About This Blog

မြန်မာနိုင်ငံအတွင်း ကြီးထွားလာသော လူကုန်ကူးမှုအား တိုက်ဖျက်ရန် ရည်မှန်းပြီး တစ်ဖက်တစ်လမ်းမှ အသိပညာပေးအစီအစဉ်များ ပြုလုပ်ရန် ရည်ရွယ်ထားပါသည်။

Thursday, January 9, 2014

ပထမအကြိမ် မြန်မာ-အမေရိကန် နှစ်နိုင်ငံလူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေး ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပပြုလုပ်

ပထမအကြိမ် မြန်မာ-အမေရိကန် နှစ်နိုင်ငံလူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာဆွေးနွေးပွဲ    ကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ၂၀၁၃ခုနှစ်၊ သြဂုတ်လ (၁)ရက်နေ့(၀၉၀၀)အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ အတွင်းရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ ရဲချုပ်ဇော်ဝင်းနှင့် ဗဟိုကိုယ်စားလှယ်များ၊ နိုင်ငံတော်သမ္မတအကြံပေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲဦးစီးအရာရှိချုပ် ရဲံဦးချုပ် ခင်မောင်စီ နှင့် ရဲအရာရှိကြီးများ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ NGOs, INGOs များ၊ အမေရိကန်နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာသံအမတ်ကြီး Mr. Luis Cdebaca ကိုယ်စားလှယ် (၃)ဦး စုစုပေါင်းအင်အား (၄၇)ဦး တက်ရောက်ခဲ့သည်။
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၁၈)ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သော မြန်မာ-အမေရိကန် လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ Joint Plan ကို အကောင်အထည်ဖော်ဆောင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။
ဆွေးနွေးပွဲတွင် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့တို့သည် မြန်မာနိုင်ငံ၏ လက်ရှိလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းစဉ်နှင့် ဆောင်ရွက်နေမှုများ တွေ့ကြုံရ သည့် စိန်ခေါ်မှုများနှင့် အခက်အခဲများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များမြန်မာနိုင်ငံ၏ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင် အမေရိကန်နိုင်ငံ၏ ကူညီဆောင်ရွက်ပေးနိုင်မှုများ၊ နှစ်နိုင်ငံဘက် မှ သိရှိလိုသည်များနှင့် အတွေ့အကြုံများအား အပြန်အလှန်ဖလှယ်ဆွေးနွေးခဲ့ကြပြီး (၁၇၁၅)အချိန်တွင် တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment