About This Blog

မြန်မာနိုင်ငံအတွင်း ကြီးထွားလာသော လူကုန်ကူးမှုအား တိုက်ဖျက်ရန် ရည်မှန်းပြီး တစ်ဖက်တစ်လမ်းမှ အသိပညာပေးအစီအစဉ်များ ပြုလုပ်ရန် ရည်ရွယ်ထားပါသည်။

Tuesday, January 7, 2014

Blog အကြောင်း အကျဉ်းချုပ်






ကျေးကျွန်စနစ်သည် ရှေးခေတ် သမိုင်းမတင်မီကာလကပင် တည်ရှိခဲ့သော လူအချင်းချင်း အထောက်ထား အညှာတာမဲ့ ခေါင်းပုံဖြတ်အမြတ်ထုတ်သော လုပ်ငန်းရပ်တစ်ခုဖြစ်ပါသည်။ ရှေးခေတ်ကာလ လူမျိုးနွယ် အုပ်စုများ တစ်စုနှင့် တစ်စု အပြန်အလှန် စစ်ပွဲများဖြစ်ပွားပြီး စစ်ရှုံးသော အုပ်စုအား နိုင်သော အုပ်စုမှ အဓမ္မအနိုင်ကျင့်၍ ကျွန်ပြုစေခိုင်းခဲ့ကြသည်။


ခေတ်အဆက်ဆက် လူ့ယဉ်ကျေးမှု ထွန်းကားလာခဲ့သော်လည်း ကျေးကျွန်စနစ်ကို အပြီးတိုင် တိုက်ဖျက်နိုင်ခြင်း မရှိဘဲ ကြီးထွားလာခဲ့သည်မှာ ယနေ့ ၂၁ ရာစုရောက်သည်အထိ အသွင်ပြောင်း ခေတ်သစ်ကျေးကျွန်စနစ် အဖြစ် ဆက်လက်ကြီးထွားလာနေပါသည်။





မြန်မာနိုင်ငံအနေဖြင့် ၁၉၉၀ ခုနှစ် ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးပြီး ဒေသတွင်း တိုင်းပြည်များဖြင့် ကူးလူးဆက်ဆံရာမှ ရွှေ့ပြောင်းအလုပ်သမား ခေတ်ရေစီးကြောင်းတစ်ခုဖြစ်ပေါ်လာပြီး မြန်မာနိုင်ငံသား အများစု နိုင်ငံခြားတိုင်းပြည်များသို့ ရွှေ့ပြောင်းလုပ်ကိုင်လာကြပါသည်။ ထိုကဲ့သို့ ရွှေ့ပြောင်းလုပ်ကိုင်ရာတွင် လုံခြုံစိတ်ချရသော ရွှေ့ပြောင်းခြင်းဖြစ်စေရန်နှင့် လူကုန်ကူးမှုကို တိုက်ဖျက်ရန် ရည်ရွယ်ချက်ဖြင့် ဤ ဘလော့ဘ်ကို စတင်ရေးသားခြင်းဖြစ်ပါသည်။

~Admin~
08/01/2014

No comments:

Post a Comment