ခြင်းဖြစ်သည်။

"မိမိတို့ဒေသအတွင်းမှာရှိတဲ့ လူကုန်ကူးမှုပုံစံတွေက
ပြောင်းလဲတာကိုတွေ့ရပါတယ်။ ဒါကြောင့် ဒုတိယငါးနှစ်စီမံကိန်းနဲ့
ကာကွယ်တာဆီးရေး နည်းဗျူဟာများ ချမှတ် အကောင်အထည်ဖော်ဖို့ ရှိပါတယ်။" ဟု
ကရင်ပြည်နယ်အစိုးရအတွင်းရေးမှုး ဦးမျိုးအောင်ဌေးက ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံရှိမြို့ပေါင်း ၃၃၀ ရှိသည့်အနက် ၁၁၉ မြို့နယ်တွင်လူကုန်ကူးမှုများဖြစ်ပွားလျှက်ရှိနေပြီး ရန်ကုန်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ အရှေ့ပိုင်း ၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့မှာ အများဆုံးဖြစ်ပွားနေကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် လူကုန်ကူးမှုကာကွယ်တားဆီးရေးဥပဒေကို ၂၀၀၅ စက်တင်ဘာလတွင်ပြဌာန်းခဲ့ပြီး ၂၀၀၆ ခုနှစ်၌ ပြည်နယ်နှင့်တိုင်းအလိုက်လူကုန်ကူးမှုဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့များ ဖွဲ့စည်း၍ ၅ နှစ်စီမံကိန်းရေးဆွဲကာ လုပ်ငန်းစဉ်များကို အကောင်းအထည်ဖော်ခဲ့ကြောင်း သိရသည်။
 
"ကရင်ပြည်နယ်အနေနဲ့ ၂၀၀၆ ခုနှစ် ဇန်န၀ါရီလက စပြီး အမျိုးသား ၁၁၆ ဦးအမျိုးသမီး ၂၈၈ဦး ကလေး ၂၄ ဦး စုစုပေါင်း ၄၂၈ ဦး တို့ကို ပြန်လည်လက်ခံခဲ့ပြီးဖြစ်ပါတယ်။ လူကုန်ကူးမှုနဲ့ပတ်သတ်ပြီး ၂၀၀၆ ခုနှစ် ကနေ
အခုချိန်ထိ လူကုန်ကူးမှု ၂၄ မှု ၊ လူမှောင်ခိုမှု ၅၈ မှု၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေးဥပဒေနဲ့ ၇ မှု တို့နဲ့ လူပေါင်း ၁၆၃ ဦးကို
အရေးယူနိုင်ခဲ့ပါတယ်။" ဟု ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းကပြောသည်။

လူကုန်ကူးခြင်းခံရသူ အမျိုးသား ၁၈၃ ဦးနှင့် အမျိုးသမီး ၁၆၉ ဦးတို့အားလူကုန်ကူးသူများလက်မှ တာဝန်ရှိသူများက ကယ်တင်စောင့်ရှောက်နိုင်ခဲ့သည်ဟု၎င်းကဆက်၍ ပြောသည်။

"၂၀၀၅ လူကုန်ကူးမှု ကာကွယ်တားဆီးရေး ဥပဒေအရ မည်သူကိုမဆို အခန်း ၉ ပုဒ်မ၂၄ ကနေ့ ၃၃ ထိပြဌာန်းထား ပါတယ်။ ကျူးလွန်နေသူတွေကို အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်ကနေ တစ်သက်တစ်ကျွန်းထိ ထောင်ဒဏ်အပြင် ငွေဒဏ်ကိုပါ ချမှတ်လို့ရပါတယ်။" ဟု ဥပဒေချုပ်ရုံး ဒု-ညွန်ကြားရေးမှူး ဦးဌေးအောင်က ပြောသည်။
၂၀၀၄ ခုနှစ်တွင် မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂလူကုန်ကူးမှုတိုက်ဖြတ်ရေးဆိုင်ရာ ကွန်ဗန်းရှင်း
အဖွဲ့ဝင်အဖြစ်စ တင်ဝင်ရောက်ခဲ့သည်။

ကမ္ဘာပေါ်တွင် လူပေါင်း ၂၆ သန်းကျော် ခေတ်သစ်ကျေးကျွန်ဘ၀ရောက်ရှိနေရပြီးနှစ်စဉ် လူပေါင်း ၁.၅ သန်းကျော်နှင့် အာရှတိုက်အတွင်း၌ လူပေါင်း ၉သန်းကျော်တို့မှာ လူကုန်ကူးခြင်းခံနေရသည်ဟု ကုလသမဂ္ဂလူကုန်ကူးမှုတိုက်ဖြတ်ရေး ဒေသဆိုင်ရာရုံး၏ ထုတ်ပြန်ချက်များအရ သိရသည်။

Ref : မြစ်မခ

ကလေးစစ်သား ၉၆ ယောက်ကို မိဘတွေထံ လွှဲပြောင်းအပ်နှံ


child-soldier-305.jpg
ရန်ကုန်မြို့မှာ ဇန်နဝါရီလ ၁၈ ရက်နေ့ကကျင်းပတဲ့ ကလေးစစ်သားများကို အုပ်ထိန်းသူထံ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို တွေ့ရစဉ်
photo: RFA/ Thiha Tun 


မြန်မာ့တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အရွယ်မရောက်သေးတဲ့ ကလေးစစ်သား ၉၆ ယောက်ကို ဒီနေ့ အခမ်းအနားကျင်းပပြီး တာဝန်ကနေ နှုတ်ထွက်ခွင့်ပြုလိုက်ပြီး မိဘတွေထံ ပြန်လည်အပ်နှံလိုက်ပါတယ်။

ဒီနေ့အခမ်းအနားဟာ ၅ ကြိမ်မြောက်ဖြစ်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး( ကြည်း)၊ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ UNICEF နဲ့ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်များအား စစ်မူထမ်းခြင်းမှာ ကာကွယ်ထိန်းသိမ်းရေး ကော်မတီ CTFMR  တို့ ပူးပေါင်းကျင်းပတာ ဖြစ်ပါတယ်။
ဒီနေ့အခမ်းအနားမှာ ကာကွယ်ရေးဦးစီးချုပ်ရုံး တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်သန်းစိုးက အသက် ၁၈ နှစ်မပြည့်သေးတဲ့ အရွယ်မရောက်သေးတဲ့ ကလေးသူငယ် စစ်မှုထမ်းတွေကို နှုတ်ထွက်ခွင့်ပြုဖို့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်သလို ဒီနေ့နှုတ်ထွက်ခွင့်ပြုပြီးတဲ့ ကလေးတွေကို လူမူဝန်ထမ်းဦးစီးဋ္ဌာနလက်အောက်က ယာယီစောင့်ရှောက်ရေးစခန်းတွေကို ပို့ဆောင်းပေးမှာဖြစ်ကြောင်း အခုလိုပြောပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၁၂ ခုနှစ် ဇွန်လ ၂၇ ရက်နေ့က ကလေးသူငယ်များအား စစ်မူထမ်းခြင်းမှ ကာကွယ်တားဆီးရေး လုပ်ငန်းစီမံချက်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီသဘောတူ လက်မှတ်ရေးထိုးပြီးနောက် အသက် ၁၈ နှစ်မပြည့်သေးတဲ့ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်စစ်မူထမ်း ၂၇၂ ဦးကို လွှတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

ဒီနေ့အခမ်းအနားကို ကာကွယ်ရေးဝန်ကြီးဋ္ဌာန၊ ပြည်ထဲရေးဝန်ကြီးဋ္ဌာန၊ လူမူဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာနက တာဝန်ရှိသူတွေ၊ ကုလသမဂ္ဂ ဋ္ဌာနေကိုယ်စားလှယ်နဲ့ လူသားချင်း စာနာမူဆိုင်ရာ ညှိနှိုင်းရေးမှုး Mrs. Renata Lok Desallien၊ ကုလသမဂ္ဂက တာဝန်ရှိသူတွေနဲ့ ကလေးစစ်သားတွေရဲ့ မိဘဆွေမျိုးတွေ တက်ရောက်ကြပါတယ်။

Ref : RFA

Thursday, January 16, 2014

ငွေကြေးမပြေလည်မှုကိုအခွင့်ကောင်းယူ၍ တရုတ်မယားအဖြစ်ရောင်းစား


ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့၊ ---- ရပ်ကွက် မှ မ---(၃၀)နှစ် အား တရုတ်နိုင်ငံတွင် သစ်ခွခြံ၌ အလုပ်လုပ်ရမည်ဟု စည်းရုံးခေါ်ဆောင်ကာ တရုတ်အမျိုးသားနှင့် လက်ထပ်ရန် ရောင်းစားခဲ့သူ တစ်ဦး အား ၂၀၁၄ခုနှစ်ဇန်န၀ါရီလ ၈ ရက်နေ့တွင် မူဆယ်မြို့မရဲစခန်းမှ လူကုန်ကူးမှုဖြင့် အရေးယူထား ကြောင်း သတင်းရရှိသည်။
 
ဖြစ်စဉ်မှာ  ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့၊ ---- ရပ်ကွက် မှ မ---- သည် ၂၀၁၃ခုနှစ် ဇွန်လ(ရက်မမှတ်မိ)တွင် နမ့်ဆန်မြို့မှ လားရှိုးမြို့သို့ ဆေးခန်းပြသရန်လာစဉ်  ကားဂိတ်၌ နမ့်ဆန်မြို့၊ မန်လွယ်ရွာနေ မခင်သန်းမြင့်(၂၈)နှစ်၊ (ဘ)ဦးအိုက်လှ နှင့် တွေ့ဆုံခဲ့ကြောင်း၊ လားရှိုးမြို့ရှိ တည်းခိုခန်း၌ အတူတည်းခိုစဉ် တရုတ်နိုင်ငံတွင် အလုပ်ကောင်းကြောင်း၊ သစ်ခွခြံတွင်လုပ် ရမည်၊ တရက်လျှင် တရုတ်ငွေယွမ်(၅၀)မှ(၁၀၀)အထိရမည်ဟုမခင်သန်းမြင့်မှစည်းရုံးပြောဆိုသဖြင့်လိုက်ပါသွားခဲ့ကြောင်း၊ တရုတ်နိုင်ငံ၊ ၀မ်တိမ်းမြို့အနီးရှိ ပလောင်ရွာသို့ ခေါ်ဆောင်သွားပြီး ၄င်းအိမ်တွင် (၅)ရက်ခန့် နေထိုင် စဉ် တရုတ်ယောက်ျား(၃)ဦးနှင့်ပြသခဲ့ကြောင်း၊ တရုတ်ယောက်ျားမယူလိုကြောင်း ငြင်းဆို သော်လည်း တရုတ်ယောက်ျားယူမှ ငွေကြေးအဆင်ပြေမည်၊ HIV ရောဂါကုသ၍ရမည်ဟုအတင်းအကြပ် ပြောဆို သဖြင့် သဘောတူခဲ့ရာ ပလောင်ရွာနေ တရုတ်လူမျိုး စိုင်းဆမ်မှ ပေါက်စန်းမြို့၊ တာထဲင်းပန်ရွာသို့ ခေါ်ဆောင်သွားပြီး အားချောင်(အသက်၃၀နှစ်ခန့်ရှိသူ)ထံ တရုတ်ငွေ ယွမ်(၃၆ ၀၀၀) ဖြင့် ရောင်းစား ခဲ့ရာ မခင်သန်းမြင့်မှ ယွမ်(၂ ၀၀၀)ရရှိခဲ့ကြောင်း၊ အားချောင်နှင့်(၆)လခန့် ပေါင်းသင်းခဲ့ရာ ကိုယ်ဝန် (၃)လ ရရှိချိန် မ--- တွင် HIV ရောဂါရှိသည်ကို  သိရှိသွားပြီး ဆက်လက်မပေါင်းသင်းတော့ဘဲ မခင်သန်းမြင့်ထံ ပြန်ပို့ခဲ့ကြောင်း၊ မခင်သန်းမြင့်မှ အမျိုးသမီးငယ်များအား စည်းရုံးခေါ် ဆောင်လာရန် နှင့် အမျိုးသမီးတစ်ယောက်ခေါ်ဆောင်လာပါက ရောင်းရငွေမှ တစ်ဝက်ပြန်ပေးမည် ဟု ပြောပြီး မြန်မာနိုင်ငံ၊ လားရှိုးမြို့သို့ မ--- အား ပြန်လည်စေလွှတ်ခဲ့ကြောင်း၊ ထို့နောက်လားရှိုးလူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုရုံးသို့ သွားရောက်တိုင်ကြားခဲ့ကြောင်း၊ လားရှိုးတပ်ဖွဲ့စုမှူးရုံးမှတစ်ဆင့်  မူဆယ်တပ်ဖွဲ့စုမှူးရုံးသို့လွှဲပြောင်းပေးသဖြင့်တွေ့ကြုံခဲ့ရသည့်ဖြစ်စဉ်အား အထက်ပါအတိုင်း ပြောကြားခဲ့ကြောင်းသိရှိရသည်။
 
ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့၊ ---ရပ်ကွက်မှ မ--- အား တရုတ်နိုင်ငံတွင် သစ်ခွခြံ၌ အလုပ် လုပ်ရ မည်ဟု စည်းရုံးခေါ်ဆောင်ကာ တရုတ်အမျိုးသားနှင့် လက်ထပ်ရန် ရောင်းစားခဲ့သူ မခင်သန်းမြင့် အပေါ် အရေးယူပေးရန် မူဆယ်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုမှ တရားလိုပြုလုပ်တိုင်တန်းရာ မူဆယ် မြို့မရဲစခန်း(ပ)၁၂/၂၀၁၄၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရှိရသည်။
 
တရာခံ မခင်သန်းမြင့် အား ဖမ်းဆီးရမိရေး မူဆယ်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုသည် ရွှေလီ နယ်စပ်ဆက်ဆံရေး(BLO)ရုံးနှင့်ပူးပေါင်၍ တရုတ်နိုင်ငံ၊ ၀မ်တိမ်မြို့၊ ဟွေဟွမ် ရွာသို့ ၀င်ရောက်ရှာဖွေရာ မတွေ့ရှိသဖြင့် မခင်သန်းမြင့်၏တရုတ်လက်ကိုင်ဖုန်းသို့ ဆက်သွယ်ပြီး  မ--- (ယခုလူကုန်ကူးခံရသူ)သည် ၀မ်တိမ်နယ်စပ်ပေါင်တွင် အမျိုးသမီးတစ်ဦးနှင့်အတူ ရောက်ရှိနေကြောင်း အသွင်ယူဆက်သွယ်ပြောဆိုခဲ့ရာ မှ တရာခံ မခင်သန်းမြင့် အား ဖမ်းဆီး ရမိခဲ့သည်။
 
လူကုန်ကူးခံရသူ မ---- အား မူဆယ်မြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လူကုန်ကူးခံရသူများ စောင့်ရှောက်ရေးဂေဟာတွင် ခေတ္တထားရှိကြောင်း သတင်းရရှိသည်။
 
ဒုရဲမှူး မင်းနိုင်(လူကုန်တား)
 

မူဆယ် မြို့မရဲစခန်း(ပ)၁၂/၂၀၁၄၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အမှုမှ တရားခံ ခင်သန်းမြင့်၏ပုံ

Wednesday, January 15, 2014

တလ တကြိမ်ပုံမှန်လုပ်တဲ့ (Women Talk) အစီအစဉ်



ပုံမှန်ပြုလုပ်လေ့ရှိသော မြန်မာရွှေ့ပြောင်း အမျိုးသမီးများနှင့်အတူ ဆွေးနွေးပြုလုပ်လေ့ရှိသည့် (Women Talk) အစီအစဉ်အား ၁၄.၁.၂၀၁၄ အင်္ဂါနေ့တွင် တာ့ခ်ခရိုင်၊ မဲဆောက်မြို့ ဟိုဖိုင်ရွာမှာ ပြုလုပ်ခဲ့ပါသည်။

ယင်းအမျိုးသမီးဆွေးနွေးပွဲကို Social Action for Women (အမျိုးသမီးများအတွက် လူမှုစောင့်ရှောက်ရေးအဖွဲ့) အနေနဲ့ ၂၀၀၅ ခုနှစ်မှစတင်ပြီး အဆက်မပြတ်လုပ်ဆောင်လာခဲ့သည်။ အမျိုးသမီးများနှင့် သက်ဆိုင်သော ကျန်းမာရေးအကြောင်းအရာများ၊ အမျိုးသမီးအခွင့်အရေးများ၊ ကျား မ တန်းတူညီမျှမှုရှိရေး၊ ရွှေပြောင်းအမျိုးသမီးများ ရင်ဆိုင်နေရသော

အခတ်အခဲများစသည့် အမျိုးသမီးနှင့်ပတ်သက်သည့် အကြောင်းအရာများကို ဦးတည်ပြီး ဆွေးနွေးခဲ့ခြင်းဖြစ်ပေသည်။

ယခုဆွေးနွေးပွဲတွင်လည်း SAW အဖွဲ့မှ ကျန်းမာရေးသင်တန်းပေးသူ မဆုမြတ်ဝင်း မှ မိသားစုစီမံကိန်း ခေါင်းစဉ်ဖြင့် မိသားစုစီမံကိန်းအတွင်းပါဝင်သော သန္ဓေတားဆေး နည်းအမျိုးမျိုး သုံးစွဲခြင်းဖြင့် ရရှိလာနိုင်သည့် ကောင်းကျိုး၊ဆိုးကျိုးများနှင့် စနစ်တကျ သုံးစွဲပုံသုံးစွဲနည်းများ၊ အခြားမိသားစုစီမံကိန်းနှင့် ပတ်သတ်သည့် ကျန်းမာရေးဗဟုသုတ အကြောင်းအရာများကိုလည်း အမျိုးသမီးစကားဝိုင်းအတွင်းတွင် ဦးဆောင်ဆွေးနွေးမှု ပြုလုပ်ခဲ့ပါသည်။ ဟိုဖိုင်ရွာ အမျိုးသမီးစကားဝိုင်းကို အမျိုးသမီး ၃၃ ယောက် စိတ်ပါဝင်စားစွာ တက်ရောက်ဆွေးနွေး ပါဝင်ခဲ့သည်။

၂၀၁၃ ခုနှစ် အတွင်း တရုတ်နိုင်ငံသို့ ရှမ်းပြည်နယ်မှ လူကုန်ကူးမှု အများဆုံးခံရ

Sunday, January 12, 2014

Eleven Media Group

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ လူကုန်ကူးမှုအများဆုံးဖြစ်ပွားခဲ့ကာ ရှမ်းပြည်နယ်မှ လူကုန်ကူးမှု အများဆုံးခံရကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

အဆိုပါနှစ်တွင် လူကုန်ကူးခံရမှု ၁၀၂ မှု ဖြစ်ပွားခဲ့ပြီး ရှမ်းပြည်နယ်မှ လူကုန်ကူးခံရမှု ၄၀ မှုဖြင့် အများဆုံးလူကုန်ကူးခံရပြီး ဒုတိယအများဆုံးမှာ ၁၈ မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးမှ လူကုန်ကူးခံခဲ့ရကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲအရာ ရှိကြီးတစ်ဦးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

“ပြီးခဲ့တဲ့နှစ်အတွင်းမှာ လူကုန်ကူးမှု ၁၀၂ မှု ဖြစ်ပွားခဲ့တယ်။ လူကုန်ကူးခံခဲ့ရသူ ၂၅၆ ဦး ရှိတယ်။ အများဆုံး လူကုန်ကူးခံရတော့ တရုတ်နိုင်ငံဖြစ်တယ်။ ပြည်နယ်နဲ့တိုင်းတွေမှာလည်း ရဲတပ်ဖွဲ့တွေရှိတယ်။ နယ်စပ်ဒေသတွေမှာ အချိန်ပြည့်စောင့်ကြည့်နေတယ်။
လူကုန်ကူးမှုတိုက်ဖျက်ရေးကို အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်နေတယ်” ဟု လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးတစ်ဦးက ဆက်လက်ပြောကြားသည်။

တရုတ်နိုင်ငံသို့ လူကုန်ကူးခံရသည့်သူအများစုမှာ အမျိုးသမီးများဖြစ်ကြပြီး တရုတ်အမျိုးသား၏ အတင်းအဓမ္မလက်ထပ်ခြင်းမျိုးကို ခံရကြောင်းသိရပြီး ဆက်လက်၍ ထိုင်းနိုင်ငံသို့ ဒုတိယအများဆုံးဖြင့် လူကုန်ကူးမှုဖြစ်ပွားကာ အများစုမှာ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခံရခြင်းနှင့် ပြည့်တန်အဖြစ်စေခိုင်းခြင်းများခံရကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲဖွဲ့မှ သတင်းရရှိသည်။

နိုင်ငံဖြတ်ကျော်ပြီးဖြစ်ပွားသည့် လူကုန်ကူးမှုဖြစ်စဉ်များတွင် ရှမ်းပြည်နယ်မှ လူကုန်ကူးခံရမှု ၄၀ မှုဖြင့် အများဆုံး လူကုန်ကူးခံရပြီး ရန်ကုန်တိုင်းမှ ၁၈ မှု၊ မန္တလေးမှ ခုနစ်မှု၊ ပဲခူးတိုင်းမှ ၁၂ မှု၊ ဧရာဝတီမှ ခြောက်မှု၊ ကချင်ပြည်နယ်မှ ခြောက်မှု စသည်ဖြင့် အသီးသီး လူကုန်ကူးခံခဲ့ရကြောင်း သိရသည်။

၂၀၁၃ ခုနှစ်အတွင်း လူကုန်ကူးခံရမှု ၁၀၂ မှု ဖြစ်ပွားခဲ့ကာ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ သတင်းအချက်အလက်များအရ ၂၅၆ ဦး လူကုန်ကူးခံခဲ့ရပြီး ယင်းတို့၌ ၁၇၅ ဦးမှာ အမျိုးသမီးများ ဖြစ်ကြောင်းသိရသည်။

ရည်ရွယ်တာက ဘုံနန်း၊ ခံစားရတာ ငရဲခန်း

မြန်မာနိုင်ငံ အတွင်းရှိ လူကုန်ကူးမှု ဖြစ်စဉ်များထဲမှ လူကုန်ကူးသူ တရားခံများ၏ (၆၅) ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်သည်ဟု လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုမှ သိရသည်။ လူကုန်ကူးခံရသူ အများစုမှာလည်း အမျိုးသမီး များပင်ဖြစ်၍ (၈၅) ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ပြည်တွင်းမှ ပြည်ပနိုင်ငံများသို့ နှစ်စဉ် လူကုန်ကူးခံရမှု ပုံစံ(၇)မျိုးဖြင့် ဖြစ်ပွားလျှက်ရှိကြောင်း၊ ထိုပုံစံ (၇)မျိုးတွင် အဓမ္မထိမ်းမြားလက်ထပ်မှုမှာ အများဆုံးဖြစ်ကြောင်း သိရသည်။ ရွှေပြည်သာမြို့နယ် အတွင်းပိုင်း ကျသည့် ရပ်ကွက်ငယ်တစ်ခုတွင် နေထိုင်ပြီး တရုတ်ပြည်သို့  လူကုန် ကူးခံရကာ (၂) လ၀န်းကျင်ကြာမြင့် ပြီးမှ  ပြန်လည်ရောက်လာသည့် အမျိုးသမီးတစ်ဦးက ကိုယ်တိုင် လူကုန်ကူးခံရသည့် အဖြစ်အပျက်မှ ကိုယ်တွေ့ကြုံတွေ့ခဲ့ရသူ တစ်ဦး၏  ပြောပြချက်များအား သိရှိနိုင်ရန် ဖော်ပြအပ်ပါသည်။

မို့မို့
အသက် (၃၂)နှစ်

ယောင်္ကျားအလုပ်က အိမ်တွေကို ဆေးလိုက်သုတ်ရတာဆိုတော့ မိုးတွင်းဆိုရင် အလုပ်ကမရှိဘူး။ အဲ့ဒါနဲ့ မစိုးဆိုတဲ့ အစ်မဆီက ပိုက်ဆံတွေ ခဏခဏ ယူချေးမိတယ်။ ကြာတော့ ပိုက်ဆံအကြွေး (၃) သောင်းလောက် ရှိသွားတယ်။ ကိုယ်က ပြန်လည်း မဆပ်နိုင်ဘူး။ သူက တရုတ်ပြည်မှာ အိမ်ဖော် လုပ်မလားတဲ့။  တရပ်ကွက် သားချင်းဆိုတော့ သူ့ကိုလည်း ယုံတယ်လေ။
ဒီလိုနဲ့ ၈ လပိုင်း (၂၂) ရက်နေ့က မစိုးနဲ့ လားရှိုးကို လိုက်သွားတယ်။ ဘာမှမပူနဲ့။ စားပြီးသောက်ပြီး (၂) သိန်းရမယ်ဆိုလို့ မစိုးပြောတဲ့ စကားကို ယုံပြီး  ယောင်္ကျား သဘောမတူတဲ့ကြားကနေ လိုက်သွား ခဲ့တယ်။ ရန်ကုန်ကနေ လာရှိုးကို ကျွန်မ ခရီးဆက်ခဲ့တယ်။

သားအိမ်အစစ်ခံရတယ်-
ကျွန်မတို့ လားရှိုးကနေ မင်းတိန် ရောက်တော့ ပွဲစားမိန်းမတွေ (၆) ယောက်လောက်ကို တွေ့ရတယ်။ သူတို့က ကျွန်မ အိမ်သာသွား ရင်အိမ်သာ၊ ထမင်းစားရင်လည်း အမြဲစောင့်ကြည့်နေတယ်။ ပြီးတော့ သူတို့က အဲ့ဒီမှာ ကျွန်မကို ကလေးမွေးနိုင်၊ မမွေးနိုင် ဗိုက်ကိုစစ်တယ်။ သားအိမ်ကို စစ်တယ်။ တစ်ကိုယ်လုံးကို စက်တွေနဲ့ စစ်ဆေးတယ်။ ကျွန်မကို ဓါတ်ပုံရိုက်ယူတယ်။ ကျွန်မစိတ်ထဲမှာ ထင်နေပြီ… သူတို့တွေက လူကုန်သည် ပွဲစားတွေလားလို့ စိတ်ထဲမှာ သံသယရှိနေပြီ။ နောက်တော့ ကျွန်မ သိလိုက်တယ် သူတို့တွေက လူပွဲစားတွေဆိုတာ။
တရုတ်ငွေ (၄) သောင်းနဲ့ အရောင်းအ၀ယ်ဖြစ်တယ် ကျွန်မကို ဖုန်းတွေနဲ့လည်း အရောင်းအဝယ်လုပ်နေတာ ကြားတယ်။ အဲ့တာနဲ့ ကျွန်မ ထွက်ပြေးဖို့ လုပ်တယ်။ ဘယ်ထွက်ပြေးလို့ရမလဲ.. သူတို့မိသွားတယ်။ ကျွန်မကို သူတို့တွေက ရိုက်နှက်တာ တွေလုပ်တယ်။
နောက်တော့ ပွဲစားမိန်းမတွေက ကျွန်မလက်ထဲကို တရုတ်ဖုန်းတစ်လုံး လာထည့်ပေးတယ်။ သူတို့နဲ့ ဆက်သွယ်လို့ ရအောင်တဲ့။ အဲ့ဒီအချိန်မှာ ကျွန်မသိလိုက်တယ်။ ကျွန်မရောင်းစားခံရပြီ။ ကျွန်မသူတို့ တရုတ်ငွေ(၄) သောင်းနဲ့ အရောင်းအ၀ယ်ဖြစ်သွားတယ်။ ကျွန်မ အရမ်းခံစားရတယ်။  ကျွန်မဘာမှ မစားနိုင်တော့ဘူး။ ငါတော့ သေရတော့မှာပဲ ဆိုပြီး ငိုပဲငိုနေခဲ့တယ်။ ကျွန်မကိုဝယ်တဲ့ တရုတ်ကြီးက အသက်က (၃၇) နှစ်လောက် ရှိပြီ။ သူ့အိမ်ကိုရောက်သွားတော့ သူ့အမေရယ်၊ သူ့ညီရယ် ရှိတာတွေ့ရတယ်။

စောင့်ရှောက်ရေးဂေဟာမှာ သောင်တင်နေတယ်
သူ့ဆီရောက်လို့ (၄) ရက်မြောက်နေ့မှာ သူက ကျွန်မကို လက်ဟန်ခြေဟန်နဲ့ အပြင်သွားဖို့ခေါ်တယ်။ ဒီလိုနဲ့ မြို့ထဲရောက်တော့ သူက ယောင်္ကျားလေး အိမ်သာထဲကို ၀င်သွားတယ်။ ကျွန်မလည်း ထွက်ပြေးဖို့ စိတ်ကူးရသွားတယ်။ နီးစပ်ရာ သတင်းစာရောင်းနေတဲ့ တရုတ်ကြီး တစ်ယောက်ကို ကျွန်မ ခြေဟန်လက်ဟန်နဲ့ ငိုပြီးပြောပြတယ်။ အဲ့ဒါနဲ့သူက တရုတ်ရဲကို ဖုန်းဆက်ပေးတယ်။ တရုတ်ရဲ ရောက်လာတယ်။ ကျွန်မကို စခန်းကို ခေါ်သွားတယ်။ ကျွန်မကိုမေးတဲ့ အခါမှာ ကျွန်မကို ၀ယ်တဲ့ တရုတ်ကြီးကို ဖုန်းနဲ့ ဓါတ်ပုံရိုက်ထားတာ ရှိတယ်လေ။ အဲ့ဒါကို ပြလိုက်တယ်။ သူတို့က အဲ့ပုံကို ဖျက်ပစ်တယ်။  ကျွန်မကို ပွဲစားမိန်းမတွေဆီကို ဖုန်းခေါ်ခိုင်းတယ်။ ပွဲစားတွေက ဖုန်းကို ချချပစ်တယ်။ လုံးဝ မကိုင်ဘူး။ အဲ့ဒါနဲ့ တရုတ်ရဲတွေက မူဆယ်နယ်စပ်ဂေဟာကို လိုက်ပို့ပေးတယ်။
အဲ့ဒီမှာ (၁၅- ၁၆) အရွယ် ကောင်မလေးတွေ အများကြီးပဲတွေ့ရတယ်။ တချို့ဆို ကိုယ့်ကိုကိုယ်တောင် မမှတ်မိချင်ဘူး။ ဦးနှောက်ပျက်နေတဲ့သူတွေ၊ ကိုယ့်အိမ်လိပ်စာတောင် ကိုယ်မမှတ် မိကြလို့ အမျိုးသမီးများ ထိန်းသိမ်းစောင့်ရှောင်ရေး   ဂေဟာမှာ သောင်တင်နေတဲ့လူတွေလည်း အများကြီးပဲ။ အဲ့ဒီမှာတွေ့ရတဲ့ မိန်းကလေးတွေ အများစုက အရမ်းဆင်းရဲပြီး စားဝတ်နေရေး မပြေလည်လို့ လူကုန်ကူးခံရတဲ့ သူတွေကြီးပဲ။

(၂)လတာ ငရဲခန်း
“ရည်ရွယ်တာက ဘုံနန်း၊ ခံစားရတာ ငရဲခန်း  ” ဆိုတဲ့ ဂေဟာမှာတွေ့တဲ့ ဆောင်ပုဒ်လေး တိုင်းပါပဲ။ ဒါ့ကြောင့် ကျွန်မ ကိုယ့်နိုင်ငံမှာ လက်လုပ်လက်စားပဲ လုပ်ရလုပ်ရ ရှာဖွေစားတော့မယ်။ လူကုန်ကူးတဲ့ ပွဲစားတွေ ကိုလည်း များများဖမ်းစေချင်တယ်။ အမျိုးကောင်း သမီးလေးတွေကို မပျက်စီးစေချင်ဘူး။ ကိုယ့်နိုင်ငံမှာ ရှိတဲ့အလုပ်တွေကိုပဲ ရှာဖွေစားသောက်ကြပါ။ သူများနိုင်ငံဆိုတာက မလုံခြုံပါဘူး။ အထင် မကြီးစေချင်ဘူး။ ကျွန်မလည်း ကျွန်မကို လူကုန်ကူးခဲ့တဲ့ ပွဲစားတွေကိုလည်း တိုင်ချက်ဖွင့် ထားတယ်။ ၂၂ ရက်နေ့ ၈ လပိုင်းက လိုက်သွားခဲ့တာ။ အခု ၂၁ ရက်နေ့ ၁၀ လပိုင်းမှာ ပြန်ရောက် လာတာပါ။ ၂ လနီးပါးကြာ ခဲ့ပါတယ်။

မြန်မာပြည်မှာပဲ အလုပ်လုပ်တော့မယ် အခု ကျွန်မ စိတ်ကူးထားတာက ၁ ပတ်လောက်နားပြီးရင် ယောင်္ကျားနဲ့ အလုပ်လုပ်မယ်လို့ စိတ်ကူး ထားပါတယ်။ လူကုန်ကူးခံရမှုမှာ လက်ရှိအချိန်တွင် မြို့ပေါ်မှ မိန်းကလေး မျာသာမက ယောင်္ကျားလေးများပါ လူကုန်ကူး ခံနေရကြောင်း လူကုန်ကူးမှု ကာကွယ်တာဆီးရေးအဖွဲ့များထံက  သိရသည်။
“ အရင်တုန်းကဆို အသိပညာနည်းပါးတဲ့ တောရွာတွေက လူတွေပဲ လူကုန်ကူးခံရပေမယ့် အခုဆိုမြို့တွေက လူတွေပါ လူကုန်ကူးခံနေရတယ်။ မိန်းကလေးတွေ အများစု လူကုန်ကူးခံရတာကို လူတွေသိပေမယ့် နယ်စပ်ဘက်တွေကနေ တဆင့်သွားတဲ့ ယောင်္ကျားလေးတွေလည်း လူကုန်ကူး ခံနေကြရတာတွေ အများကြီးရှိပါတယ် ”  Youth Legal Clinic အဖွဲ့မှ ဒေါ်လှလှရီက ပြောသည်။
မြန်မာနိုင်ငံမှနေ၍ အခြားနိုင်ငံများသို့ လူကုန်ကူးခံရမှုတွင် တရုတ်နိုင်ငံသို့ လူကုန်ကူးခံရခြင်းမှာ အများဆုံးဖြစ်နေကြောင်း လူကုန်ကူးမှုဗဟိုမှ စာရင်းများအရ သိရသည်။ တရုတ်နိုင်ငံသို့ လူကုန်ကူး ခံရသူ အရေ အတွက်များပြားနေခြင်းမှာ တရုတ်ပြည်အစိုးရမှ ချမှတ်ထားသော one Child ပေါ်လစီ ကြောင့် အိမ်ထောင်သည်အများစု ကလေးယူရာတွင် ယောင်္ကျားလေးသာ အယူများနေပြီး တရုတ် ပြည်တွင် သတို့သမီး သန်း(၂၀၀) ၀န်းကျင် လိုအပ်လျက် ရှိသည့်အတွက် အိမ်နီးချင်းနိုင်ငံများမှ အမျိုးသမီးများ လူကုန်ကူး ခံနေရခြင်းဖြစ်သည်။
တရုတ်အစိုးရ အနေဖြင့် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးကို ထိရောက်စွာ အရေးယူမှု မပြုလုပ်သည့် အတွက် မြန်မာနိုင်ငံသူ နိုင်ငံသားတို့၏ လုံခြုံရေးကို မိမိတို့ ကိုယ်တိုင်ထိန်းသိမ်းရန် အရေးကြီးကြောင်း ကရင် အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့မှ ဆိုထားသည်။

Tuesday, January 14, 2014

ဥပဒေဘောင် အတွင်းမှ လူကုန်ကူး မှုများ

အရွယ်ကောင်း၊ ရုပ်ချော မိန်း ကလေး ငယ်များကို သွေးဆောင် ဖြား ယောင်းပြီး လိင်မှုကိစ္စ အလို့ငှာ မြှူ ဆွယ်နေသော လူပွဲစား များသည် ရန်ကုန် ကဲ့သို့သော မြို့ကြီးများ တွင် ပင် ပြောင်ပြောင် တင်းတင်း လှုပ်ရှား သွားလာ လျက် အသိတရား ကိုယ်ခံ အား နည်းပါး သော မိန်းကလေးငယ် များကို မက်လုံးပေး ဆွဲဆောင် နေ ကြောင်း သိရသည်။

 ဥပမာ ဖြစ်ရပ်တစ်ခုတွင် .. သင်္ကြန် ပွဲတော်အတွက် တစ်ခုသော သင်္ကြန်မဏ္ဍပ် ၌ ဖျော်ဖြေ ရန် မိန်းကလေး အဆိုရှင်များကို ယှဉ်ပြိုင် စေပြီး လူရွေးပွဲ ပြုလုပ်ခဲ့ သည်။ အရွေးချယ် ခံရသူ မိန်းက လေး အဆိုရှင် များသည် တစ်ဦးလျှင် အနုပညာ ကြေး ကျပ် ၂၅၀,၀၀၀ ရရှိ မည် ဖြစ်ပြီး သင်္ကြန်တွင်း လေးရက်စာ အတွင်း အစားအသောက်ပါ အခမဲ့ စီစဉ် ပေးသွားမည် ဖြစ်ကြောင်း သိရ သည်။ ထိုသို့ အဆိုရှင် ရွေးပွဲ ကျင်းပ ပြီးနောက် အရွေးချယ် ခံရသော မိန်း ကလေး တစ်ယောက်ကို ထိုပွဲအတွက် ကန်ထရိုက် ယူကာ တာဝန်ခံစီစဉ် ပေးသော အမျိုးသမီးကြီး တစ်ဦးက ချဉ်းကပ်ကာ မိန်းကလေး ကသာ ဆန္ဒ ရှိလျှင် သက်ကြီးပိုင်း အမျိုးသားကြီး တစ်ဦးက လိုအပ်သော အထောက် အပံ့ပေးလျက် တရားမ၀င် ပေါင်း သင်းရန် အစီအစဉ် ရှိကြောင်း ပြော ကြား ခဲ့သည် ဟုသိရသည်။


ထိုမိန်းကလေးက ခါးခါးသီးသီး ငြင်းဆန်သော အခါ အမျိုးသမီးကြီး က လေသံ ပြောင်းကာ နောက်ဆုတ် သွားပြီး နောက်သုံးရက် နေသော နေ့ တွင် ဖုန်းဖြင့် ဆက်သွယ်ကာ ထိုရေ ကစား မဏ္ဍပ်၌ ဖျော်ဖြေမည့် အစီအစဉ် တွင် နာမည်ကြီး မင်းသားမင်းသမီး အဆိုတော်များကို ဖိတ်ကြား မည်ဖြစ် သဖြင့် နာမည် မရသေး သူများကို သုံး မည် မဟုတ်ကြောင်း အကြောင်းပြန် ကြား ခဲ့သည်ဆို၏။


“သမီးက သူပြောတဲ့ အစီအစဉ် ကို မလိုက်နာ နိုင်ကြောင်း ပြတ်ပြတ် သားသား ပြောခဲ့ တာပဲရှိတယ်။ ဘာ မှ မိုက်မိုက်ရိုင်းရိုင်း နစ်နစ်နာနာ ပြော ခဲ့တာ မရှိ ပါဘူး။ အဲဒါ ဖုန်းလာလို့ ကိုယ်မပါဘူး ဆိုတာသိရတော့ စိတ် ထဲမှာ တော်တော် ခံပြင်း မိတယ်။ သူ တို့က သမီးကို လူရွေးပွဲမှာ အောင် တော့ စရန် ငါးသောင်း ပေးပြီး သား။ အဲဒါကို ပြန်ပေးမယ်ဆို တော့ နေပါစေတဲ့။ အဆုံးထား လိုက် ပါတယ်တဲ့။ သမီးက သူတို့ဆီ သွားပြီး စရန်ကိုတောင် ပြန်ပေးပစ် ချင်တာ။ လုံးဝ ယူမထားချင်ဘူး။ ဒါပေမဲ့ သူတို့နဲ့ ထပ်မတွေ့ ချင်လို့၊ သူ တို့နဲ့ မျက်နှာချင်း ထပ်မဆိုင် ချင်လို့ မသွားဘဲ နေလိုက်တာ။ ရှက်လည်း ရှက်တယ်၊ ဒေါသလည်း ထွက်တယ်၊ ၀မ်းလည်း နည်းတယ်” ဟု အမည် မဖော်လို သော ဖြားယောင်းခံ မိန်း ကလေး ငယ်က မြန်မာပို့စ်သို့ ပြော သည်။


ထိုသို့ ငွေကြေး ဓန အင်အား ဖြင့် မြှူဆွယ် ဖြားယောင်း ကာ အရွယ် ကောင်းသော မိန်းကလေး ငယ်များ၏ ဘ၀ကို နွံအိုင် အတွင်း တွန်း ပို့ရန်ကြိုး ပမ်း နေသော ဖြစ်ရပ် များမှာ မြို့ကြီး များတွင် ကျယ်ပြန့် လာနေပြီ ဖြစ် ကြောင်း သိရသည်။ အထူးသဖြင့် ရုပ်ရည် ချောမော လှပသောမိန်းက လေးငယ် များသည် လှချင်ပချင် ၀င့် ကြွားချင် စိတ်တို့ကိုရှေ့တန်းတင် လျက် အသွေးအသား ကို ဈေးကစား မိကြ သလို ရေလိုက် လွဲမှား မှုများ ရှိနေ ကြောင်းလည်း သတိပြု မိသူတို့က ဆိုသည်။


အထက် ဖော်ပြပါ သင်္ကြန် မဏ္ဍပ် ဖြစ်ရပ်တွင် ဖြားယောင်း ခံရ သော မိန်းကလေးမှာ မိဘ များက ငွေကြေး ဓန တောင့်တင်း သူများဖြစ် ခြင်း၊ သူမသည် အနုပညာ သက် သက်ကိုသာ ရူးသွပ်ကာ အခြား ပလွှား မှုများ ကို အာရုံ မရောက်ခြင်း စသည် တို့ကြောင့် ဖြားယောင်း မှုကိုတွန်း လှန်နိုင် ခဲ့ခြင်းဖြစ်သည်။ အကယ်၍ လူပွဲစားများ ဖြားယောင်းသည့် အတိုင်း စပွန်ဆာ(ထောက်ပံ့မှု) ပေးမည့်သူထံ မှ တိုက်ခန်း၊ ကား၊ ဖုန်း၊ အသုံးအ ဆောင်၊ ငွေကြေး စသည် တို့ကို မက် မောကာ ခေါင်းညိတ် လိုက်ပါက ထို မိန်းကလေး ၏ဘ၀သည် လူမ သိသူ မသိနွမ်းရိ သွားမည့် အကြွေပန်းဘ၀ ရောက်သွား နိုင်မည်ဖြစ်ကြောင်း ခန့် မှန်း သိရှိနိုင်သည်။


ထို့ကြောင့် တော်ရုံ တန်ရုံအသိ ဖြင့် မရှောင်လွှဲနိုင်သာ သော မက်လုံး အမျိုးမျိုး ပြကာ မြှူဆွယ် ဖြားယောင်း ပြီး အရွယ်ကောင်း မိန်းကလေးချော ချောများ ၏ဘ၀ကို နင်းခြေ ဖျက်ဆီး လိုသည့် လူပွဲစား များကို အမျိုးသား ရေး တာဝန် တစ်ရပ်အဖြစ် ဖော်ထုတ် တားဆီး သင့်ကြောင်း အသိပေးတင် ပြ လိုက်ရပေသည်။


Monday, January 13, 2014

လူကုန်ကူးမှု တိုက်ဖျက်ရေး၏ ပြောင်းလဲ လာသော အယူအဆတစ်ချို့


Ref : http://www.wntglobalissues.com

မြ၀တီနယ်စပ်တွင် ဇန်န၀ါရီလပထမတစ်ပတ်အတွင်း ထိုင်းနိုင်ငံတွင် သွားရောက်လုပ်ကိုင်မည့် အလုပ်သမား ၉၀ ကျော် အလိမ်ခံရ


  (ထိုင်းတွင် အလုပ်မရရှိဘဲ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် မြန်မာအလုပ်သမားများအားတွေ့ရစဉ်)

ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်ကြမည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ မကြာခဏလိမ်လည်ခံရလျက်ရှိကာ မြ၀တီနယ်စပ်တွင် ဇန်န၀ါရီလ ပထမတစ်ပတ်အတွင်းကလည်း မြန်မာရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၉၀ ကျော် အလိမ်ခံခဲ့ရကြောင်း သိရသည်။

အဆိုပါအလုပ်သမားများအနက် ဇန်န၀ါရီ ၅ ရက်နေ့တွင် ၁၃ဦး၊ ဇန်န၀ါရီ ၆ ရက်နေ့တွင် ၄၀ဦးတို့အား မဲဆောက်မှ တာဝန်ရှိသူများက မြ၀တီနယ်စပ်ရှိ နှစ်နိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ နယ်စပ်ဆက်ဆံရေးရုံး (မြ၀တီ)သို့ ပို့ဆောင်ပေးခဲ့ပြီး ဇန်န၀ါရီ ၈ ရက်နေ့တွင် ပိုင်ရှင်မဲ့ ယာယီနိုင်ငံကူးလက်မှတ်စာအုပ် ၃၃ အုပ်တို့ကိုလည်း တာ့ခရိုင် Police Captain Palhapor Onroal နှင့် Apirados Chantokol တို့ လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။

ပြည်ပသို့ တရားဝင်သွားရောက်လုပ်ကိုင်ရန် ယာယီနိုင်ငံကူးလက်မှတ်အတွက် ၆ လကျော် အချိန်ကြာမြင့်ခဲ့ပြီး အေးဂျင့်ဖြစ်သူ နေမင်း၏ ပို့ဆောင်ပေးမှုကြောင့် ဇန်န၀ါရီ ၆ ရက်တွင် အလုပ်သမား ၄၀ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ရောက်ရှိခဲ့သော်လည်း ကားဂိတ်တစ်ခုတွင် နေရာချထားပြီး ပြန်လည်ရောက်ရှိလာခြင်းမရှိ၍ ဒုက္ခဖြစ်နေစဉ် တာ့ခရိုင်မှ တာဝန်ရှိသူများက မြ၀တီမြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းကြောင့် မြ၀တီမြို့ရှိ တာဝန်ရှိအဖွဲ့အစည်းများမှ လက်ခံကာ ဘုရားကြီးကျောင်းတိုက်တွင် စောင့်ရှောက်ထားကြောင်း သိရသည်။

“ကျွန်တော်တို့ကို နေမင်းနဲ့၊ ကြည်နိုင်ဆိုတဲ့ အေးဂျင့်တို့က တစ်ယောက်ကို ငွေကျပ် လေးသိန်းခွဲနဲ့  တစ်ဖက်နိုင်ငံမှာ အလုပ်ရတဲ့အထိ ဆောင်ရွက်ပေးမယ်ပြောပြီး တာဝန်ယူလုပ်ဆောင်ခဲ့တာပါ။ စာအုပ်ရတဲ့အထိ ၆ လကျော်ကြာပါတယ်။ ကုန်ကျငွေက တစ်ယောက် အနည်းဆုံး ၁၀ သိန်းအထက် ကုန်ကျပါတယ်။ တချို့က လယ်ပေါင်၊ ချေးငှား တချို့ဆို နွားရောင်းပြီးလာခဲ့တာပါ။ ရွာကို ဘယ်လိုပြန်ကြမလဲ၊ သွားစရာမြေမရှိ၊ ပေးစရာငွေမရှိဆိုတော့ ကြုံရာအလုပ်ဝင်လုပ်ဖို့ စိတ်ကူးကြပါတယ်”ဟု ဘုရားကြီးကျောင်း ၀င်းအတွင်း ရောက်ရှိနေသော မင်းဘူးရွာသားတစ်ဦးက ပြောကြားသည်။

အဆိုပါကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးဘသိန်းအောင်နှင့်အဖွဲ့ ဇန်န၀ါရီ ၅ ရက်နေ့တွင် ပို့ဆောင်သည့် စည်သူစိုး အပါအ၀င် ၁၃ ဦးတို့အား မိုးမိုးချမ်း အထွေထွေဝန်ဆောင်မှုကုမ္ပဏီမှ တစ်ဦးလျှင် ကျပ် ၄၅၀၀၀၀ ဖြင့် တာဝန်ယူပို့ဆောင်ပေးခဲ့ရာ တရားမ၀င်သောနည်းလမ်း(အောက်လမ်း)မှ ပို့ဆောင်ပေးရန် စီစဉ်နေမှုကို သိရှိရ၍ ၂၀၁၄ ဇန်န၀ါရီ ၄ ရက် မွန်းလွဲ ၁ နာရီခွဲတွင် လူကုန်ကူးရုံးသို့  စည်သူစိုးအပါအ၀င် ၁၃ ဦးနှင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေးဂျင့်များဖြစ်သော ဦးဘသိန်းအောင်နှင့် နေမင်း(ခ)ကျော်ကြီးတို့အား ခေါ်ယူပြီး နေမင်းထံမှ ပတ်စ်ပို့များအား တိုက်ဆိုင်စစ်ဆေးရာတွင် အထွက်တံဆိပ်တုံးမှာ အတုဖြစ်နေကြောင်း သိရှိရသဖြင့် အခကြေးငွေယူပြီး တရားဝင်ဆောင်ရွက်ပေးခြင်းမရှိဘဲ လိမ်လည်ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထို့ကြောင့် ဦးဘသိန်းအောင်(ကျောက် မြောင်း၊ ရန်ကုန်)၊ နေမင်း (ရွှေဝါထွန်းလမ်း၊ အမှတ်(၅)ရပ်ကွက်၊မြ၀တီ)၊ မမိုးမိုး(ကျောက်မြောင်း၊ ရန်ကုန်)၊ ကိုကျော်ဇင်နှင့် တံဆပ်တုံးအတုပြုလုပ်ပေးခဲ့သူ အောင်ကိုလတ် (ကျောက်လုံးကြီးဘုရားလမ်း၊ အမှတ်(၄)ရပ်ကွက်၊ မြ၀တီ)တို့အား ပြည်ပအလုပ်အကိုင် ပုဒ်မ ၂၆။ ပြစ်မှုပုဒ်မ ၄၂၀/၄၆၈/၁၁၄ တို့ ဖြင့် အရေးယူစစ်ဆေးလျက်ရှိကြောင်း သိရသည်။

eleven media group

မြန်မာ-ထိုင်း လူကုန်ကူးခံရသူများ ပြန်လည်ပို့ဆောင်ရေးအတွက် လိုအပ်သော စံလုပ်ငန်းဆောင် ရွက်မှုအစီအစဉ်များ (Bilateral Standard Operating Procedure - SOPs)

     မြန်မာ- ထိုင်းနှစ်နိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး နားလည်မှု စာချွှန်လွှာကို ၂၀၀၉ ခုနှစ်၊ ဧပြီလ (၂၄)ရက်နေ့တွင် လက်မှတ် ရေးထိုးခဲ့ပါသည်။ ၄င်းစာချွှန်လွှာ အရ မြန်မာ-ထိုင်း လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး နှစ်အလိုက် လုပ်ငန်း အစီအစဉ်ကို နှစ်နိုင်ငံ ပူးတွဲရေးဆွဲ ခဲ့ကြပြီး လုပ်ငန်း အစီအစဉ်တွင် အဓိက လုပ်ငန်းဧရိယာ (၆)ရပ် ပါဝင်ပါသည်။ လူကုန်ကူး ခံရသူများအား ပြန်လည် လက်ခံရေး၊ မိဘရပ်ထံ ပြန်လည် အပ်နှံရေးနှင့် မိသားစု ပြန်လည် ပေါင်းစည်းရေး လုပ်ငန်း ဧရိယာအရ မြန်မာ-ထိုင်း နှစ်နိုင်ငံ လူကုန်ကူး ခံရသူများအား စနစ်တကျ လွှဲပြောင်းရေး လုပ်ငန်း လမ်းညွှန်ကို ရေးဆွဲလျက် ရှိပါသည်။

လုပ်ငန်းဧရိယာ(၆)ရပ်
    (၁)    ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နောက်ခံအချက်များ
    (၂)    နေရပ်ပြန်လည်ပို့ဆောင်ရေး ကြိုတင်ပြင်ဆင်ရန်နှင့် ဆောင်ရွက်ရန်လုပ်ငန်း အဆင့်များ
    (၃)    အထူးလိုအပ်ချက်များရှိသော မှုခင်းများတွင် ပူးပေါင်းဆောင်ရွက်ခြင်း
    (၄)    နှစ်နိုင်ငံအစည်းအဝေးများ
    (၅)    SOPs များကို ပုံမှန်စောင့်ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ်သုံးသပ်ခြင်း
    (၆)    နောက်ဆက်တွဲများ

Ref : လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

Penang police rescue 35 Bangladeshis from human trafficking syndicate

BUTTERWORTH (Bernama) – Police have rescued 35 Bangladeshi men from a house in Taman Selayang, Sungai Puyu, where they were confined after having been smuggled from a neighbouring country by a human-trafficking syndicate.

Penang CID chief SAC Mazlan Kesah said the Bangladeshi nationals, aged between 20 and 45, were found to be in frail condition after they were rescued in a police raid on the house at 3pm following a public tip-off.

“They were said to have been brought to the state across the Malaysian-Thai border in Padang Besar, Perlis, and handed over to a syndicate member before being brought to the house in Taman Selayang,” he said when contacted by Bernama yesterday.
He said an investigation also showed that all the men were confined in a house rented by the syndicate over a week ago and were waiting to be sold to an employer.
Police also nabbed seven others of Myanmar nationality, two of them women, who were believed to be members of the human-trafficking syndicate, besides seizing cash, mobile telephones and a record book on migrant smuggling activities during the raid.

Ref : http://borneobulletin.brunei-online.com

တစ်စက်ရုံတည်းနေ အမျိုးသမီးအချင်းချင်း လူကုန်ကူး


အထည်ချုပ်စက်ရုံတစ်ရုံမှ အလုပ်သမတစ်ဦးကို တစ်စက်ရုံတည်း အမျိုးသမီးတစ်ဦးက ထိုင်းနိုင်ငံသို့ တရားမ၀င်ပို့ဆောင်ခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်အတွင်းရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်လျက်ရှိသော အသက် ၁၇နှစ်အရွယ် အလုပ်သမားတစ်ဦးသည် သူငယ်ချင်းများနှင့် အလုပ်အတူဆင်းရာ စက်ရုံတစ်ခုတည်း အလုပ်လုပ်ကိုင်လျက်ရှိသည့် မခိုင် (ခ) မမူမူစန်းက ၎င်းတို့ကို ထိုင်းနိုင်ငံတွင် အလုပ်ကောင်းကောင်းရရှိမည်ဟု ပြောကြားခဲ့သည်ဟုဆိုသည်။

ထို့နောက် မခိုင်(ခ)မမူမူစန်းက အဆိုပါအမျိုးသမီးငယ်ကို ထိုင်းနိုင်ငံသို့ ပို့ဆောင်ရန် ၎င်း၏ ခင်ပွန်းမှတစ်ဆင့် ချိတ်ဆက်ပြီး မြ၀တီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။အလုပ်ကောင်းရမည်ဟုဆိုကာ ယုံကြည်စွာပြောဆိုပြီး တရားမ၀င်ပို့ဆောင်ခဲ့သည့် ၎င်းတို့နှစ်ဦးကို ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေပုဒ်မ -၂၆ဖြင့် ဒီဇင်ဘာ ၁၇ရက်က အမှုဖွင့်ထားပြီး ၎င်းတို့ကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Ref : 7 Days News

Thursday, January 9, 2014


ထိုင်းနိုင်ငံ၊ အချောင်ဆိပ်ကမ်းရှိ ငါးဖမ်းစက်လှေမှ မြန်မာအမျိုးသားနှစ်ဦး ထွက်ပြေးလွတ်မြောက်

ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ အချောင်ဆိပ်ကမ်းရှိ ငါးဖမ်းစက်လှေပေါ်တွင် အလုပ်လုပ်ကိုင်ရ သော်လည်း လုပ်ခ လစာမပေးသဖြင့် ၄လ/၆လ အလုပ်လုပ်ခဲ့ပြီးနောက် မြန်မာအမျိုးသားနှစ်ဦး ငါးဖမ်းစက်လှေမှ ထွက်ပြေးလာရာ ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလ ၅ ရက်နေ့ ၁၃၃၀ အချိန်တွင် မြ၀တီ ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ တစ်ဆင့် မြ၀တီလူကုန်ကူးမှု တားဆီးနှိမ် နင်းရေး တပ်ဖွဲ့စိတ် သို့ ရောက်ရှိလာကြောင်း သိရှိရသည်။

အဆိုပါ ထွက်ပြေးလွတ်မြောက်လာသူ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ် တို့မှ အမျိုးသားနှစ်ဦးအား မြ၀တီလူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စိတ်မှတွေ့ ဆုံမေးမြန်းခဲ့သည်။

“ကျွန်တော်က သံတွဲမြို့နယ်၊ --- ရွာမှာနေပါတယ်။ လွန်ခဲ့သော တစ်နှစ်ခန့်က စစ်တွေမြို့ရှိ အဒေါ်ဖြစ်သူထံ သွားရောက်စဉ် ကမ်းနားလမ်း၊ စံပြရပ်ကွက်နေသူ ထွန်းထွန်းဝင်း မှ ထိုင်းနိုင်ငံသို့ တရားဝင် သွားရောက်အလုပ်လုပ်ကိုင်ရမည်၊ တစ်ဦးလျှင်ပို့ဆောင်ခကျပ်(၂)သိန်း(၈)သောင်းပေးရမည် ပြောဆို၍ သဘောတူသွားရောက်ခဲ့ပါတယ်။ ကျွန်တော်အပါအ၀င်(၁၃)ဦးသွားရောက်ခြင်းဖြစ်ပါတယ်။ မြ၀တီမှာ အဆောင်ငှားပြီး ကျွန်တော်တို့ကို ထားပါတယ်။ မြ၀တီတွင် (၃)လခွဲကြာသည်အထိ ထိုင်းနိုင်ငံသို့ မသွားရသဖြင့် ၁၂ ဦးက ရွာကို ပြန်သွာပါတယ်။ ကျွန်တော်တစ်ဦးတည်းသာ မြ၀တီတွင် ကျန်ခဲ့ပါတယ်။ အဲ့ဒီနောက်ကျွန်တော်လည်း ရွာသို့ပြန်ရန် စီစဉ်နေစဉ် မြ၀တီမှာရောက်ရှိနေတဲ့ စစ်တွေမှ အသိ တစ်ယောက်နဲ့တွေ့ရှိခဲ့ပါတယ်။ အဲ့ဒီအသိတစ်ယောက်က ထိုင်းနိုင်ငံကို အောက်လမ်းက သွားလို့ရကြောင်းပြောပြီး ၄င်း၏အဆက်အသွယ်ဖြင့် တောလမ်းခရီးအတိုင်း ပို့ဆောင်ပေးလို့ ကျွန်တော်ထိုင်းနိုင်ငံထဲကို ရောက်ရှိခဲ့ပါတယ်။  အချောင်ဆိပ်ကမ်းရှိ ငါးဖမ်းစက်လှေပေါ်သို့ အလုပ်လုပ် ကိုင်ရန် တင်ပေးခဲ့လို့ ငါးဖမ်းစက်လှေပေါ်မှာ ငါးဖမ်းတဲ့အလုပ်ကို လုပ်ကိုင်ရပါ တယ်။ နောက်(၂) လခန့်အကြာတွင် ယခုကျွန်တော်နှင့်အတူထွက်ပြေးလာသူ တောင်ကုတ်မြို့က ကို----- ဆိုသူ ကျွန်တော်တို့ ငါးဖမ်းသင်္ဘောပေါ်ကို ရောက်ရှိလာပါတယ်။ နောက် (၄) လခန့်အကြာတွင် ၂၀၁၃ခုနှစ်ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ကျွန်တော်နှင့် တောင်ကုတ်က ကို----- တို့ (၂)ဦး ငါးဖမ်းစက်လှေမှ ရေကူးပြီး ထွက်ပြေးလာခဲ့ပါတယ်။ နောက်ပိုင်း မြန်မာနိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ မြ၀တီမြို့ကို ရောက်ရှိခဲ့ပါတယ်”

“ ကျွန်တော်က တောင်ကုတ်မြို့နယ်၊ ---- ရွာက ဖြစ်ပါတယ်။ ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် မြ၀တီမြို့တွင် ရောက်ရှိနေတဲ့ သူငယ်ချင်းများနဲ့အဆက်အသွယ်ရရှိခဲ့ပြီး ၂၀၁၃ခုနှစ် စက်တင်ဘာလ (၈)ရက်နေ့မှာ ရွာကနေထွက်လာခဲ့ပါတယ်။ မြ၀တီမြို့သို့ ရောက်ပြီး (၄)ရက်ခန့်အကြာတွင် ကိုထွန်းဆိုသူမှ တောလမ်းမှ ထိုင်းနိုင်ငံသို့ ခေါ်ဆောင်သွားပါ တယ်။ ကံဖယ်မြို့သို့ ရောက်ရှိခဲ့ပြီး ကံဖယ်မြို့မှတစ်ဆင့် အချောင်းဆိပ်ကမ်းသို့ ကားဖြင့် ဆက်လက် ခေါ်ဆောင်သွားပါတယ်။ အချောင်းဆိပ်ကမ်းရှိ ငါးဖမ်းစက်လှေပေါ်တွင် သံတွဲမှ ယခုအတူ ထွက်ပြေး လာသူ ကို----နှင့်တွေ့ဆုံခဲ့ပါတယ်။ ကျွန်တော် ငါးဖမ်းစက်လှေတွင် (၄)လခန့်လုပ်ပြီး ကျွန်တော် တို့(၂)ဦး ငါးဖမ်းစက်လှေမှ ရေကူးပြီး ထွက်ပြေးလာခဲ့ပါ တယ်။ နောက်ပိုင်း မြန်မာနိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့မြ၀တီမြို့ကို ရောက်ရှိခဲ့ပါတယ်”

ထိုင်းနိုင်ငံငါးဖမ်းစက်လှေမှ ထွက်ပြေးလွတ်မြောက်လာသူ (၂)ဦးအား တာဝန်ရှိသူများမှ မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးခဲ့ပြီး တရားမ၀င်ပို့ဆောင်ခဲ့သူများကို မြ၀တီ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ်မှ အမှုဖွင့်အရေးယူနိုင်ရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

ဒုရဲမှူး မင်းနိုင်(လူကုန်တား)

မြန်မာအလုပ်သမား (၄၀)ဦး၊ ထိုင်းနိုင်ငံမှ ပြန်လည်လွှဲအပ်ပေး

မြန်မာအလုပ်သမား (၄၀)ဦး၊ ထိုင်းနိုင်ငံမှ ပြန်လည်လွှဲအပ်ပေး

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ချစ်ကြည်ရေးတံတားအနီးရှိ BOM BOM အလုပ်သမား အကျိုးဆောင်ကုမ္ပဏီတွင် မြန်မာနိုင်ငံသား (၄၀)ဦးရောက်ရှိနေကြောင်း၊ ၄င်းတို့၏ ပတ်စ်ပို့ စာအုပ် တွင် မြန်မာဘက်အထွက် (လ၀က) တံဆိပ်အတုပြုလုပ်ထားမှု သိရှိသဖြင့် ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ ၆ ရက်နေ့၊ ညနေ (၅)နာရီ (၄၅)မိနစ်အချိန်တွင် မြ၀တီ-မဲဆောက် ချစ်ကြည်ရေးတံတား၌ အဆိုပါ မြန်မာနိုင်ငံသားအလုပ်သမား ကျား (၂၈)ဦး၊ မ (၁၂)ဦး၊ ပေါင်း (၄၀)ဦးအား BOM BOM ကုမ္ပဏီတာဝန်ခံ Mr.Rungsak Thuenkaew မှ လွှဲပြောင်းပေးအပ်ရာ မြန်မာနိုင်ငံဘက် မှ မြ၀တီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ၊ မြ၀တီ(လ၀က) ဦးစီးမှူး ဦးမြင့်သိန်းဌေး၊ မြ၀တီမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ငွေ နှင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ် မှူး ရဲအုပ် ထွန်းထွန်း တို့မှ လက်ခံခဲ့သည်။

လွှဲပြောင်းလက်ခံခဲ့သော မြန်မာနိုင်ငံအလုပ်သမား (၄၀)ဦးတို့အား ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူး အစီအစဉ်ဖြင့် အမှတ် (၄)ရပ်ကွက်၊ ဘုရားကြီးကျောင်းတိုက်၊ ဘုန်းကြီး ကျောင်းဓမ္မာရုံ တွင် နေရာချထား၍ ကျွေးမွေးမှုများ စီစဉ်ဆောင်ရွက်ထားရှိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူများမှ စစ်ဆေးမေးမြန်းလျက်ရှိပြီး ပေါ်ပေါက်ချက်များအရ ဆက်လက်အမှုဖွင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဒုရဲမှူး မင်းနိုင်(လူကုန်တား)

တရုတ်မယားအဖြစ်ရောင်းစားခဲ့သူကို လူကုန်ကူးမူဖြင့်အရေးယူ

တရုတ်နိုင်ငံ၌ လူကုန်ကူးခံရသူ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန် မြို့နယ်၊ ------ရွာမှ အသက်(၂၅)နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးအား တရုတ်ရဲတပ်ဖွဲ့မှ ကယ်တင်ထားရှိပြီး ၂၀၁၃ခုနှစ် ဒီဇင်ဘာ ၃၀ရက်နေ့တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ လွယ်ဂျယ်တပ်ဖွဲ့စိတ်သို့ ပြန်လည်လွဲပြောင်းပေးခဲ့သည်။

လွဲပြောင်းရောက်ရှိလာသူ အသက်(၂၅)နှစ်အရွယ် မြန်မာအမျိုးသမီး မ  ---  အား လွယ်ဂျယ် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ်မှ တွေ့ဆုံမေးမြန်းခဲ့သည်။ “ကျွန်မနဲ့တစ်မြို့ တည်းနေ မ---- တို့(၂) ဦးသည် ၂၀၁၃ခုနှစ် မေလ ၅ ရက်နေ့က ကျောက်စိမ်းအရောင်းအ၀ယ်လုပ်ဖို့ တရုတ်နိုင်ငံ၊ ရင်ကျန်းမြို့သို့သွားရောက်ခဲ့ပါတယ်၊၊ ရင်ကျန်းမြို့၊ ရီမောင်ဟိုတယ် တွင် တည်းခိုနေထိုင်ပြီး ပါလာသော ကျောက်များကို ကျောက်ပွဲစားများနှင့် ပြသရောင်းချရန်ပြုလုပ်နေစဉ် လွန်ခဲ့သော(၃) နှစ်ခန့်က   ကျွန်မတို့ရွာတွင် နေထိုင်ခဲ့ပြီး အနှိပ်ခန်းဖွင့်ခဲ့ဖူးသူ မငြိမ်းငြိမ်း(ခ)အားလွယ်နှင့် တွေ့ဆုံခဲ့ပါတယ် မငြိမ်းငြိမ်းမှ ကျောက်များအားကူညီရောင်းချပေးမည်၊ ဟိုတယ်တွင်နေထိုင်ပါက ကုန်ကျစရိတ်များမည်ဖြစ်သဖြင့် သူမ ငှားရမ်းနေထိုင်သည့် ရင်ကျန်းမြို့ ရှီဖူုးအယ်ရှယ်လမ်း၊ အမှတ်(၅၅) ရှိ နေအိမ်တွင် လာရောက်တည်းခိုနေထိုင်စားသောက်နိုင်ကြောင်း ပြောဆိုသဖြင့် ကျွန်မတို့(၂) ဦး ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ မငြိမ်းငြိမ်းအိမ်၌ နေထိုင်စဉ် မေ ၁၃ရက်နေ့တွင် မငြိမ်းငြိမ်းမှ ကျွန်မနှင့်အတူပါလာသူ မ----အား စည်းရုံးသိမ်းသွင်းပြီး တရုတ်အမျိုးသားတစ်ဦးနှင့် ပေးစားခဲ့ပါတယ်။ ကျွန်မသည် တစ်ဦးတည်းဖြစ်နေ၍ ဆက်လက်နေထိုင်လိုခြင်းမရှိတော့သဖြင့်  နေရပ်ပြန်ရန်အတွက် မငြိမ်းငြိမ်းထံ လမ်းစရိတ် တောင်းရာ မပေးနိုင်ကြောင်း၊ ထမင်းလည်း မကျွေးနိုင်ကြောင်း၊ မ ---- လိုဘဲ တရုတ်ယောက်ျားယူရန်နှင့် တရုတ်ယောက်ျားယူပါက အဆင်ပြေမည်၊ အိမ်သို့လည်း ငွေပို့နိုင်မည်ဟု ပြောဆိုစည်းရုံးပြီး ကျွန်မ၏ မှတ်ပုံတင်နှင့် နယ်စပ်ဝင်ထွက်သွားလာခွင့် စာအုပ်ကို မငြိမ်းငြိမ်းမှ သိမ်းယူသွားပါတယ် မေ ၁၈ ရက်နေ့တွင် ကျွန်မအား ဟူနန်မြို့ရှိ တရုတ်အမျိုးသား ဖူယုန် ဆိုသူထံ တရုတ်ယွမ် (၃၁ ၀၀၀) ဖြင့်ရောင်းစားခဲ့ပါတယ် ယွမ်(၂၅၀၀) တန်ဖိုးရှိ ရွှေနားကပ်တစ်ရံနှင့် ရွှေဆွဲကြိုး တစ်ကုံးဝယ်ပေးကာ ယွမ်(၈၀၀၀) ပေးပါတယ် ကျန်ငွေယွမ်(၂၀ ၅၀၀) ကိုမငြိမ်းငြိမ်းမှ ယူထားပါတယ် ဟူနန်မြို့ရှိ  ရွာတစ်ရွာတွင် တရုတ် အမျိုးသားဖူယုန်နှင့် ပေါင်းသင်းနေထိုင်ရပါတယ်။ တရုတ်ယောက်ျားမှ ကျွန်မအား ရိုက်နှက်နှိပ်စက်သဖြင့် မငြိမ်းငြိမ်းထံ ဖုန်းဖြင့်ဆက်သွယ်ပြီး နေအိမ်သို့ပြန်ချင်ကြောင်းပြောရာ ကျွန်မတို့ ယူထားသော ယွမ်(၃၁ ၀၀၀) ပြန်လျော်ပေးမှ ပြန်လို့ရမည်ဟု ပြောဆိုပြီး ဖုန်းချသွားပါတယ်။ နောက် (၄)လခန့်အကြာတွင် ကျွန်မဟာ ကျောက် အတူတူလာရောင်းပြီး အရင်ရောင်းစားခံရသူ မ---  နဲ့ ဖုန်းအဆက်အသွယ်ရခဲ့ပါတယ် မ ---  လည်း ယွမ်(၃၁ ၀၀၀)ပေးလျော်ပြီး နေအိမ်သို့ပြန်ရောက်နေကြောင်း ၊ မြစ်ကြီးနားရှိ မိတ်ဆွေများ မှတစ်ဆင့် သက်ဆိုင်ရာ အဇွဲ့အစည်းများထံ  အကူအညီတောင်းခံ ပေးမည်ဖြစ်ကြာင်း ပြောဆိုပါတယ်၊ ဒီဇင်ဘာလ ၁၁ရက်နေ့တွင် လွယ်ဂျယ်လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့ရုံး၏ ဖုန်းနံပါတ်ကို ဆက်သွယ် အကူအညီတောင်းခံခဲ့ပါတယ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် တရုတ်-မြန်မာ နယ်စပ်ဂိတ်မှ တစ်ဆင့် မြန်မာနိုင်ငံ၊ လွယ်ဂျယ်မြို့ရှိ လူကုန်ကူးမှုတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့ထံ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့၍ မြန်မာနိုင်ငံသို့ ပြန်ရောက်ခဲ့ပါတယ်”

၂၀၁၄ ခုနှစ် ဇန်န၀ါရီလ(၁) ရက်နေ့တွင် လူကုန်ကူးခံရသူကိုယ်တိုင် တရားလိုပြုလုပ်ပြီး မငြိမ်းငြိမ်း(ခ) အားလွယ် ၊(၃၂)နှစ်ခန့်၊ တရုတ်နိုင်ငံ၊ ရင်ကျန်းမြို့နေသူအား ဥပဒေအရ အရေးယူပေးရန် တိုင်တန်းသဖြင့် လွယ်ဂျယ်ရဲစခန်းမှ (ပ) ၁။၂၀၁၄၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့်အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့သည်။

အဆိုပါလူကုန်ကူးခံရသူ မ----- အား မူဆယ်မြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ လူကုန်ကူးခံရသူများ ယာယီစောင့်ရှောက်ရေးဂေဟာတွင် အပ်နှံထားရှိကြောင်း သိရှိရသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံလူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးအတွက် မူဆယ်-ရွှေလီ၊ လွယ်ဂျယ်-ကျန်းဖုန်း၊ နှင့် လောက်ကိုင်-နန်ဆန်း နယ်စပ်ဆက်ဆံရေးရုံး(၃)ရုံးကို အသီးသီး အပြန်အလှန်ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၁၂ခုနှစ် ဇန်န၀ါရီလ မှ ဒီဇင်ဘာလအထိ နှစ်နိုင်ငံ ပူးပေါင်းဖော်ထုတ်မှုအနေဖြင့် လူကုန်ကူးမှု(၁၈)မှု၊ တရားခံ ကျား(၆)ဦး၊ မ(၂၅)ဦး၊ လူကုန်ကူးခံရသူ မ(၂၀)ဦးတို့ဖြစ်ပြီး ပူးပေါင်းဖမ်းဆီး သည့်တရားခံမှာ ကျား(၄)ဦး၊ မ(၁၈)ဦး တို့ဖြစ်သည် တရုတ်နိုင်ငံမှ လွှဲပြောင်းပေးသည့် တရာခံအရေအတွက်မှာ ကျား(၄)ဦး၊ မ(၁၈)ဦးနှင့် လူကုန်ကူး ခံရသူအရေအတွက်မှာ ကျား(၃၈)ဦး၊ မ(၁၁၇)ဦး တို့ဖြစ်ကြောင်း  လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ သတင်းအရ သိရှိရသည်။

မင်းနိုင်(လူကုန်တား)