About This Blog

မြန်မာနိုင်ငံအတွင်း ကြီးထွားလာသော လူကုန်ကူးမှုအား တိုက်ဖျက်ရန် ရည်မှန်းပြီး တစ်ဖက်တစ်လမ်းမှ အသိပညာပေးအစီအစဉ်များ ပြုလုပ်ရန် ရည်ရွယ်ထားပါသည်။

Thursday, January 9, 2014

ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ အချောင်ဆိပ်ကမ်းငါးဖမ်းစက်လှေပေါ်မှ ကယ်တင်ပေးထားသည့် ပဲခူးတိုင်းဒေသကြီးမှ အမျိုးသား (၂) ဦး မြန်မာနိုင်ငံသို့ လွှဲပြောင်းရောက်ရှိ


ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအရာရှိ ဦးကျော်ကျော်လွင် ၏ အကြောင်းကြားချက်အရ ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ အချောင်ဆိပ်ကမ်းငါးဖမ်းစက်လှေပေါ်မှ ကယ်တင်ပေးထားသည့်  ပဲခူးတိုင်းဒေသကြီးမှ အမျိုးသား(၂)ဦးအား ၂၀၁၃ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့ မနက် ၈နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ မဲဆောက်နယ်စပ်ဆက်ဆံရေးရုံး မှ မြ၀တီနယ်စပ်ဆက်ဆံရေးရုံးသို့ လာရောက်လွှဲပြောင်းပေးခဲ့သည်။

လွှဲပြောင်းရောက်ရှိလာသူ အမျိုးသား(၂)ဦးသည် လွန်ခဲ့သောတစ်နှစ်ခန့်က မြ၀တီမြို့သို့ ရောက်ရှိစဉ် အမျိုးသားတစ်ဦး(အမည်၊ နေရပ်လိပ်စာ မသိသူ) မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ နာနတ်သီး စက်ရုံတွင် တစ်နေ့ဘတ်(၂၀၀)ဖြင့် အလုပ်ရရှိမည်ဟု ပြောဆိုစည်းရုံး၍ တရားမ၀င် လမ်းကြောင်းမှ တစ်ဆင့် ခေါ်ဆောင်သွားပြီး အချောင်ဆိပ်ကမ်းတွင်ရပ်နားထားသည့် ငါးဖမ်းစက်လှေနံပါတ်(၂၂)ပေါ်သို့ ပို့ဆောင်ခံခဲ့ရကြောင်း၊ ပို့ဆောင်ခဘတ်(၁၃,၀၀၀) အား (၇)လအလုပ် လုပ်၍ ဆပ်ခဲ့ရကြောင်း၊ အကြွေးကြေပြီး တစ်လဘတ်(၅,၀၀၀)ရရှိကြောင်း၊ (၄)လဆက်လုပ်ခဲ့ပြီး ငါးဖမ်းစက်လှေတွင် ဆက်လက်လုပ်ကိုင်လိုခြင်း မရှိတော့သဖြင့် အစ်မဖြစ်သူမှတစ်ဆင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအရာရှိ ဦးကျော်ကျော်လွင်ထံ အကူအညီတောင်းခံ၍ ကယ်တင်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

ပြန်လည်ရောက်ရှိလာသူ ပဲခူးတိုင်းဒေသကြီးမှ အမျိုးသာား(၂)ဦးအား ယင်းနေ့၌ပင် တာဝန်ရှိသူ များမှ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးခဲ့သည်။ ၂၀၀၉ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ တွင် နေပြည်တော်၌ မြန်မာ-ထိုင်းနှစ်နိုင်ငံ လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို နှစ်နိုင်ငံဝန်ကြီးအဆင့် လက်မှတ်ရေးထိုးခဲ့ပြီး တာချီလိတ်-မယ်ဆိုင် နယ်စပ် ဆက်ဆံရေးရုံးကို ၂၀၁၂ခုနှစ် မတ် ၂၂ ရက်နေ့တွင်လည်းကောင်း၊  ကော့သောင်း-ရနောင်းရုံးကို ၂၀၁၂ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့တွင်လည်းကောင်း၊ မြ၀တီ-မဲဆောက်ရုံးကို ၂၀၁၃ ခုနှစ်  အောက်တိုဘာလ ၃၁ ရက်နေ့တွင်လည်းကောင်း အသီးသီးအပြန်အလှန် ဖွင့်လှစ်နိုင်ခဲ့ကာ နှစ်နိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးရုံးများဖွင့်လှစ်သည့်အချိန်မှစ၍ ယနေ့အထိ နှစ်နိုင်ငံ ပူးပေါင်းဖော်ထုတ်မှုအနေဖြင့် လူကုန်ကူးမှု(၅)မှု၊ တရားခံ ကျား (၅)ဦး၊ မ (၃)ဦး၊ လူကုန်ကူးခံရသူ ကျား (၃၁)ဦး၊ မ (၁၇)ဦး တို့ဖြစ်ပြီး ပူးပေါင်းဖမ်းဆီးသည့်တရားခံအရေအတွက်မှာ ကျား (၃)ဦး၊ မ(၂)ဦးတို့ဖြစ်သည် ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးသည့် တရားခံအရေအတွက် မှာ ကျား(၂)ဦး၊ မ(၁)ဦးနှင့် လူကုန်ကူးခံရသူ အရေအတွက်မှာ  ကျား (၁၄၂)ဦး၊ မ (၉၁)ဦး တို့ဖြစ်ကြောင်း သတင်းရရှိသည်။
ဒုရဲမှူးမင်းနိုင်
လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့

No comments:

Post a Comment