လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်တို့
ပူးပေါင်း၍ လူကုန်ကူးခံရသူ အမျိုးသမီးများအတွက် ““သဲလိုမေတ္တာရိပ်မြုံ””
ပြန်လည်ထူထောင်ရေးစခန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလ ၂၄
ရက်နေ့ မနက် ၉နာရီခွဲ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊
ဝါးနက်ချောင်း စံပြကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားတွင်
ရန်ကုန်တိုင်းဒေသကြီး၊ ကရင်တိုင်းရင်းသားရေးရာ ၀န်ကြီး
ဦးစောထွန်းအောင်မြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး
လူမှုဝန်ထမ်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးတင်ဇော်မိုးနှင့်
ရန်ကုန်လူကုန် ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး
ယာယီရဲမှူးရိုလင် တို့က လူကုန်ကူးခံရသူများအား ပြန်လည်ထူထောင်ရေးနှင့်
ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်း ပြောကြာခဲ့ ကြသည်။
ဖွင့်ပွဲအခမ်းအနားသို့ မှော်ဘီမြို့နယ်အုပ်ချုပ်ရေးမှူး၊
အမျိုးသားရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊
ပြည်တွင်းအစိုးရ မဟုတ်သောအဖွဲ့များ၊ ကရင်နှစ်ခြင်း ခရစ်ယာန်အသင်းမှ
အသင်းဝင်းများ အင်အား ၆၅ ဦး တက်ရောက်ခဲ့ကြပြီး နေ့လည် ၁၁နာရီ ၁၅ မိနစ်တွင်
ဖွင့်ပွဲအခမ်းအနား ပြီးဆုံးခဲ့သည်။
ပြန်လည်ထူထောင်ရေးစခန်းကို လူကုန်ကူးခံရသူအမျိုးသမီးများ
လူမှုအသိုင်းအ၀ိုင်းတွင် ဂုဏ်သိက္ခာ ရှိစွာဖြင့်
ပြန်လည်ဝင်ဆံ့ရပ်တည်နိုင်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ အသက် ၁၃နှစ်မှ ၄၀
နှစ်အတွင်းရှိ လူကုန်ကူးခံရသူ အမျိုးသမီးများကို အဓိကထား
လက်ခံဆောင်ရွက်သွားမည်ဖြစ်ပြီး ၃ လမှ ၆လ အထိနေထိုင်ရမည်ဖြစ်သည်။ ပြန်လည်
ထူထောင်ရေးစခန်းတွင် အသက်မွေးဝမ်းကြောင်း ဆိုင်ရာသင်းတန်းပေးခြင်း၊
ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာထောက်ပံ့ မှုပေးခြင်း၊
မိသားစုအသိုင်းအ၀ိုင်းနှင့် ပြန်လည်ပေါင်းစည်းပေးခြင်း (သို့မဟုတ်)
သီးသန့်ရပ်တည်နိုင်ရန်အတွက် ထောက်ပံ့ပေးခြင်း လုပ်ငန်းများဆောင်ရွက်
သွားမည်ဖြစ်ကြောင်း သိရှိရ သည်။
ဒုရဲမှူး မင်းနိုင်
လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့
လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့

ရန်ကုန်တိုင်းဒေသကြီး၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး
ဦးစောထွန်းအောင်မြင့် မှ ဖွင့်ပွဲအခမ်းအနားတွင်
အဖွင့်အမှာစကားပြောကြားသည့်မှတ်တမ်းဓါတ်ပုံ

လူမှုဝန်ထမ်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးတင်ဇော်မိုး မှ
လူကုန်ကူးခံရသူများအား ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်၍
ရှင်းလင်းပြောကြားသည့်မှတ်တမ်းဓါတ်ပုံ

ရန်ကုန်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ မှ တပ်ဖွဲ့စုမှူး
ရဲမှူးရိုလင် က လူကုန်ကူးခံရသူများအား ပြန်လည်ထူထောင်ရေးနှင့် ပတ်သက်၍
ရှင်းလင်းပြောကြားသည့် မှတ်တမ်းဓါတ်ပုံ
No comments:
Post a Comment