About This Blog

မြန်မာနိုင်ငံအတွင်း ကြီးထွားလာသော လူကုန်ကူးမှုအား တိုက်ဖျက်ရန် ရည်မှန်းပြီး တစ်ဖက်တစ်လမ်းမှ အသိပညာပေးအစီအစဉ်များ ပြုလုပ်ရန် ရည်ရွယ်ထားပါသည်။

Thursday, January 9, 2014

မြန်မာ-ထိုင်း လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ နယ်စပ်ဆက်ဆံရေးရုံးများ မြ၀တီနှင့် မဲဆောက်မြို့များတွင်ဖွင့်လှစ်

၂၀၁၃ခုနှစ် အောက်တိုဘာလ ၃၁ရက်နေ့ မြ၀တီနှင့်ထိုင်းနိုင်ငံဖက်ရှိမဲဆောက်မြို့တို့တွင် မြန်မာ-ထိုင်း လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ
နယ်စပ်ဆက်ဆံရေးရုံးများဖွင့်လှစ် ခဲ့ပါသည်။ ထိုရုံးဖွင့်ပွဲများကို မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ရဲမှူးချုပ် ၀င်းနိုင်ထွန်း( တပ်ဖွဲ့မှူး၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့) နှင့် ထိုင်း နိုင်ငံဖက်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်Mr. Vichien Chawalit (Permanent secretary of Ministry of Social Development and Human Security)
တို့တက်ရောက်ဖွင့်လှစ်ပေးခဲ့ ကြသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ၀န်ကြီးများ၊မြန်မာဖက်မှလူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးရုံးအား တာဝန်ယူမည့်ဋ္ဌာနဆိုင်ရာဝန်ထမ်းများ၊ လူကုန်ကူးမှုတိုက်ဖျက်ရေး တွင်ပူးပေါင်းပါဝင်ဆောင် ရွက် နေကြသော UNIAP Myanmar, UNICEF, World Vision, IOM, Save the Children   မှတာဝန်ရှိသူများ၊ မီဒီယာများ၊ထိုင်းနိုင်ငံ Ministry of Social Development and Human Security မှတာဝန်ရှိသူများ၊ Tak Governor နှင့်ခရိုင်အဆင့်ဋ္ဌာနဆိုင်ရာအကြီးအကဲများတက်ရောက်ကြခဲ့ကြသည်။


မြန်မာ-ထိုင်းနှစ်နိုင်ငံလူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးကိုထိရောက်စွာဆောင်ရွက် နိုင်ရန်အ တွက် ၂၀၀၉ခုနှစ်က နှစ်နိုင်ငံနားလည်မှုစာ ချွန်လွှာကိုလက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ MoU ကိုသုံးနှစ်တကြိမ် Plan of Action ရေးဆွဲဆောင်ရွက်ခဲ့ကြောင်း၊၂၀၀၉-၂၀၁၁ နှင့် ၂၀၁၂-၂၀၁၄ ခုနှစ် နှစ်အလိုက်ပိုင်းခြားကာဆောင်ရွက်လျှက်ရှိကြောင်း၊၂၀၁၂-၂၀၁၄ခုနှစ် Plan of Action  မှာ လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ နယ်စပ် ဆက်ဆံရေးရုံးများဖွင့်လှစ်သွားရန်ဆို သည့် လုပ်ငန်းစဉ်တစ်ခုအဖြစ်ပါဝင်ကြောင်း၊ သို့ကြောင့် ၂၀၁၂ မတ်လက တာချီလိတ်-မဲဆိုင်၊ သြဂုတ် လက ကော့သောင်း-ရနောင်း စသည့် Border Cooperation Against Trafficking in Persons (BCATIP)  ရုံးများကိုဖွင့်လှစ်ခဲ့ကြောင်း၊ယခုမြ၀တီ-မဲဆောက် BCATIP ရုံးသည်တတိယ မြောက်ရုံး ဖွင့်ခြင်းဖြစ်ကြောင်း၊နယ်စပ်ဖြတ်ကျော်လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက်ထိရောက်ရန်ရည်ရွယ်ပြီးဖွင့်လှစ်ခဲ့ခြင်းဖြစ်
ကြောင်း၊ Multidisciplinary approach  ဋ္ဌာနပေါင်းစုံပါဝင်သည့်ကိုင် တွယ်ဖြေ ရှင်းမှုမျိုးကိုအသုံးပြု ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ အကောင်အထည်ဖေါ်ဆောင်
ရွက်မှုအ ပိုင်း မှာ Humanitarian principle  လူသားချင်းဆိုင်ရာအခြေခံမူများနှင့် ဆက်စပ်သည့်အေဂျင်စီများ ပါဝင်ခြင်း၊လူကုန် ကူးခံရသူများ ပူးပေါင်း
ပါဝင်ဆောင်ရွက်ခြင်း မျိုး တို့ဖြင့်ဆောင်ရွက် ရမှာဖြစ်ကြောင်း၊ ဆက်ဆံရေးရုံးများဖွင့်လှစ်နိုင်မှုကြောင့်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်
မှာဖြစ်ကြောင်း၊ သတင်းအချက်လက်များဖ လှယ်နိုင်ခြင်း၊ အတွေ့အကြုံများဖလှယ်နိုင်ခြင်း၊ကြို တင်ကာကွယ်မှုလုပ်ငန်းများပိုမိုလုပ်ဆောင်နိုင်ခြင်း၊
ပူးပေါင်းစုံစမ်းစစ်ဆေး မှုများလုပ် ဆောင် နိုင်ခြင်း၊လူကုန်ကူးခံရသူများကိုပြန်လည်လက်ခံနိုင်ခြင်း၊ကယ်တင်နိုင်ခြင်းတို့ပိုမိုလုပ်ဆောင်ကြ နိုင်မှာဖြစ်ကြောင်း၊
မြ၀တီ-မဲဆောက်လမ်းကြောင်းသည် မြန်မာရွှေ့ပြောင်းအလုပ်သမား များအ များဆုံးအ သုံးပြုကြ သည့်လမ်းဖြစ်ကြောင်း၊သို့ကြောင့် လူမှောင်ခိုမှု
များပိုမိုဖြစ်ပွားကာ လူကုန်ကူးမှုများ ပိုမိုမြင့် တက်နေသည့်ဒေသလည်းဖြစ်ကြောင်း၊ လူကုန်ကူးမှုနှင့်လူမှောင်ခိုမှုများ လျော့ကျ အောင်နှစ်နိုင်ငံ
အစိုးရများသည်ရွှေ့ပြောင်းအလုပ်သမားများ၏အခွင့်အရေးများကို ရရှိရန် တရားဝင်ဖြစ်ရန် လုပ်ဆောင်ပေးရမည်ြုဖစ်ကြောင်း၊သို့ကြောင့် ၂၀၀၃ခုနှစ်မှာနှစ်နိုင်
ငံအလုပ်သမားများပို့ဆောင်ရေးအတွက်နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးဆောင် ရွက်ခဲ့ကြကြောင်း၊၂၀၀၉ခုနှစ် ၆နှစ်အကြာမှာ
ရွှေ့ပြောင်းအလုပ်သမားများကို နိုင်ငံသား စိစစ်ခြင်းနှင့်ယာယီနိုင် ငံကူးလက်မှတ်ထိုးပေးခြင်းများကိုဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ ၁.၆သန်းအလုပ်သမားများ
ကိုယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးထားပြီးဖြစ်ကြောင်း၊ သို့သော်လည်းလူမှောင်ခိုမှုနှင့် လူ ကုန်ကူးမှုများလျော့ကျခြင်းမရှိသေးသည်ကိုတွေ့ရကြောင်း၊ ယခုဆက်ဆံရေးရုံးများဖွင့်လှစ်ခြင်း၊ BCATIP mechanism  အတွက်စိန်ခေါ်မှုမှာ ရွှေ့ပြောင်း အလုပ်သမားများကို ပြစ်မှုကျူးလွန်သူများက
လူမှောင်ခိုမှုပြုလုပ်နေခြင်းသည် ရွှေ့ပြောင်းအ လုပ်သမားများတရားဝင်သွားလာရေးစနစ်တကျဖြစ်စေရေးကိုဆောင်ရွက်နေသည့်နှစ်နိုင်ငံတာ
ဝန်ရှိသူများအတွက်စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်ပါကြောင်း၊ မြ၀တီမဲဆောက်ဆက် ဆံရေးရုံး များဖွင့်လှစ်ခြင်းအားဖြင့် ထိုင်းနိုင်ငံဖက်မှပြန်လည်လွှဲပြောင်းပေးသည့်လူ
ကုန်ကူးခံရသူများ အားအကာကွယ်ပေးမှုအပိုင်း နှင့် ပြည်နှင်မှုများကိုစနစ်တကျလုပ်ဆောင်နိုင် လိမ့်မည် ဟုယုံကြည်ကြောင်း၊
၂၀၀၉ခုနှစ်ကနှစ်နိုင်ငံလက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန် လွှာတွင် ပါဝင်သော  victim protection,  အပိုင်း repatriation reintegration
အပိုင်းတို့ကိုပီပီပြင်ပြင် လုပ် ဆောင်နိုင်လိမ့်လို့လည်းယုံကြည်ကြောင်းဖြင့် မြ၀တီ-မဲဆောက် လူကုန်ကူးမှုပူး ပေါင်းတိုက်
ဖျက်ရေးဆိုင်ရာနယ်စပ်ဆက်ဆံရေးရုံးဖွင့်ပွဲ အခမ်းအနားတွင် ရဲမှူးချုပ် ၀င်းနိုင်ထွန်းက ပြောကြားသည်။
အောက်တိုဘာ ၃၁ရက်နေ့ညနေပိုင်းနှင့် နိုဝင်ဘာလ ၁ ရက်နေ့အထိ မြန်မာ-ထိုင်းမှ တာဝန် ရှိ သူများသည် မဲဆောက်မြို့၊ Centrara Maesot Hill Hotel  တွင်
1st bilateral meeting ( Tak-Myawady) for Border Cooperation Against Human Trafficking ကိုဆက်လက်ပြုလုပ်ခဲ့ကြသည်။




No comments:

Post a Comment