About This Blog

မြန်မာနိုင်ငံအတွင်း ကြီးထွားလာသော လူကုန်ကူးမှုအား တိုက်ဖျက်ရန် ရည်မှန်းပြီး တစ်ဖက်တစ်လမ်းမှ အသိပညာပေးအစီအစဉ်များ ပြုလုပ်ရန် ရည်ရွယ်ထားပါသည်။

Wednesday, January 8, 2014

လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဖွဲ့စည်းခြင်း





မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာ့နိုင်ငံအနှံအပြားတွင် လူကုန်ကူးမှုပြဿနာသည် တဖြည်းဖြည်းရှေ့သို့ရောက်ရှိလာသောပြ ဿနာတစ်ရပ်ဖြစ်လာပါသည်။မြန်မာနိုင်ငံသည်လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းကို ၁၉၉၇ခုနှစ်မှစ၍အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်သတ်မှတ်ခဲ့ပြီး၊ ၂၀၀၁ခုနှစ်တွင်လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်း၏အဖွဲ့ ၀င်နိုင်ငံအဖြစ်ဝင်ရောက်ခဲ့ပါသည်။
၂၀၀၄ခုနှစ်၊အောက်တိုဘာလ (၂၉) ရက်နေ့တွင်ရန်ကုန်မြို့၌မဲခေါင်မြစ်ဝှမ်းဒေသအတွင်းရှိနိုင်ငံ(၆)နိုင်ငံမှဝန်ကြီးများ သည်လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာနားလည်မှုစာချွန်လွှာကိုသဘောတူလက်မှတ်ရေးထိုးခဲ့ကြပါသည်။
၂၀၀၅ခုနှစ်တွင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေကိုနိုင်ငံတကာစံနှုန်းနှင့်အညီပြဋ္ဌာန်းခဲ့ပြီး၊လူကုန်ကူးမှုပြ ဿနာကိုထိရောက်စွာတားဆီးနိုင်ရန်အတွက် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအထူးအဖွဲ့များ ဖွဲ့စည်းကာ တားဆီး နှိမ်နင်းရေးလုပ်ငန်းများကိုအရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ပါသည်။

လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပါပြဋ္ဌာန်းချက်များကိုထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် လူကုန်ကူးမှုတားဆီးရေးဗဟိုအဖွဲ့ကို ပြည်ထောင်စုဝန်ကြီး၊ပြည်ထဲရေးဝန်ကြီးဋ္ဌာနမှ ဥက္ကဋ္ဌ၊ရဲချုပ်မှအတွင်းရေး မှူး၊ရဲဦးစီးအရာရှိချုပ်မှတွဲဖက်အတွင်းရေးမှူးအဖြစ်ဆောင်ရွက်ကာသက်ဆိုင်ရာဝန်ကြီးဋ္ဌာများမှဒုတိယ၀န်ကြီးများ၊ဋ္ဌာန ဆိုင်ရာများ၊အဖွဲ့အစည်းများမှတာဝန်ရှိသူများနှင့်ဖွဲ့စည်းထားပါသည်။
သက်ဆိုင်ရာတိုင်းဒေသကြီး/ပည်နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ကို တိုင်းဒေသကြီး^ပြည်နယ်အုပ်ချုပ်ရေး မှူး(အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန)မှဥက္ကဋ္ဌ၊တိုင်းဒေသကြီး/ပည်နယ်ရဲတပ်ဖွဲ့မှူးမှ ဒုတိယဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ကာ သက်ဆိုင်ရာတိုင်း^ပြည်နယ်အဆင့်တာဝန်ရှိသူများနှင့်ဖွဲ့စည်းထားပါသည်။ခရိုင်အဆင့်မြို့နယ်အဆင့်များလည်းထိုအ တိုင်းပင်ဖွဲ့စည်းထားပါသည်။
၂၀၀၃ခုနှစ်၊ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် မြန်မာနိုင်ငံနှင့်သြစတြေးလျနိုင်ငံတို့လက်မှတ်ရေးထိုးခဲ့သောနားလည်မှုစာ ချွန်လွှာအရအာရှဒေသအတွင်း လူကုန်ကူးမှုတားဆီးကာကွယ်ရေးစီမံကိန်း (Asia Regional Cooperation to Prevent People Trafficking-ARCPPT) ကလေ့ကျင့်ပေးသည့်ရဲအရာရှိ (၄၀)ဦးပါဝင်သောလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအ ထူးတပ်ဖွဲ့ကို ၂၀၀၄ခုနှစ် ဇွန်လတွင်ဖွဲ့စည်းခဲ့ပါသည်။၂၀၀၆-၂၀၁၁ ခုနှစ်အထိရန်ကုန်၊မန္တလေး၊ဗန်းမော်၊ ကလေး၊မူ ဆယ်၊တာချီလိတ်၊မြ၀တီ၊မော်လမြိုင်၊ကော့သောင်း၊မြစ်ကြီးနား၊ကျိုင်းတုံ၊တောင်ကြီး၊ လားရှိုး၊မြိတ်၊မိတ္တီလာ၊မကွေး၊ မောင်တော၊ပဲခူး၊ပုသိမ်၊စစ်တွေ၊လွယ်ဂျယ်၊လောက်ကိုင်နှင့်ချင်းရွှေဟော်မြို့တို့တွင် အထူးအဖွဲ့များတိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။
လက်ရှိအခြေအနေတွင် ထိုအထူးအဖွဲ့ပေါင်း(၂၆)ဖွဲ့ကိုသက်ဆိုင်ရာတိုင်းဒေသကြီး^ပြည်နယ်ရဲတပ်ဖွဲ့များမှ ထုတ်နှုတ်အင် အားများဖြင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။
လူကုန်ကူးမှုပြဿနာများကိုပိုမိုထိရောက်စွာတားဆီးနိုင်ရန်နှင့် ဒေသတွင်းနိုင်ငံများ၊ကမ္ဘာ့နိုင်ငံအသီးသီးတို့နှင့်ပူးပေါင်း ဆောင်ရွက်နိုင်ရန်တို့အတွက်  

လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ကို ၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလ(၂၄)ရက်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှဖွဲ့စည်းခွင့်ပြုခဲ့ပါသည်။
မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာဒုတိယ(၅)နှစ်စီမံကိန်း(၂၀၁၂-၂၀၁၆)တွင်လုပ်ငန်းကဏ္ဍ (၅)ရပ်သတ်မှတ် ထားပါသည်။
(၁)    မူဝါဒနှင့်ပူးပေါင်းဆောင်ရွက်ရေး၊
(၂)    ကြိုတင်တားဆီးကာကွယ်ရေး၊
(၃)    တရားစွဲဆိုရေး၊
(၄)    လူကုန်ကူးခံရသူများအားကာကွယ်စောင့်ရှောက်ရေး၊
(၅)    စွမ်းရည်မြှင့်တင်ရေး၊
 

ပြည်တွင်း ရွှေ့ပြောင်းနေထိုင်လုပ်ကိုင်မှုများလာ၊ လူကုန်ကူးမှု အချက်အလက်များသိသင့်

ပြည်တွင်း ရွှေ့ပြောင်းနေထိုင်လုပ်ကိုင်မှုများလာ၊ လူကုန်ကူးမှု အချက်အလက်များသိသင့်



တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းနေထိုင် အခြေချခြင်းနှင့် အလုပ်လုပ်ကိုင်ကြခြင်းများသည် ယခု
နောက်ပိုင်းကာလများတွင် ပိုမိုများပြားလာသဖြင့် လူကုန်ကူးခံရနိုင်သော အခြေအနေတစ်ရပ်
မဖြစ်လာစေရန် လူကုန်ကူးမှုနှင့် ပတ်သက်သော အချက်အလက် ဗဟုသုတများကို သိထားရန် လိုအပ်လာကြောင်း၊ ပြည်သူများအနေဖြင့်လည်း မိမိပတ်ဝန်းကျင်ကို သတိကြီးကြီးထားကာ လူကုန်ကူးမှု ပပျောက်စေရန်အတွက် သက်ဆိုင်ရာနှင့် ပူးပေါင်းလက်တွဲကာ တိုက်ဖျက်ကြရန် လိုအပ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ မှ သိရသည်။ 

လူအများ၏စိတ်ထဲတွင် မိမိအခြေချနေထိုင်ရာနေရာကို စွန့်ခွာချင်သောစိတ် မရှိသော်လည်း၊ မိမိနေထိုင်ရာနေရာ၏ အလုပ်အကိုင် အခွင့်အလမ်းများထက် တခြားနေရာများမှ မက်မော လောက်သော အလုပ်အကိုင်အခွင့်အလမ်းများ၏ ဆွဲဆောင်မှုကြောင့် ရွှေ့ပြောင်းနေထိုင် လုပ်ကိုင်ကြမှုကိုတားဆီး၍ မရနိုင်သဖြင့် လူကုန်ကူးမှုနှင့်ပတ်သက်သော ဗဟုသုတများ၊ သတင်းအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့်သိထားရန် လိုအပ်လာကြောင်း ကုလသမဂ္ဂ လူကုန်ကူးမှု တိုက်ဖျက်ရေး (UNIAP) မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

ရွှေ့ပြောင်းလုပ်ကိုင်ကြတာမျိုးကိုတော့ တားလို့မရနိုင်ပါဘူး။ တခြားနိုင်ငံပဲဖြစ်ဖြစ်၊ တခြားဒေသပဲ ဖြစ်ဖြစ် ကိုယ်အကျွမ်းတဝင်မရှိတဲ့ဒေသတွေမှာ သွားရောက် လုပ်ကိုင်ကြတော့မယ်ဆိုရင် ဒီလူကုန်ကူးမှုနဲ့ ပတ်သက်တဲ့အချက်တွေ၊ ဗဟုသုတတွေသိထားရင် အကောင်းဆုံးပဲ။ ရွေ့ပြောင်း အခြေချမှု၊ အလုပ်လုပ်ကိုင်မှုနဲ့ လူကုန်ကူးမှုက တိုက်ရိုက်အချိုး မကျဘူး ဆိုပေမယ့်၊ လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ၊ အသိပညာတွေကို နေရာအနှံ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင် လုပ်ဖို့ လိုပါတယ် ဟု ၄င်းက ဆက်ပြောပြသည်။

ထို့ပြင် တစ်ခါတစ်ရံတွင် လူကုန်ကူးခံရသူများ အနေဖြင့် မိမိနေထိုင်ရာ ဒေသရင်း၏ အလုပ်အကိုင်၊ အခွင့်အလမ်း နည်းပါးမှုကြောင့် ရွှေ့ပြောင်းအခြေချ လုပ်ကိုင်ခြင်းကို တားဆီး ပိတ်ပင်ဖို့ရန် မဖြစ်နိုင်ကြောင်း၊ ဗဟုသုတနည်းပါးမှုပေါ်တွင် အခွင့်ကောင်းယူ၍ လူကုန်ကူးတတ်ကြခြင်းကိုသာ အသိပညာပေးမှုများ လုပ်ပေးရန် လိုအပ်ကြောင်း သိရသည်။
တခြားနေရာကလစာကောင်းတယ်၊ အလုပ်ပိုကောင်းတယ် ဆိုတဲ့သတင်းတွေက ဆွဲအားကောင်းသလို၊ ကိုယ်လက်ရှိနေတဲ့ဒေသက စားဝတ်နေရေးအတွက် အခက်အခဲ ကြုံလာနေတဲ့ ကိစ္စကလည်း တွန်းအားဖြစ်စေတယ်။ ဒါကြောင့် ရွှေပြောင်းနေထိုင် လုပ်ကိုင်ကြမှုတွေ ဖြစ်လာကြတာ။ ဒါ့ကြောင့် ပတ်ဝန်းကျင်မှာ ရွှေ့ပြောင်းနေထိုင် လုပ်ကိုင်ကြမယ့် ဖြစ်နိုင်ခြေရှိတဲ့သူတွေကို ဘေးအန္တရာယ် မဖြစ်အောင်သာ သိသင့်သိအပ်တဲ့ သတင်းအချက်အလက်တွေ ပံ့ပိုးကူညီပေးရမှာပါ။ မဖြစ်သင့်တာတွေမဖြစ်အောင်၊ ဆောင်ရန်၊ ရှောင်ရန်တွေ၊ ဖြစ်ခဲ့ရင်တောင်အကူအညီရနိုင်မယ့် နေရာတွေ၊ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကအစ သိသင့်သိအပ်တာတွေကို သိအောင် လုပ်ပေးထား သင့်ပါတယ် ဟု ၄င်းက ပြောသည်။

လူကုန်ကူးမှု အရေးပေါ် အကူအညီဖုန်းလိုင်း ထိုင်းမှာဖွင့်မည်

ထိုင်းနိုင်ငံတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အရေးပေါ် အကူအညီ တောင်းနိုင်တဲ့ ဘာသာစကားပေါင်းစုံ အရေးပေါ် ဖုန်းလိုင်းတွေကို ခေါ်ယူနိုင်ဖို့အရေး ထိုင်း-မြန်မာ နှစ်နိုင်ငံ သဘောတူညီမှုနဲ့ ကုလသမဂ္ဂ အပါအဝင် အလုပ်သမားရေး လှုပ်ရှားတဲ့ တိုင်းရင်းသားအဖွဲ့ပေါင်းစုံက ပူးပေါင်း ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အပြည့်အစုံကို UNIAP ကို ဆက်သွယ်မေးမြန်းထားတဲ့ VOA မှ မဆုမွန် က တင်ပြထားပါတယ်။

ထိုင်း-မြန်မာ နှစ်နိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းလှုပ်ရှားမှု စီမံကိန်းတွေကို လူကုန်ကူးမှု အဖြစ်များတဲ့ ထိုင်း-မြန်မာနယ်စပ်တလျှောက်နဲ့ ထိုင်းနိုင်ငံတဝှမ်း စတင် အကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။ ထိုင်း-မြန်မာ နယ်စပ်တလျှောက် လူကုန်ကူးမှု တိုက်ဖျက်ရေး နှစ်ဘက် ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ပြီး နယ်စပ်ကနေတဆင့် လူကုန်ကူးမှုတွေ မဖြစ်အောင် တားဆီးနိုင်ဖို့ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံတွင်း ၂၄ နာရီ၊ နောက် ရုံးချိန်တွေအတွင်း အရေးပေါ် အကူအညီ တောင်းနိုင်တဲ့ အဖွဲ့အစည်းတွေရဲ့ ဖုန်းနံပါတ်ပါ လက်ကမ်းစာစောင်တွေကိုလည်း ထိုင်းနိုင်ငံတဝှမ်း အလုပ်သမားတွေ ရှိတဲ့နေရာတွေမှာ အလုပ်သမားရေး လှုပ်ရှားသူတွေက ပညာပေး ဖြန့်ဝေပေးထားတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံတွင်းက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အရေးပေါ် အကူအညီတွေ အမြန်ပေးနိုင်အောင် အဓိက ဆောင်ရွက်ပေးနေတာ ဖြစ်တယ်လို့ လူကုန်ကူးမှု တိုက်ဖျက်ရေး ကုလသမဂ္ဂစီမံချက်အဖွဲ့ UNIAP က အရေးပေါ်ဖုန်းလိုင်း တာဝန်ခံ ဦးမောရစ် က ဗွီအိုအေမြန်မာပိုင်း ကို ပြောပါတယ်။

“အဓိကကတော့ ကျနော်တို့ ဒီ Hotline ကို set up လုပ်တယ်ဆိုတာက ဒီနှစ်နိုင်ငံ MOU အစီအစဉ်နဲ့ Migrant Worker တွေကို Illegal ကနေ Legally ဖြစ်အောင်လေ အဲ့ဒီ Information တွေကို ပေးဖို့၊ ပြီးတော့ သူတို့အတွက် Trafficking နဲ့ပတ်သက်ပြီးတော့မှ အချက်အလက်တွေသိအောင်၊ ရအောင်၊ ပြီးတော့ လိုအပ်တဲ့ အကူအညီလေးတွေကို အချိန်မှီ ကူညီနိုင်ဖို့အတွက် ဒီ အရေးပေါ် Hotline ကို လုပ်ထားတာပါ။ ဒီမှာကတော့ အခု လောလောဆယ်တော့ Migrant Register တို့၊ နောက် Temporary Passport Process တွေ၊ အဲ့ဒါတွေနဲ့ ပြီးတော့ MOU နှစ်နိုင်ငံကနေ တင်သွင်းလာတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး အရေးတွေ၊ အဲ့ဒါတွေ သူတို့ အဓိကထားပြီး ခေါ်တာတော့များတယ်။ တခါတလေကျတော့လည်း Trafficking Case တွေလည်း ခေါ်လာတာရှိသလို၊ Trafficking Information တွေလည်း ခေါ်လာတာရှိတယ်။ နောက်တခုက စက်ရုံ၊ အလုပ်ရုံတွေမှာ ဘယ်လို ခေါင်းပုံအဖြတ်ခံရတယ်၊ အလုပ်ရှင်က အလုပ်ခိုင်းပြီးတော့မှ လစာမပေးတာတို့။ သူတို့ရဲ့ ပတ်စ်ပို့တွေကို သိမ်းထားတာတို့၊ ပွဲစားတွေကနေတဆင့် ခေါင်းပုံဖြတ်ခံရတာတို့၊ အဲဒါမျိုးလေးတွေပေါ့။”

ဒီအရေးပေါ် ဖုန်းလိုင်းတွေကို တရားဝင် အလုပ်လုပ်ကိုင်ခွင့်ဆိုင်ရာ အလုပ်သမားရေးဆိုင်ရာကိစ္စတွေ၊အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတဲ့အခြေအနေတွေနဲ့ ထိုင်းနိုင်ငံတွင်း တရားဥပဒေဆိုင်ရာ သူတို့သိလိုတဲ့ အချက်တွေကို ဆက်သွယ်မေးမြန်းကြတာ များတယ်လို့ ဆိုပါတယ်။

ဒီလိုဆက်သွယ်မေးမြန်းလာတဲ့အခါ ထိုင်းနိုင်ငံရောက် မြန်မာအပါအဝင် တိုင်းရင်းသား လူမျိုးပေါင်းစုံအတွက် ဘာသာစကား အခက်အခဲ မရှိရအောင် အလုပ်သမားရေး လှုပ်ရှားနေသူ တိုင်းရင်းသား အဖွဲ့အစည်းတွေဘက်ကလည်း အရေးပေါ် ဖုန်းလိုင်း ဆက်သွယ်မှုမှာ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြတယ်လို့ UNIAP က အရေးပေါ် ဖုန်းလိုင်းတာဝန်ခံ ဦးမောရစ် က ပြောပြပါတယ်။

“ထိုင်းနိုင်ငံမှာဆို Migrants Working group အဖွဲ့ဆိုတာ ရှိတယ်လေ။ အဲဒီအဖွဲ့တွေကနေပြီးတော့မှ information ပေးတာတွေရှိတယ်။ အဲဒီအဖွဲ့တွေနဲ့လည်း ကျနော်တို့က ပူးတွဲပြီး လုပ်တဲ့အခါကျလို့ရှိရင် သဘောတခုက မြန်မာစကား မပြောတတ်ဘူး၊ မသဲကွဲတဲ့ ဟာမျိုးဆိုလို့ရှိရင် ကျနော်တို့ရဲ့ Partner organization တွေပေါ့လေ၊ NGOs တွေနဲ့ တွဲပြီးတော့မှ လုပ်ပေးတာတွေရှိတယ်။ သဘောတခုက ကျနော့်ဆီ ခေါ်လာပြီဗျာ၊ ကရင်လို ပြောတယ်ဆိုရင် ကျနော်က ကရင်လို ပြောတတ်လို့ရှိရင် ပြန်ပြီးတော့ ကရင်လိုပြောပေးတယ်။ ဗမာလိုလည်း ပြောတတ်တာ သိပ်မလည်မ၀ယ်ဘူး၊ ရှမ်းလိုပိုပြီးတော့ ပြောတတ်တယ်ဆိုရင် MAP Foundation တို့ ဘာတို့ရှိတယ်လေ။ ချင်းမိုင်မှာ အခြေစိုက်တဲ့ MAP Foundation တို့၊ တခြား Rak Thai Foundation တို့ တခြားသော NGOs တွေ အများကြီး ရှိပါတယ်။ International NGOs တွေ World Vision တို့ IOM တို့ အဲဒီလိုမျိုးကို ကျနော်တို့က ပြန်ပြီးတော့ လွှဲပေးတယ်ခင်ဗျ။”

ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ မိမိတို့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ တရားဥပဒေကြောင်းအရအမြန်ဆုံးဖြေရှင်းနိုင်ဖို့ ထိုင်း၊ ရှမ်း၊ မြန်မာ၊ ကရင်၊ စကောကရင်၊ ပိုးကရင်၊ ရခိုင်၊ မွန် စတဲ့ တိုင်းရင်းသား ဘာသာစကားပေါင်းစုံနဲ့ ၂၄ နာရီအတွင်း ဒါမှမဟုတ် ရုံးချိန်အတွင်း အရေးပေါ် ဖုန်းလိုင်းတွေမှာ အကူအညီ တောင်းနိုင်သလို ထိုင်းနိုင်ငံတွင်း လူကုန်ကူးမှုဆိုင်ရာ အရေးပေါ်နံပါတ် ၁၃၀၀ ကိုလည်း ခေါ်ဆိုနိုင်တယ်လို့ လူကုန်ကူးမှု တိုက်ဖျက်ရေး ကုလသမဂ္ဂစီမံချက်အဖွဲ့ UNIAP က ဆိုပါတယ်။

ထိုင်းနိုင်ငံတွင်နေထိုင်သူ မြန်မာနိုင်ငံသား ကိုမျိုး (ခ) အောင်မျိုးမင်း အား အကြီးမားဆုံး လူကုန်ကူးမှု တရားခံ အဖြစ်သတ်မှတ်

ရန်ကုန် ၊ ၁၂-၈-၂၀၁၃
ထိုင်းနိုင်ငံတွင် ဆယ်စုနှစ် များစွာ အခြေချ နေထိုင်လျက် ရှိသူ မြန်မာ နိုင်ငံသား ကိုမျိုး (ခ) အောင်မျိုးမင်း အား မြန်မာနိုင်ငံ လူကုန်ကူးမှု သမိုင်း၌ အကြီးမားဆုံး လူကုန်ကူးမှု တရားခံ အဖြစ် သတ်မှတ်ကာ တရားစွဲဆို နိုင်ရန် အတွက် ထိုင်းနိုင်ငံ ဥပဒေ များနှင့်အညီ အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ ဒုတိယ တပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်ထွန်း က ပြောကြားသည်။



UNIAP နှင့် ထိုင်းနိုင်ငံ အခြေစိုက် Myanmar Association Thailand ( MAT ) အဖွဲ့မှာ ကာတန်ခရိုင် ရှိ ထိုင်းငါးဖမ်း လှေဆိပ်များတွင် မြန်မာ လုပ်သားများ လူကုန်ကူးခံ နေရခြင်းကို ဖော်ထုတ် ကယ်တင်နိုင်ရန် ထိုင်းနိုင်ငံ အထူး စုံစမ်း စစ်ဆေးရေး ဌာန ( DSI ) သို့ သတင်းပေးပို့ ခဲ့ရာ မတ်လ ၁၀ ရက်က ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ နှင့် လူဝင်မှု ကြီးကြပ်ရေးတို့ ပူးပေါင်း၍ စုံစမ်းမှုများ ပြုလုပ်ကာ လူကုန်ကူး ခံရသူ မြန်မာနိုင်ငံသား ၁၄ ဦးကို ကယ်တင် နိုင်ခဲ့ပြီး လူကုန်ကူးသူ အေးမင်း ကို ဖမ်းဆီးနိုင်ခဲ့ သည်ဟု မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ မှ သိရသည်။ " ကျွန်တော် ငါးဖမ်းစက်လှေ ၃ စင်းမှာ ၃ ခါ ရောင်းစား ခံရပြီး ၂ နှစ်ကျော် ကြာလုပ်ခဲ့ ရပေမယ့် လုပ်အားခတွေ အိမ်ကို တစ်ပြားမှ ပြန်မပို့နိုင် ခဲ့ပါဘူး .... " ဟု ကိုမျိုး (ခ) အောင်မျိုးမင်း ၏ ရောင်းချခြင်း ခံခဲ့ရပြီး ပြန်လည် လွတ်မြောက် လာသူ အောင်ဖြိုးဝေ က ပြောသည်။



ထို့ပြင် ကိုမျိုး (ခ) အောင်မျိုးမင်း သည် စက်လှေများကို တစ်ဆင့် ပြန်လည် ရောင်းချမည့် လုပ်သားများကို ညှဉ်းပန်း နှိပ်စက်ကာ အမျိုးသမီး များကို အဓမ္မ ပြုကျင့် ခဲ့သည့်အပြင် လုပ်အားခ များကို ခေါင်းပုံဖြတ် ခဲ့ကြောင်း မျက်မြင် တွေ့ခဲ့ရသူ အောင်ဖြိုးဝေ က ပြောကြား ခဲ့သည်။



ပြန်လည် လွတ်မြောက် လာသူ ၁၄ ဦးနှင့် လူကုန်ကူးသူ အေးမင်း တို့၏ ထွက်ဆိုချက် များအရ ကိုမျိုး (ခ) အောင်မျိုးမင်း မှာ လူကုန်ကူးမှု နှင့် လူသတ်မှု များတွင် အဓိက ခေါင်းဆောင်သူ တစ်ဦးအဖြစ် ဖော်ထုတ် နိုင်ခဲ့ပြီး DSI က ဇူလိုင်လ ၁၀ ရက်တွင် ကိုမျိုး (ခ) အောင်မျိုးမင်း လူသတ်မှု ကျူးလွန်ရာတွင် မျက်မြင် သက်သေ ဖြစ်ခဲ့သူ များအား ရနောင်းမြို့ တွင် သွားရောက် တွေ့ဆုံ အတည်ပြု ခဲ့ပြီး ဆက်လက် စုံစမ်းခဲ့ရာ စူရတ်ဌာနီ ဒေသတွင် နေထိုင်လျက် ရှိကြောင်း အဆိုပါ ဒေသ စတိုးဆိုင် များရှိ CCTV မှတ်တမ်းများမှ ဖော်ထုတ် နိုင်ခဲ့သည်။



ထို့နောက် သြဂုတ်လ ၁ ရက်တွင် ထိုင်းနိုင်ငံ အာဏာပိုင် အဖွဲ့အစည်း များနှင့် မြန်မာသံရုံး မှ တာဝန်ရှိ သူများ ပူးပေါင်းကာ စူရတ်ဌာနီ ရှိ ရော်ဘာတော တွင် ပုန်းအောင်းနေသည့် ကိုမျိုး (ခ) အောင်မျိုးမင်း နှင့် အပေါင်းအပါ ၃ ဦးကို ဖမ်းဆီး နိုင်ခဲ့သည်။ ကိုမျိုး (ခ) အောင်မျိုးမင်း အား ဖမ်းဆီးရာတွင် ၄င်းက လက်နက်ဖြင့် ပြန်လည် ခုခံသဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ရာ တင်ပါးဆုံတွင် သေနတ်ဒဏ်ရာ ရရှိပြီး စူရတ်ဌာနီ ဆေးရုံကြီး တွင် ဆေးကုသမှု ပေးထားကြောင်း သိရသည်။



မြန်မာနိုင်ငံသား ဖြစ်သူ ကိုမျိုး (ခ) အောင်မျိုးမင်း အား ဥပဒေအရ ဆောင်ရွက်မှုများ ပြုလုပ်ရာတွင် " လတ်တလော မှာ ထိုင်းနိုင်ငံရဲ့ တရားစီရင်မှု တွေနဲ့ပဲ ဆောင်ရွက် သွားမှာပါ ၊ အခု ဖြစ်စဉ်က နှစ်နိုင်ငံ ဆက်လက် ညှိနှိုင်း သွားရမယ့် ကိစ္စဖြစ်တယ် ၊ လူသတ်မှု အတွက် မျက်မြင်တွေ ပြောပြနိုင်မယ့် သူတွေကို မေးမြန်း နေဆဲ ကာလပဲ ရှိသေးတယ် ၊ လူကုန်ကူးမှု ကို စစ်ဆေး နေတယ် ၊ မုဒိမ်းမှုကို အတည်ပြုဖို့ အတွက် ပြန်ဖော်ထုတ်ပြီး စီစဉ် နေတာ ရှိတယ် ၊ ဒီဖော်ထုတ်မှု တွေပေါ်မှာ မူတည်ပြီး တရားစွဲဆိုမှု တွေ ဆက်လုပ် သွားမယ် ၊ အရေးယူ ဆောင်ရွက်ဖို့ အတွက် သူတို့က သက်သေ လိုချင်တယ် ဆိုရင် မြန်မာ နိုင်ငံဘက် က အဝေးရောက် ထွက်ဆိုချက်တွေ ၊ မျက်မြင် သက်သေတွေ ကို မေးမြန်းပြီး နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက် သွားမှာ ဖြစ်တယ် .... " ဟု ရဲမှူးကြီး ၀င်းနိုင်ထွန်း က ပြောကြား ခဲ့သည်။



" ပြန်လွဲဖို့ ကိစ္စကိုတော့ နောက်မှ ကျွန်တော်တို့ ဆောင်ရွက် သွားမှာ ဖြစ်တယ် ၊ ဒီဘက်မှာလည်း အမှုတွေ ဖွင့်ထားတာ ရှိသေးတယ် ၊ ဒါကြောင့် သူတို့ဘက်က ဆောင်ရွက်ချက် တွေကို လျင်လျင် မြန်မြန် ပြီးအောင် ဆောင်ရွက် နိုင်ဖို့ အဓိက ထားပြီး ပံ့ပိုးသွားမှာ ဖြစ်တယ် .... " ဟု ရဲမှူးကြီး ၀င်းနိုင်ထွန်း က ဆက်လက် ပြောကြား ခဲ့သည်။



ယခုနှစ် မေလ ၂၉ ရက်က ထုတ်ပြန်သော EJF ( Environmental Justice Foundation ) ၏ အစီရင်ခံစာတွင် ကိုမျိုး (ခ) အောင်မျိုးမင်း အား လူကုန်ကူးမှု ၊ လူသတ်မှု နှင့် အဓမ္မ ကျူးလွန်မှုများ ပြုလုပ် ခဲ့သည်ဟု မျက်မြင် သက်သေများ၏ ထွက်ဆိုချက် များကို ၄င်းတို့၏ ဓာတ်ပုံ များနှင့်တကွ ဖော်ပြ ထားကြောင်း သိရှိရသည်။