About This Blog

မြန်မာနိုင်ငံအတွင်း ကြီးထွားလာသော လူကုန်ကူးမှုအား တိုက်ဖျက်ရန် ရည်မှန်းပြီး တစ်ဖက်တစ်လမ်းမှ အသိပညာပေးအစီအစဉ်များ ပြုလုပ်ရန် ရည်ရွယ်ထားပါသည်။

Wednesday, January 15, 2014

တလ တကြိမ်ပုံမှန်လုပ်တဲ့ (Women Talk) အစီအစဉ်



ပုံမှန်ပြုလုပ်လေ့ရှိသော မြန်မာရွှေ့ပြောင်း အမျိုးသမီးများနှင့်အတူ ဆွေးနွေးပြုလုပ်လေ့ရှိသည့် (Women Talk) အစီအစဉ်အား ၁၄.၁.၂၀၁၄ အင်္ဂါနေ့တွင် တာ့ခ်ခရိုင်၊ မဲဆောက်မြို့ ဟိုဖိုင်ရွာမှာ ပြုလုပ်ခဲ့ပါသည်။

ယင်းအမျိုးသမီးဆွေးနွေးပွဲကို Social Action for Women (အမျိုးသမီးများအတွက် လူမှုစောင့်ရှောက်ရေးအဖွဲ့) အနေနဲ့ ၂၀၀၅ ခုနှစ်မှစတင်ပြီး အဆက်မပြတ်လုပ်ဆောင်လာခဲ့သည်။ အမျိုးသမီးများနှင့် သက်ဆိုင်သော ကျန်းမာရေးအကြောင်းအရာများ၊ အမျိုးသမီးအခွင့်အရေးများ၊ ကျား မ တန်းတူညီမျှမှုရှိရေး၊ ရွှေပြောင်းအမျိုးသမီးများ ရင်ဆိုင်နေရသော

အခတ်အခဲများစသည့် အမျိုးသမီးနှင့်ပတ်သက်သည့် အကြောင်းအရာများကို ဦးတည်ပြီး ဆွေးနွေးခဲ့ခြင်းဖြစ်ပေသည်။

ယခုဆွေးနွေးပွဲတွင်လည်း SAW အဖွဲ့မှ ကျန်းမာရေးသင်တန်းပေးသူ မဆုမြတ်ဝင်း မှ မိသားစုစီမံကိန်း ခေါင်းစဉ်ဖြင့် မိသားစုစီမံကိန်းအတွင်းပါဝင်သော သန္ဓေတားဆေး နည်းအမျိုးမျိုး သုံးစွဲခြင်းဖြင့် ရရှိလာနိုင်သည့် ကောင်းကျိုး၊ဆိုးကျိုးများနှင့် စနစ်တကျ သုံးစွဲပုံသုံးစွဲနည်းများ၊ အခြားမိသားစုစီမံကိန်းနှင့် ပတ်သတ်သည့် ကျန်းမာရေးဗဟုသုတ အကြောင်းအရာများကိုလည်း အမျိုးသမီးစကားဝိုင်းအတွင်းတွင် ဦးဆောင်ဆွေးနွေးမှု ပြုလုပ်ခဲ့ပါသည်။ ဟိုဖိုင်ရွာ အမျိုးသမီးစကားဝိုင်းကို အမျိုးသမီး ၃၃ ယောက် စိတ်ပါဝင်စားစွာ တက်ရောက်ဆွေးနွေး ပါဝင်ခဲ့သည်။

No comments:

Post a Comment