မြန်မာ- ထိုင်းနှစ်နိုင်ငံ
လူကုန်ကူးမှု တိုက်ဖျက်ရေး နားလည်မှု စာချွှန်လွှာကို ၂၀၀၉ ခုနှစ်၊ ဧပြီလ
(၂၄)ရက်နေ့တွင် လက်မှတ် ရေးထိုးခဲ့ပါသည်။ ၄င်းစာချွှန်လွှာ အရ မြန်မာ-ထိုင်း
လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး နှစ်အလိုက် လုပ်ငန်း အစီအစဉ်ကို
နှစ်နိုင်ငံ ပူးတွဲရေးဆွဲ ခဲ့ကြပြီး လုပ်ငန်း အစီအစဉ်တွင် အဓိက
လုပ်ငန်းဧရိယာ (၆)ရပ် ပါဝင်ပါသည်။ လူကုန်ကူး ခံရသူများအား ပြန်လည်
လက်ခံရေး၊ မိဘရပ်ထံ ပြန်လည် အပ်နှံရေးနှင့် မိသားစု ပြန်လည် ပေါင်းစည်းရေး
လုပ်ငန်း ဧရိယာအရ မြန်မာ-ထိုင်း နှစ်နိုင်ငံ လူကုန်ကူး ခံရသူများအား
စနစ်တကျ လွှဲပြောင်းရေး လုပ်ငန်း လမ်းညွှန်ကို ရေးဆွဲလျက် ရှိပါသည်။
လုပ်ငန်းဧရိယာ(၆)ရပ်
(၁) ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နောက်ခံအချက်များ
(၂) နေရပ်ပြန်လည်ပို့ဆောင်ရေး ကြိုတင်ပြင်ဆင်ရန်နှင့် ဆောင်ရွက်ရန်လုပ်ငန်း အဆင့်များ
(၃) အထူးလိုအပ်ချက်များရှိသော မှုခင်းများတွင် ပူးပေါင်းဆောင်ရွက်ခြင်း
(၄) နှစ်နိုင်ငံအစည်းအဝေးများ
(၅) SOPs များကို ပုံမှန်စောင့်ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ်သုံးသပ်ခြင်း
(၆) နောက်ဆက်တွဲများ
Ref : လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

No comments:
Post a Comment