World Vision နှင့် FXB တို့မှ လူငယ်သရုပ်ပြအဖွဲ့တို့က လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဆိုင်ရာ အသိပညာပေးပြဇာတ်ကို တင်ဆက်ကပြဖျော်ဖြေ၍ အခမ်းအနား စတင်ဖွင့်လှစ်ခဲ့သည်။ ထိုနောက် တေးသံရှင် ဖြူဖြူကျော်သိန်း၊ ဖြိုးကြီး၊ သန္တာဗိုလ်နှင့် ထက်နေကြည်တို့မှ အကအဖွဲ့များဖြင့် သီးချင်းများသီဆိုဖျော်ဖြေခြင်း၊ လူကုန်ကူးမှုရပ်ဆောင်ပုဒ်အား ပရိတ်သတ်နှင့်သံပြိုင်ကြေးကြော်ခြင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေးပြောကြားခြင်းပြုလုပ်ခဲ့ကြသည်။
သက်ဆိုင်ရာ မွန်ပြည်နယ်၊ ကရင်ပြည်နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥက္ကဌများမှလည်း လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ပြောကြားခဲ့ပြီး လူမှုဝန်ထမ်း ဦးစီးဌာနမှ လူကုန်ကူးခံရသူများအား ကယ်တင်စောင့်ရှောက်ခြင်းလုပ်ငန်းစဉ်များအကြောင်းကို လည်းကောင်း၊ World Vision (Myanmar) မှ လူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ ကို လည်းကောင်း ပြောကြားခဲ့သည်။
ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဖိတ်ကြားထားသော တိုင်း/ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဧည့်သည်တော်များ၊ NGO / INGO များနှင့် ပြည်သူလူထု(၅၀၀၀)ကျော်စီ လာရောက်ကြည့်ရှုခဲ့ပြီး မော်လမြိုင်/ ဘားအံ လူကုန်ကုးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု၊Walk Free / World Vision (Myanmar) / Save The Children / FXB / IOM / ILO / MTV Exit တို့မှ လူကုန်ကူးမှုအသိပညာပေး လက်ကမ်းစာစောင်များ၊ ပို့စကဒ်များနှင့် စတေကာများ ဖြန့်ဝေပေးခဲ့သည်။
၂၀၁၃ခုနှစ် အောက်တိုဘာလ ၂၅ ရက် ညတွင်လည်း ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကိုးသိန်းမိုးလုံလေလုံအားကစားကွင်းတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး တေးဂီတဖျော်ဖြေပွဲကို ဆက်လက် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment