About This Blog

မြန်မာနိုင်ငံအတွင်း ကြီးထွားလာသော လူကုန်ကူးမှုအား တိုက်ဖျက်ရန် ရည်မှန်းပြီး တစ်ဖက်တစ်လမ်းမှ အသိပညာပေးအစီအစဉ်များ ပြုလုပ်ရန် ရည်ရွယ်ထားပါသည်။

Thursday, January 9, 2014

အုပ်စုဖွဲ့ လူကုန်ကူုးသူများအား ဖော်ထုတ် ဖမ်းဆီး

မန်တုံမြို့နယ်၊ နောင်စန်းကျေးရွာမှ အသက် (၁၈)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအား လူ(၄)ဦး ပူးပေါင်းပါဝင်သည့် အုပ်စုဖွဲ့လူကုန်ကုးမှုကျုးလွန်သူများမှ မူဆယ်မြို့ရှိ ထမင်းဆိုင်တွင် အလုပ်ရမည်ဟု ပြောဆိုစည်းရုံးကာ တရုတ်နိုင်ငံထဲသို့ ခေါ်ဆောင်သွားပြီး တရုတ်မယားအဖြစ် ရောင်းစားခဲ့သဖြင့် ၂၀၁၃ ခုနှစ်၊သြဂုတ်လ၂၃ရက်နေ့တွင်မူဆယ်မြို့မရဲစခန်း၌အမှုဖွင့် အရေးယူခဲ့သည့် အမှုတစ်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့ ၁၃၃၀ အချိန်တွင် လူကုန်ကူုးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့စု (မူဆယ်)သို့မန်တုံမြို့နယ်၊နောင်စန်းကျေးရွာနေ စိုင်းစံထွန်း၊ မူဆယ်မြို့နယ်၊ ဟိုပေါကျေးရွာ အထောက်အကူပြုအဖွဲ့ အတွင်းရေးမှူး ဦးအိုက်ပန်၊ ဦးစိုင်းဆိုင်နှင့် ဦးစိုင်းမိုင်ဟိန်းတို့ ရောက်ရှိ လာပြီး ၎င်းင်းတို့၏ညီမဖြစ်သူအား ၂၀၁၃ခုနှစ်၊ ဇွန်လ ၂ ရက်နေ့က မူဆယ်မြို့နယ်၊ ဟိုပေါ ကျေးရွာနေ အိုက်အောင်၊(၃၀)နှစ်နှင့် အိုက်ဆိုင်(၂၂)နှစ်တို့မှ ခေါ်ဆောင်သွားကြောင်း၊ (၂)လကျော် ကြာသည်အထိ အဆက်အသွယ်မရသဖြင့် မိခင်ဖြစ်သူနှင့်အတူ မူဆယ်မြို့နယ်၊ ဟိုပေါကျေးရွာရှိ အိုက်ဆိုင်၏မိဘများထံသွားရောက်စုံစမ်းရာ အိုက်ဆိုင်နှင့်ဖုန်းအဆက်အသွယ်ရရှိပြီး ညီမဖြစ်သူမှာ တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်တွင် အလုပ်လုပ်နေသည်ဟုအိုက်ဆိုင်မှပြောပြခဲ့ကြောင်း၊ ညီမအား ပြန်ခေါ်ပေးရန် ပြောဆိုရာမှအိုက်ဆိုင်နှင့်အဆက်အသွယ်မရတော့ကြောင်း သိရှိရသဖြင့် ညီမဖြစ်သူအား ခေါ်ဆောင်သွားသူများကို အရေးယူပေးရန် အကြောင်းကြားလာခြင်းဖြစ်သည်။ ၂၀၁၃ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့ ၁၀၀၀ အချိန်တွင် အိုက်အောင်ဆိုသူသည် ၎င်းင်း၏မိဘများထံ ရောက်ရှိနေကြောင်း သတင်းအရ အိုက်အောင် အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(မူဆယ်)ရုံးသို့ ခေါ်ဆောင် မေးမြန်းခဲ့သည်။

တရုတ်နိုင်ငံတွင် တရုတ်မယားအဖြစ် ရောင်းစားခံရသူအမျိုးသမီးငယ်ထံ ဖုန်းဖြင့် ဆက်သွယ် မေးမြန်း ချက်အရ ၂၀၁၃ခုနှစ်၊ ဇွန်လ ၂ ရက်နေ့တွင် အိုက်အောင်နှင့် အိုက်ဆိုင်တို့ ညီအစ်ကို (၂)ဦးမှ မူဆယ်မြို့ရှိ ထမင်းဆိုင်တွင် အလုပ်လုပ်ရမည်ဟု ပြောဆိုစည်းရုံး၍ ၎င်းင်းအား နောင်စန်း ကျေးရွာမှ ခေါ်ဆောင်သွားကြောင်း၊ အိုက်အောင်မှ ၎င်းင်းနှင့် အိုက်ဆိုင်တို့အား နမ္မတူအထိ ဆိုင်ကယ်ဖြင့် ပို့ဆောင်ပေးကြောင်း၊ နမ္မတူတွင်တစ်ည အိပ်ပြီးနောက် အိုက်ဆိုင်မှ မူဆယ်အထိ ခေါ်ဆောင်သွားပြီး မူဆယ်မှ ကျယ်ဂေါင်သို့ တစ်ခါသုံးကဒ်ဖြင့် ၀င်ရောက်ခဲ့ကြောင်း၊ ကျယ်ဂေါင်တွင်    အိုက်ဆိုင်၏ ၀မ်းကွဲအစ်မ မအုန်းမြင့်ဆိုသူနှင့် ဗမာအမျိုးသမီး မမိုးမိုးတို့မှ ကားဖြင့်လာကြိုပြီး (၃)ညအိပ်(၄)ရက် စီးရသော ဟူနန်ပြည်နယ်ရှိ မအုန်းမြင့်၏နေအိမ်သို့ ခေါ်ဆောင်သွားကြောင်း၊ မအုန်းမြင့်နှင့် မမိုးမိုးတို့မှာတရုတ်အမျိုးသားနှင့်အိမ်ထောင်ကျနေသူများဖြစ်ကြကြောင်း၊ မအုန်းမြင့်အိမ်သို့ရောက်ရှိပြီး (၁၀)ရက်ခန့်အကြာတွင် ၎င်းင်းအား မအုန်းမြင့်နှင့် မမိုးမိုးတို့မှ တရုတ်အမျိုးသား တစ်ဦးထံ တရုတ်ငွေ ယွမ်(၂)သောင်း(၂)ထောင်ဖြင့် ရောင်းစားခဲ့ကြောင်း ပြောပြသိရှိရသည်။

သို့ဖြစ်ပါ၍ မန်တုံမြို့နယ်မှ မသိနားမလည်သော အမျိုးသမီးငယ်အား မူဆယ်မြို့ရှိ ထမင်းဆိုင်တွင် အလုပ်ရမည်ဟု ပြောဆိုစည်းရုံး ကာတရုတ်နိုင်ငံထဲသို့ခေါ်ဆောင်သွားပြီး တရုတ်မယား အဖြစ် ရောင်းစားခဲ့သည့် ဂိုဏ်းဖွဲ့ကျူးလွန်သူ အိုက်အောင်၊ (၃၀)နှစ်၊ (ဘ)ဦးပန်ဆိုင်ကျမ်း၊ မန်တုံ မြို့နယ်(ဖမ်းမိ)၊ အိုက်ဆိုင်၊ (၂၂)နှစ်၊ (ဘ)ဦးပန်ဆိုင်ကျမ်း၊ မူဆယ်မြို့နယ်(တိမ်းရှောင်)၊ ခင်အုန်းမြင့် (တရုတ်နိုင်ငံ တွင်အိမ်ထောင်ကျသူ)(တိမ်းရှောင်) နှင့် မမိုးမိုး(တရုတ်နိုင်ငံတွင် အိမ်ထောင်ကျသူ) (တိမ်းရှောင်)တို့အား အရေးယူပေးရန် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့စု(မူဆယ်)မှ တရားလို ပြုလုပ်တိုင်တန်းသဖြင့် မူဆယ်မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားသည်။

အမှုမှ ဖမ်းမိတရားခံ အိုက်အောင်အား စစ်ဆေးလျက်ရှိပြီး တိမ်းရှောင်တရားခံ(၃)ဦးအား ဖမ်းဆီးရမိရေးနှင့် လူကုန်ကူးခံရသူ အမျိုးသမီးငယ်အား ပြန်လည်ကယ်တင်ရရှိရေး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု (မူဆယ်)သည် နှစ်နိုင်ငံနယ်စပ်ဆက်ဆံရေးရုံး(ရွှေလီ)နှင့် ဆက်သွယ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment