ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့်အလုပ်သမား၊
အလုပ်အကိုင် နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော
မြန်မာလေ့လာရေးကိုယ်စားလှယ်အဖွဲ့ဝင် (၁၄)ဦးတို့သည် ရွှေ့ပြောင်းအလုပ်သမား
စီမံခန့်ခွဲမှုနှင့် ပတ်သက်သော ကိစ္စရပ်များကို လေ့လာရန်
အင်ဒိုနီးရှားနိုင်ငံသို့ (၇.၇.၂၀၁၃)ရက်နေ့မှ
(၁၂.၇.၂၀၁၃)ရက်နေ့အထိ(၅)ရက်ကြာလေ့လာရေးခရီးသွားရောက်ခဲ့သည်။
အဆိုပါအဖွဲ့တွင်အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန မှ
(၅)ဦး၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ (၂)ဦး၊
ပြည်ထဲရေးဝန်ကြီးဌာန မှ (၅)ဦး၊ နယ်စပ်ရေးရာဝန်ကြီးဌာန မှ (၁)ဦး၊
နိုင်ငံခြားရေး ၀န်ကြီးဌာန မှ (၁)ဦး ပါဝင်ကြောင်း
သတင်းရရှိသည်။မြန်မာကိုယ်စားလှယ် အဖွဲ့သည် (၉.၇.၂၀၁၃)ရက်နေ့
(၁၅၁၀)အချိန်တွင် ဂျာကာတာမြို့ရှိ အာာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့
ရောက်ရှိလေ့လာနေစဥ်နေပြည်တော်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊
ဒုတိယတပ်ဖွဲ့မှူးမှ ထိုင်းငါးဖမ်းစက်လှေတွင်ရောင်းစားခံရသောမြန်မာလူမျိုး
(၇)ဦးအား ကယ်တင်ပေးရန်နှင့် ဆက်သွယ်နိုင်သည့်ဖုန်းနံပါတ်
ပြန်လည်ပေးပို့ပေးရန် အီးမေးလ်ဖြင့် ပေးပို့သော စာအားလက်ခံရရှိခဲ့သည်။
ယင်းနေ့၌ (၁၆၀၀)အချိန်တွင် အကူအညီတောင်းခံသူ မြန်မာလူမျိုး (၇)ဦး နှင့်
ဖုန်းဆက်သွယ်မှုရရှိ၍ မေးမြန်းရာ ရောင်းစားခံရသော မြန်မာလူမျိုး (၇)ဦးမှာ
အင်ဒိုနီးရှားနိုင်ငံ၊ အာမွန်ကျွန်းစု (Arbon)တွင်
ပါဝင်သောမာလုကု(Maluku)ဆိုက်ကပ်ထားသော ထိုင်းငါးဖမ်းလှေ အမှတ်(၂၅)တွင်
ရောက်ရှိနေကြောင်း၊ ၄င်းတို့လှေမှာ (၁၀.၇.၂၀၁၃)ရက်နေ့ ညနေပိုင်းတွင်
ကျွန်းမှ ထွက်ခွာမည်ဖြစ်၍ အမြန်ကယ်တင်ပေးစေလိုကြောင်း၊ ထိုင်းလှေအမှတ်
(၂၅)သို့ ရောက်ရှိနေသည်မှာ (၉)လခန့်ရှိပြီဖြစ်ပြီး လုပ်ခလစာ
လုံးဝမရရှိကြောင်း၊ တစ်ခါတစ်ရံ ညလုံးပေါက် ဆက်တိုက် အလုပ် လုပ်ရပြီး
နားနေခွင့် မရရှိကြောင်း၊ ၄င်းတို့အား ထိုင်းနိုင်ငံ၊ ၀ိုင်တဖုစက်ရုံနေ
ရှမ်းမ ဆိုသူမှ မဟာချိုင်ရှိ ထိုင်းငါးဖမ်းစက်လှေသို့ တစ်ဦးလျှင် ဘတ်
(၃၀၀၀၀)စီဖြင့် ရောင်းစားခံရကြောင်း၊ ထိုင်းလှေအမှတ် (၂၅)မှာ ““ဇော်””
အဖွဲ့ စက်လှေအုပ်စုတွင် ပါဝင်ပြီး ၄င်းအဖွဲ့တွင် လှေအမှတ်
(၁၈/၁၉/၂၄/၂၅/၂၈/၂၉)တို့ ပါဝင်ကြောင်း၊ ၄င်းတို့စက်လှေတွင်
မြန်မာ(၇)ဦးနှင့်အတူ ထိုင်း၊ ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားအလုပ်သမားများ
ပါဝင်ကြောင်း၊ ၄င်းတို့မှာ ဘာသာစကား အခက်အခဲ ရှိခြင်း၊ ငွေကြေးမရှိခြင်း၊
အထောက်အထားများ မရှိခြင်းတို့ကြောင့် ပါတ်ဝန်းကျင်ကို အကူအညီ
တောင်းခံသော်လည်း အလေးထားမှု မရှိကြသဖြင့် မြန်မာနိုင်ငံရှိ UNIAP
ရုံးမှတဆင့် လူကုန်ကူးမှု တားဆီးနှမိနင်းရေးရဲတပ်ဖွဲ့၊ ဒုတိယတပ်ဖွဲ့မှူး ထံ
ဖုန်းဆက်အကူအညီတောင်းခံခြင်းဖြစ်ကြောင်း သိရှိရသည်။
သတင်းရရှိချက်နှင့်ပါတ်သက်၍ မြန်မာကိုယ်စားလှယ်အဖွဲ့သည် Mr.Andy Hall (International Migration Group) နှင့် ညှိနှိုင်းကာ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊IOM, ILO စသည့် အဖွဲ့အစည်းများနှင့် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာမြန်မာသံရုံးသို့ Email ဖြင့် ဆက်သွယ်၍ ငါးဖမ်းစက်လှေတွင် ရောင်းစား ခံရသော မြန်မာရေလုပ်သား (၇)ဦးအား ကယ်တင်ပေးရန် အကူအညီ တောင်းခံခဲ့သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် (၁၀.၇.၂၀၁၃)ရက်နေ့တွင် ဂျာကာတာမြို့ရှိ ILO ရုံးသို့ သွားရောက်လေ့လာနေစဉ် (၁၀၃၀)အချိန်၌ မြန်မာရေလုပ်သား (၇)ဦးထံမှ ဖုန်းဆက်သွယ်လာပြီး ၄င်းတို့အပြင် စက်လှေအမှတ် (၂၄)တွင်လည်း မြန်မာရေလုပ်သား (၁၀)ဦး ဒုက္ခရောက်နေကြောင်း ထပ်မံသိရှိရသဖြင့် ကယ်တင်ပေးရန် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ သွားရောက်အကူအညီ တောင်းခံခဲ့ပါသည်။(၁၂၃၀)အချိန်တွင် မြန်မာရေလုပ်သား (၇)ဦးအား အင်ဒိုနီးရှားရေတပ်မှ ကယ်တင် လိုက်ကြောင်း သတင်းရရှိခဲ့သည်
အင်ဒိုနီးရှားနိုင်ငံသို့ရွှေ့ပြောင်းအလုပ်သမားစီမံခန့်ခွဲမှုနှင့် ပတ်သက်သောကိစ္စရပ်များကို သွားရောက်လေ့လာခဲ့သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မှ ဒုတိယတပ်ဖွဲ့မှူး ၏ သတင်းပေးချက်အရ ထိုင်းငါးဖမ်းစက်လှေသို့ ရောင်းစားခံရသော မြန်မာရေ လုပ်သား(၇)ဦးအား အင်ဒိုနီးရှားနိုင်ငံဆိုင်ရာမြန်မာသံရုံး၊ အင်ဒိုနီးရှားနိုင်ငံရဲတပ်ဖွဲ့၊ အင်ဒိုနီးရှားနိုင်ငံ ရေတပ်တို့နှင့် ဆက်သွယ်ပူးပေါင်းကယ်တင်နိုင်ခဲ့ကြောင်းနှင့် ကျန်ရှိသည့် မြန်မာရေလုပ်သား (၁၀)ဦး တို့အားလည်း ကယ်တင်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

No comments:
Post a Comment