About This Blog

မြန်မာနိုင်ငံအတွင်း ကြီးထွားလာသော လူကုန်ကူးမှုအား တိုက်ဖျက်ရန် ရည်မှန်းပြီး တစ်ဖက်တစ်လမ်းမှ အသိပညာပေးအစီအစဉ်များ ပြုလုပ်ရန် ရည်ရွယ်ထားပါသည်။

Thursday, January 9, 2014

မြန်မာအလုပ်သမား (၄၀)ဦး၊ ထိုင်းနိုင်ငံမှ ပြန်လည်လွှဲအပ်ပေး

မြန်မာအလုပ်သမား (၄၀)ဦး၊ ထိုင်းနိုင်ငံမှ ပြန်လည်လွှဲအပ်ပေး

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ချစ်ကြည်ရေးတံတားအနီးရှိ BOM BOM အလုပ်သမား အကျိုးဆောင်ကုမ္ပဏီတွင် မြန်မာနိုင်ငံသား (၄၀)ဦးရောက်ရှိနေကြောင်း၊ ၄င်းတို့၏ ပတ်စ်ပို့ စာအုပ် တွင် မြန်မာဘက်အထွက် (လ၀က) တံဆိပ်အတုပြုလုပ်ထားမှု သိရှိသဖြင့် ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ ၆ ရက်နေ့၊ ညနေ (၅)နာရီ (၄၅)မိနစ်အချိန်တွင် မြ၀တီ-မဲဆောက် ချစ်ကြည်ရေးတံတား၌ အဆိုပါ မြန်မာနိုင်ငံသားအလုပ်သမား ကျား (၂၈)ဦး၊ မ (၁၂)ဦး၊ ပေါင်း (၄၀)ဦးအား BOM BOM ကုမ္ပဏီတာဝန်ခံ Mr.Rungsak Thuenkaew မှ လွှဲပြောင်းပေးအပ်ရာ မြန်မာနိုင်ငံဘက် မှ မြ၀တီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ၊ မြ၀တီ(လ၀က) ဦးစီးမှူး ဦးမြင့်သိန်းဌေး၊ မြ၀တီမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ငွေ နှင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ် မှူး ရဲအုပ် ထွန်းထွန်း တို့မှ လက်ခံခဲ့သည်။

လွှဲပြောင်းလက်ခံခဲ့သော မြန်မာနိုင်ငံအလုပ်သမား (၄၀)ဦးတို့အား ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူး အစီအစဉ်ဖြင့် အမှတ် (၄)ရပ်ကွက်၊ ဘုရားကြီးကျောင်းတိုက်၊ ဘုန်းကြီး ကျောင်းဓမ္မာရုံ တွင် နေရာချထား၍ ကျွေးမွေးမှုများ စီစဉ်ဆောင်ရွက်ထားရှိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူများမှ စစ်ဆေးမေးမြန်းလျက်ရှိပြီး ပေါ်ပေါက်ချက်များအရ ဆက်လက်အမှုဖွင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဒုရဲမှူး မင်းနိုင်(လူကုန်တား)

No comments:

Post a Comment