မြန်မာနိုင်ငံအတွင်း ကြီးထွားလာသော လူကုန်ကူးမှုအား တိုက်ဖျက်ရန် ရည်မှန်းပြီး တစ်ဖက်တစ်လမ်းမှ အသိပညာပေးအစီအစဉ်များ ပြုလုပ်ရန် ရည်ရွယ်ထားပါသည်။
About This Blog
မြန်မာနိုင်ငံအတွင်း ကြီးထွားလာသော လူကုန်ကူးမှုအား တိုက်ဖျက်ရန် ရည်မှန်းပြီး တစ်ဖက်တစ်လမ်းမှ အသိပညာပေးအစီအစဉ်များ ပြုလုပ်ရန် ရည်ရွယ်ထားပါသည်။
Labels
Monday, January 13, 2014
မြ၀တီနယ်စပ်တွင် ဇန်န၀ါရီလပထမတစ်ပတ်အတွင်း ထိုင်းနိုင်ငံတွင် သွားရောက်လုပ်ကိုင်မည့် အလုပ်သမား ၉၀ ကျော် အလိမ်ခံရ

(ထိုင်းတွင် အလုပ်မရရှိဘဲ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် မြန်မာအလုပ်သမားများအားတွေ့ရစဉ်)
ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်ကြမည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ မကြာခဏလိမ်လည်ခံရလျက်ရှိကာ မြ၀တီနယ်စပ်တွင် ဇန်န၀ါရီလ ပထမတစ်ပတ်အတွင်းကလည်း မြန်မာရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၉၀ ကျော် အလိမ်ခံခဲ့ရကြောင်း သိရသည်။
အဆိုပါအလုပ်သမားများအနက် ဇန်န၀ါရီ ၅ ရက်နေ့တွင် ၁၃ဦး၊ ဇန်န၀ါရီ ၆ ရက်နေ့တွင် ၄၀ဦးတို့အား မဲဆောက်မှ တာဝန်ရှိသူများက မြ၀တီနယ်စပ်ရှိ နှစ်နိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ နယ်စပ်ဆက်ဆံရေးရုံး (မြ၀တီ)သို့ ပို့ဆောင်ပေးခဲ့ပြီး ဇန်န၀ါရီ ၈ ရက်နေ့တွင် ပိုင်ရှင်မဲ့ ယာယီနိုင်ငံကူးလက်မှတ်စာအုပ် ၃၃ အုပ်တို့ကိုလည်း တာ့ခရိုင် Police Captain Palhapor Onroal နှင့် Apirados Chantokol တို့ လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။
ပြည်ပသို့ တရားဝင်သွားရောက်လုပ်ကိုင်ရန် ယာယီနိုင်ငံကူးလက်မှတ်အတွက် ၆ လကျော် အချိန်ကြာမြင့်ခဲ့ပြီး အေးဂျင့်ဖြစ်သူ နေမင်း၏ ပို့ဆောင်ပေးမှုကြောင့် ဇန်န၀ါရီ ၆ ရက်တွင် အလုပ်သမား ၄၀ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ရောက်ရှိခဲ့သော်လည်း ကားဂိတ်တစ်ခုတွင် နေရာချထားပြီး ပြန်လည်ရောက်ရှိလာခြင်းမရှိ၍ ဒုက္ခဖြစ်နေစဉ် တာ့ခရိုင်မှ တာဝန်ရှိသူများက မြ၀တီမြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းကြောင့် မြ၀တီမြို့ရှိ တာဝန်ရှိအဖွဲ့အစည်းများမှ လက်ခံကာ ဘုရားကြီးကျောင်းတိုက်တွင် စောင့်ရှောက်ထားကြောင်း သိရသည်။
“ကျွန်တော်တို့ကို နေမင်းနဲ့၊ ကြည်နိုင်ဆိုတဲ့ အေးဂျင့်တို့က တစ်ယောက်ကို ငွေကျပ် လေးသိန်းခွဲနဲ့  တစ်ဖက်နိုင်ငံမှာ အလုပ်ရတဲ့အထိ ဆောင်ရွက်ပေးမယ်ပြောပြီး တာဝန်ယူလုပ်ဆောင်ခဲ့တာပါ။ စာအုပ်ရတဲ့အထိ ၆ လကျော်ကြာပါတယ်။ ကုန်ကျငွေက တစ်ယောက် အနည်းဆုံး ၁၀ သိန်းအထက် ကုန်ကျပါတယ်။ တချို့က လယ်ပေါင်၊ ချေးငှား တချို့ဆို နွားရောင်းပြီးလာခဲ့တာပါ။ ရွာကို ဘယ်လိုပြန်ကြမလဲ၊ သွားစရာမြေမရှိ၊ ပေးစရာငွေမရှိဆိုတော့ ကြုံရာအလုပ်ဝင်လုပ်ဖို့ စိတ်ကူးကြပါတယ်”ဟု ဘုရားကြီးကျောင်း ၀င်းအတွင်း ရောက်ရှိနေသော မင်းဘူးရွာသားတစ်ဦးက ပြောကြားသည်။
အဆိုပါကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးဘသိန်းအောင်နှင့်အဖွဲ့ ဇန်န၀ါရီ ၅ ရက်နေ့တွင် ပို့ဆောင်သည့် စည်သူစိုး အပါအ၀င် ၁၃ ဦးတို့အား မိုးမိုးချမ်း အထွေထွေဝန်ဆောင်မှုကုမ္ပဏီမှ တစ်ဦးလျှင် ကျပ် ၄၅၀၀၀၀ ဖြင့် တာဝန်ယူပို့ဆောင်ပေးခဲ့ရာ တရားမ၀င်သောနည်းလမ်း(အောက်လမ်း)မှ ပို့ဆောင်ပေးရန် စီစဉ်နေမှုကို သိရှိရ၍ ၂၀၁၄ ဇန်န၀ါရီ ၄ ရက် မွန်းလွဲ ၁ နာရီခွဲတွင် လူကုန်ကူးရုံးသို့  စည်သူစိုးအပါအ၀င် ၁၃ ဦးနှင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေးဂျင့်များဖြစ်သော ဦးဘသိန်းအောင်နှင့် နေမင်း(ခ)ကျော်ကြီးတို့အား ခေါ်ယူပြီး နေမင်းထံမှ ပတ်စ်ပို့များအား တိုက်ဆိုင်စစ်ဆေးရာတွင် အထွက်တံဆိပ်တုံးမှာ အတုဖြစ်နေကြောင်း သိရှိရသဖြင့် အခကြေးငွေယူပြီး တရားဝင်ဆောင်ရွက်ပေးခြင်းမရှိဘဲ လိမ်လည်ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထို့ကြောင့် ဦးဘသိန်းအောင်(ကျောက် မြောင်း၊ ရန်ကုန်)၊ နေမင်း (ရွှေဝါထွန်းလမ်း၊ အမှတ်(၅)ရပ်ကွက်၊မြ၀တီ)၊ မမိုးမိုး(ကျောက်မြောင်း၊ ရန်ကုန်)၊ ကိုကျော်ဇင်နှင့် တံဆပ်တုံးအတုပြုလုပ်ပေးခဲ့သူ အောင်ကိုလတ် (ကျောက်လုံးကြီးဘုရားလမ်း၊ အမှတ်(၄)ရပ်ကွက်၊ မြ၀တီ)တို့အား ပြည်ပအလုပ်အကိုင် ပုဒ်မ ၂၆။ ပြစ်မှုပုဒ်မ ၄၂၀/၄၆၈/၁၁၄ တို့ ဖြင့် အရေးယူစစ်ဆေးလျက်ရှိကြောင်း သိရသည်။
eleven media group

မြန်မာ-ထိုင်း လူကုန်ကူးခံရသူများ ပြန်လည်ပို့ဆောင်ရေးအတွက် လိုအပ်သော စံလုပ်ငန်းဆောင် ရွက်မှုအစီအစဉ်များ (Bilateral Standard Operating Procedure - SOPs)
မြန်မာ- ထိုင်းနှစ်နိုင်ငံ
လူကုန်ကူးမှု တိုက်ဖျက်ရေး နားလည်မှု စာချွှန်လွှာကို ၂၀၀၉ ခုနှစ်၊ ဧပြီလ
(၂၄)ရက်နေ့တွင် လက်မှတ် ရေးထိုးခဲ့ပါသည်။ ၄င်းစာချွှန်လွှာ အရ မြန်မာ-ထိုင်း
လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး နှစ်အလိုက် လုပ်ငန်း အစီအစဉ်ကို
နှစ်နိုင်ငံ ပူးတွဲရေးဆွဲ ခဲ့ကြပြီး လုပ်ငန်း အစီအစဉ်တွင် အဓိက
လုပ်ငန်းဧရိယာ (၆)ရပ် ပါဝင်ပါသည်။ လူကုန်ကူး ခံရသူများအား ပြန်လည်
လက်ခံရေး၊ မိဘရပ်ထံ ပြန်လည် အပ်နှံရေးနှင့် မိသားစု ပြန်လည် ပေါင်းစည်းရေး
လုပ်ငန်း ဧရိယာအရ မြန်မာ-ထိုင်း နှစ်နိုင်ငံ လူကုန်ကူး ခံရသူများအား
စနစ်တကျ လွှဲပြောင်းရေး လုပ်ငန်း လမ်းညွှန်ကို ရေးဆွဲလျက် ရှိပါသည်။
လုပ်ငန်းဧရိယာ(၆)ရပ်
(၁) ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နောက်ခံအချက်များ
(၂) နေရပ်ပြန်လည်ပို့ဆောင်ရေး ကြိုတင်ပြင်ဆင်ရန်နှင့် ဆောင်ရွက်ရန်လုပ်ငန်း အဆင့်များ
(၃) အထူးလိုအပ်ချက်များရှိသော မှုခင်းများတွင် ပူးပေါင်းဆောင်ရွက်ခြင်း
(၄) နှစ်နိုင်ငံအစည်းအဝေးများ
(၅) SOPs များကို ပုံမှန်စောင့်ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ်သုံးသပ်ခြင်း
(၆) နောက်ဆက်တွဲများ
Ref : လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

Penang police rescue 35 Bangladeshis from human trafficking syndicate
BUTTERWORTH (Bernama) – Police have rescued 35
Bangladeshi men from a house in Taman Selayang, Sungai Puyu, where they
were confined after having been smuggled from a neighbouring country by a
human-trafficking syndicate.
Penang CID chief SAC Mazlan Kesah said the Bangladeshi
nationals, aged between 20 and 45, were found to be in frail condition
after they were rescued in a police raid on the house at 3pm following a
public tip-off.
“They were said to have been brought to the state across
the Malaysian-Thai border in Padang Besar, Perlis, and handed over to a
syndicate member before being brought to the house in Taman Selayang,”
he said when contacted by Bernama yesterday.
He said an investigation also showed that all the men
were confined in a house rented by the syndicate over a week ago and
were waiting to be sold to an employer.
Police also nabbed seven others of Myanmar nationality, two of them
women, who were believed to be members of the human-trafficking
syndicate, besides seizing cash, mobile telephones and a record book on
migrant smuggling activities during the raid.Ref : http://borneobulletin.brunei-online.com
တစ်စက်ရုံတည်းနေ အမျိုးသမီးအချင်းချင်း လူကုန်ကူး
အထည်ချုပ်စက်ရုံတစ်ရုံမှ
အလုပ်သမတစ်ဦးကို တစ်စက်ရုံတည်း အမျိုးသမီးတစ်ဦးက ထိုင်းနိုင်ငံသို့
တရားမ၀င်ပို့ဆောင်ခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်အတွင်းရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်လျက်ရှိသော အသက် ၁၇နှစ်အရွယ် အလုပ်သမားတစ်ဦးသည် သူငယ်ချင်းများနှင့် အလုပ်အတူဆင်းရာ စက်ရုံတစ်ခုတည်း အလုပ်လုပ်ကိုင်လျက်ရှိသည့် မခိုင် (ခ) မမူမူစန်းက ၎င်းတို့ကို ထိုင်းနိုင်ငံတွင် အလုပ်ကောင်းကောင်းရရှိမည်ဟု ပြောကြားခဲ့သည်ဟုဆိုသည်။
ထို့နောက် မခိုင်(ခ)မမူမူစန်းက အဆိုပါအမျိုးသမီးငယ်ကို ထိုင်းနိုင်ငံသို့ ပို့ဆောင်ရန် ၎င်း၏ ခင်ပွန်းမှတစ်ဆင့် ချိတ်ဆက်ပြီး မြ၀တီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။အလုပ်ကောင်းရမည်ဟုဆိုကာ ယုံကြည်စွာပြောဆိုပြီး တရားမ၀င်ပို့ဆောင်ခဲ့သည့် ၎င်းတို့နှစ်ဦးကို ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေပုဒ်မ -၂၆ဖြင့် ဒီဇင်ဘာ ၁၇ရက်က အမှုဖွင့်ထားပြီး ၎င်းတို့ကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Ref : 7 Days News

Subscribe to:
Comments (Atom)