ဧရာဝတီတိုင်းဒေသကြီးမှ အမျိုးသမီးတစ်ဦးအား တရုတ်မယားအဖြစ်ရောင်းစားရန်
စီစဉ်ခဲ့သူ ရန်ကုန်တိုင်းဒေသကြီးနေသူများကို လှိုင်သာယာမြို့နယ်၊
သောင်ကြီးနယ်မြေရဲစခန်းမှ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင်
လူကုန်ကူးမှုဖြင့် အမှုဖွင့်အရေးယူခဲ့သည်။
ဖြစ်စဉ်မှာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ လုံချွမ်ခရိုင်၊
ကျင်းခန်းရဲတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၇ ရက်နေ့၌ ကျင်းခန်း-မုန်းရော့
အဝေးပြေးလမ်းမပေါ်တွင် ခရီးသည်တင်ယာဉ်များအား ရှောင် တခင် စစ်ဆေးစဉ်
မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီးမှ အမျိုးသမီးတစ်ဦးအား
မသင်္ကာဖွယ်တွေ့ရှိသဖြင့် ဖမ်းဆီးပြီး လုံချွမ်ခရိုင်မှုခင်းရဲတပ်ဖွဲ့သည်
ကျန်းဖုန်းနယ်စပ် ဆက်ဆံရေးရုံးမှ တစ်ဆင့် လွယ်ဂျယ်နယ်စပ် ဆက်ဆံရေးရုံးသို့
လွှဲအပ်ပေးခဲ့သည်။ အဆိုပါအမျိုးသမီးအား လူကုန်တားတပ်ဖွဲ့စိတ် (လွယ်ဂျယ်)မှ
တွေ့ဆုံမေးမြန်းခဲ့ရာ ၄င်းအား လှိုင်သာယာမြို့နယ်၊ ကုလားကြီးအုပ်စု၊
စိန်သရဖူ (၁) လမ်းနေ ဦးကျော်(ခ)အောင်ကျော်လွင်(ခ)ကျော်လွင်၊ ၄င်း၏ဇနီး
မ၀ါဝါသင်း(ခ)အာစီယား (၃၄)နှစ်၊ (ဘ) ဦးအေးမောင်၊ ၀ါးခယ်မနှင့်
မမေဦး(စုံစမ်းဆဲ)တို့မှ တရုတ်မယားအဖြစ် ယောက်ျားယူရမည်၊ (၁)
နှစ်ပေါင်းသင်းပြီး ၄င်းတို့ကိုယ်တိုင် ပြန်လာခေါ်မည်၊ ငွေကျပ် (၁၀)
သိန်းရမည်ဟု စည်းရုံးပြောဆို၍ လှိုင်သာယာမြို့နယ်မှ အောင်မင်္ဂလာ အဝေးပြေး၊
ထိုမှတစ်ဆင့် မန္တလေး၊ မူဆယ်၊ မူဆယ်မှတဆင့် တရုတ်နိုင်ငံထဲသို့
ခေါ်ဆောင်သွားပြီး အမည်မသိ တရုတ် အမျိုးသားတစ်ဦးနှင့်ပေါင်းသင်းရန်
ကြယ်ဂေါင်ရှိ တရုတ်အမျိုးသမီး တစ်ဦးထံအပ်နှံခဲ့ကြောင်း၊ ဆက်လက်၍
တရုတ်အမျိုးသမီးမှ ကားဖြင့်ခေါ်ဆောင်လာစဉ် ကျင်းခန်း-မုန်းရော့
အဝေးပြေးလမ်းမပေါ်တွင် တရုတ်ရဲများ၏စစ်ဆေးမေးမြန်းခြင်းခံရပြီး
မြန်မာနိုင်ငံ သို့ ပြန်လည်လွှဲပြောင်း ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
မေးမြန်းသိရှိချက်များအရ လူကုန်ကူးတား တပ်ဖွဲ့စိတ်(လွယ်ဂျယ်)မှ
လူကုန်တားတပ်ဖွဲ့စု(ရန်ကုန်) သို့ အကြောင်းကြားခဲ့ပြီး လူကုန်တား
တပ်ဖွဲ့စု(ရန်ကုန်) မှ တရားလိုပြုလုပ်၍ ဦးကျော် (ခ)အောင်ကျော်လွင်
(ခ)ကျော်လွင်၊ မ၀ါဝါသင်း(ခ) အာစီယားနှင့် မမေဦး(စုံစမ်းဆဲ) တို့အပေါ်
ဥပဒေအရ အရေးယူပေးရန် ဒီဇင်ဘာ၂၀ရက်နေ့တွင် သောင်ကြီးနယ်မြေ ရဲစခန်းသို့
တိုင်တန်း ခဲ့ရာ သောင်ကြီးနယ်မြေရဲစခန်း (ပ) ၇၈၇ / ၂၀၁၃ လူကုန်ကူးမှု
တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။
၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလမှ နိုဝင်ဘာလ အထိ မြန်မာနိုင်ငံတ၀ှမ်းလုံးတွင်
လူကုန်ကူးမှုပေါင်း ၉၅ မှု ဖြစ်ပွားခဲ့ရာ တရုတ်နိုင်ငံတွင် ၅၆ မှု၊
ထိုင်းနိုင်ငံတွင် ၂၀ မှုနှင့် ပြည်တွင်းတွင် ၁၉ မှု တို့ ဖြစ်ကြောင်း
သိရှိရသည်။ တရုတ်နိုင်ငံတွင် ဖြစ်ပွားသည့် လူကုန်ကူးမှု ၅၆ မှုတွင်
အဓမ္မလက်ထပ်မှု ၅၂ မှု၊ အဓမ္မမွေးစားမှု ၂ မှု၊ အဓမ္မခိုင်းစေမှု ၂ မှုတို
့ဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
Copyright © 2012 The Republic of the Union of Myanmar |
Ministry of Home Affairs | Central Body for Suppression of Trafficking
in Persons.
All Right Reserved.
All Right Reserved.
No comments:
Post a Comment