About This Blog

မြန်မာနိုင်ငံအတွင်း ကြီးထွားလာသော လူကုန်ကူးမှုအား တိုက်ဖျက်ရန် ရည်မှန်းပြီး တစ်ဖက်တစ်လမ်းမှ အသိပညာပေးအစီအစဉ်များ ပြုလုပ်ရန် ရည်ရွယ်ထားပါသည်။

Thursday, January 9, 2014

အိမ်ပေါ်အဖြစ် ပို့ဆောင်ကာ ငွေကြေးခေါင်းပုံဖြတ်သဖြင့် လူကုန်ကူးမှုဖြင့် အရေးယူ

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့မှအမျိုးသမီးတစ်ဦးအား မန္တလေးရှိ ထမင်းဆိုင် တွင် အလုပ်လုပ်ရမည်၊ လစာကောင်းကောင်းရမည်ဟု လိမ်လည်စည်းရုံးကာ မန္တလေးသို့ ခေါ်ဆောင်သွားပြီး အိမ်ဖော်အဖြစ် ထားခဲ့ကာ ငွေကျပ်(၃)သိန်း အိမ်ရှင်ထံထုတ်ယူသွားသဖြင့် ငွေကြေးခေါင်းပုံဖြတ်သူများကို  ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဝေါမြို့မရဲစခန်းမှ ကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူ ခဲ့သည်။

ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ် မှ မ-----သည် မုန့်ဆီကြော် အရောင်းသွားရာမှ နေအိမ်သို့ ပြန်လည်ရောက်ရှိခြင်း မရှိသဖြင့် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်နေ့တွင် ဝေါမြို့မ ရဲစခန်းမှ လူပျောက်အမှတ် စဉ်(၃/၂၀၁၃)ဖြင့် စုံစမ်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ဒီဇင်ဘာလ ၆ ရက်နေ့တွင် ပျောက်ဆုံးသူ မ----- မှာ နေအိမ်သို့ ပြန်လည်ရောက်ရှိလာသဖြင့် အဘိုးဖြစ်သူမှ မေးမြန်းခဲ့ရာ မ---သည် အောက်တိုဘာ ၂၀ ရက်နေ့ ၁၆၀၀ အချိန် ဝေါမြို့၊ ကြုံတူ ဘုရားမုဒ်ဝအနီးမုန့်ဆီကြော် ရောင်းနေစဉ် ဝေါမြို့၊ အောင်ချမ်းသာရပ်ကွက်၊ မစိုရိမ်ဘုန်းကြီးကျောင်း အနီးတွင် နေထိုင်သူ မဌေးဌေး(ခ) ဌေးဌေးရီ၊ (၅၂)နှစ်(ဘ)ဦးတင်လှနှင့် မန္တလေးမြို့၊ အမှတ်(၈၀/၈၁) လမ်းကြားနေ မောင်ဖြစ်သူ ကိုလှဝေ(၅၀)နှစ်(ဘ)ဦးတင်လှတို့မှ မန္တလေးရှိ ထမင်းဆိုင်တစ်ဆိုင်တွင် အလုပ် လုပ်ရမည်၊ လစာကောင်းကောင်းရမည် ဟု ပြောဆို၍ ကိုလှဝေနှင့်အတူ ဘုရားကြီးကားဂိတ်မှ တစ်ဆင့် ရွှေမန်းသူကားဖြင့် မန္တလေးသို့ လိုက်ပါသွားခဲ့ကြောင်း၊ မန္တလေးသို့ရောက်သောအခါ ထမင်းဆိုင်သို့ ပို့ဆောင်ခြင်းမရှိဘဲ အိမ်တစ်အိမ်သို့ အိမ်ဖော်အဖြစ်ပို့ဆောင်ကာ ငွေကျပ်(၃)သိန်းကို အိမ်ရှင်ထံမှ ကိုလှဝေ မှထုတ်ယူသွားကြောင်း၊ နောက်တစ်လကျော်ခန့်အကြာတွင် ကိုလှဝေသည် မ--- အလုပ်လုပ်သည့်အိမ်သို့ ရောက်ရှိလာကာ ပြန်လိုက်ခဲ့ရန်ခေါ်ပြီး မန္တလေး-မော်လမြိုင် မှန်လုံယာဉ်ပေါ်တင်ပေးလိုက်သဖြင့် နေအိမ်သို့ ပြန်လည်ရောက်ရှိလာကြောင်း သိရှိရသဖြင့် မန္တလေးမြို့ရှိထမင်းဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ရမည်ဟု လိမ်လည် စည်းရုံးကာ အိမ်ဖော်အဖြစ် အလုပ်လုပ်ကိုင်ရန် ထားခဲ့ပြီး ငွေကျပ်(၃)သိန်းကို ခေါင်းပုံဖြတ် ရယူသွားသူ မဌေးဌေး(ခ) ဌေးဌေးရီ နှင့် လှဝေတို့အား ဥပဒေအရအရေးယူပေးရန် အဘိုးဖြစ်သူမှ တိုင်တန်းသဖြင့် ၂၀၁၃ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဝေါမြို့မရဲစခန်း(ပ)၄၂၅/၂၀၁၃၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလမှ နိုဝင်ဘာလ အထိ မြန်မာနိုင်ငံတ၀ှမ်းလုံးတွင် လူကုန်ကူးမှုပေါင်း ၉၅ မှု ဖြစ်ပွားခဲ့ရာ တရုတ်နိုင်ငံတွင် ၅၆ မှု၊ ထိုင်းနိုင်ငံတွင် ၂၀ မှုနှင့် ပြည်တွင်းတွင် ၁၉ မှု တို့ဖြစ်ကြောင်း သိရှိရသည်။ ပြည်တွင်း ၁၉ မှု တွင် ပြည့်တန်ဆာအဖြစ် ခိုင်းစေမှု ၁၆ မှုနှင့် အဓမ္မအလုပ်ခိုင်းစေမှု ၃ မှုတို့ ဖြစ်ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ဒုရဲမှူး မင်းနိုင်
လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့

No comments:

Post a Comment