အထည်ချုပ်စက်ရုံတစ်ရုံမှ
အလုပ်သမတစ်ဦးကို တစ်စက်ရုံတည်း အမျိုးသမီးတစ်ဦးက ထိုင်းနိုင်ငံသို့
တရားမ၀င်ပို့ဆောင်ခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်အတွင်းရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်လျက်ရှိသော အသက် ၁၇နှစ်အရွယ် အလုပ်သမားတစ်ဦးသည် သူငယ်ချင်းများနှင့် အလုပ်အတူဆင်းရာ စက်ရုံတစ်ခုတည်း အလုပ်လုပ်ကိုင်လျက်ရှိသည့် မခိုင် (ခ) မမူမူစန်းက ၎င်းတို့ကို ထိုင်းနိုင်ငံတွင် အလုပ်ကောင်းကောင်းရရှိမည်ဟု ပြောကြားခဲ့သည်ဟုဆိုသည်။
ထို့နောက် မခိုင်(ခ)မမူမူစန်းက အဆိုပါအမျိုးသမီးငယ်ကို ထိုင်းနိုင်ငံသို့ ပို့ဆောင်ရန် ၎င်း၏ ခင်ပွန်းမှတစ်ဆင့် ချိတ်ဆက်ပြီး မြ၀တီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။အလုပ်ကောင်းရမည်ဟုဆိုကာ ယုံကြည်စွာပြောဆိုပြီး တရားမ၀င်ပို့ဆောင်ခဲ့သည့် ၎င်းတို့နှစ်ဦးကို ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေပုဒ်မ -၂၆ဖြင့် ဒီဇင်ဘာ ၁၇ရက်က အမှုဖွင့်ထားပြီး ၎င်းတို့ကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Ref : 7 Days News

No comments:
Post a Comment