About This Blog

မြန်မာနိုင်ငံအတွင်း ကြီးထွားလာသော လူကုန်ကူးမှုအား တိုက်ဖျက်ရန် ရည်မှန်းပြီး တစ်ဖက်တစ်လမ်းမှ အသိပညာပေးအစီအစဉ်များ ပြုလုပ်ရန် ရည်ရွယ်ထားပါသည်။

Thursday, January 9, 2014

မိခင်ဖြစ်သူမှ သမီးရင်း နှင့် လင်ပါသား ကလေးငယ်တို့အား ငွေကြေးအကျိုးအမြတ်ရယူပြီး မွေးစားရန်ပေးအပ်ခဲ့သဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေဖြင့် အရေးယူခြင်း

သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာအုပ်စု၊ အေးချမ်းသာရပ်ကွက်မှ အသက်(၉)နှစ်အရွယ် သမီးအရင်းနှင့် အသက်(၆)နှစ်အရွယ် လင်ပါသား တို့ကို မတင်နွယ်စိုး(ခ) မစိုး မှ တရုတ်နိုင်ငံသို့ ခေါ်ဆောင်သွားကာ တရုတ်အဖွားကြီးတစ်ဦးထံတွင် အခကြေးငွေယူ၍ မွေးစားရန် ပေးအပ်ရာမှ လူကုန်ကူးမှုဖြစ်လာသော အမှု တစ်မှု ၁၅-၇-၂၀၁၃ ရက်နေ့တွင် သီပေါမြို့နယ်၊ နမ့်လန်နယ်မြေရဲစခန်း၌ ဖြစ်ပွားခဲ့ပါသည်။

 လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(လားရှိုး)မှ တပ်ဖွဲ့ဝင်များသည် သီပေါမြို့နယ်၊ နမ့်လန်နယ်မြေ ရဲစခန်း(ပ) ၁၂/၂၀၁၃၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၈(က) အမှုမှ တရားခံ မတင်နွယ်စိုး (ခ) မစိုး အား သက်သေများရှေ့တွင် မေးမြန်းရာ ၂၃-၆-၂၀၁၃ ရက်နေ့တွင် အသက်(၉)နှစ်အရွယ်ရှိ ၎င်းင်း၏သမီးနှင့် အသက်(၆)နှစ်အရွယ်ရှိ လင်ပါသား တို့အား မွေးစားမည့်သူအား အမွေစားအမွေခံအဖြစ် ပေးအပ်ရန် နမ့်လန်ကျေးရွာ၊ စက်ရုံရပ်ကွက်နေ မအေးကြည် (ခ)နန်းငွေကြည် (၃၈)နှစ်၊ (ဘ)ဦးစံရွှေ၊ ရှမ်း/ဗုဒ္ဓ၊ နှင့် ဆက်သွယ်၍ပို့အပ်ခဲ့ကြောင်း၊ လားရှိုး မှ မူဆယ် သို့ ဗင်ကားဖြင့်လည်းကောင်း၊ မူဆယ် စက်လှေဆိပ်မှ တရုတ်နိုင်ငံ၊ ကောင်းဆောင်ရွာသို့ ရောက်ရှိခဲ့ကြောင်း၊ ၄င်းရွာရှိ အမည်မသိ တရုတ်နိုင်ငံသား အဖွားကြီး တစ်ဦးမှ မွေးစားလို၍ အမွေစား၊ အမွေခံစာချုပ် လက်မှတ်ရေးထိုးပေးအပ်ခဲ့ကြောင်း၊ ထိုတရုတ် အဖွားကြီးမှ ၄င်းအား ကလေးဝယ်ယူသည့်ငွေအဖြစ် သဘောမထားဘဲ ““နို့ဖိုး”” ဟု ပြောဆိုကာ တရုတ်ယွမ်ငွေ  (၂၅၀၀) ပေး၍ မြန်မာငွေလဲလှယ်ခဲ့ရာ ကျပ် (၄)သိန်းခန့် ရရှိခဲ့ကြောင်း၊ လမ်းစရိတ်၊ စားစရိတ်များအား မအေးကြည် မှ စိုက်ထုတ် လာ၍ မအေးကြည် ကို ခရီးစရိတ်ငွေကျပ် (၁)သိန်းနှင့် လိုက်ပါပို့ဆောင်ခ ကျပ် (၅)သောင်း၊ စုစုပေါင်း ကျပ် (၁၅၀၀၀၀ိ/-)ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

 မတင်နွယ်စိုး (ခ)မစိုး ၏ ထွက်ဆိုချက်အရ မအေးကြည် သည် ထိုအချိန်က ကျေးရွာအတွင်း မတွေ့ရှိ ၍ မအေးကြည် သတင်းအား စုံစမ်းဆောင်ရွက်ခဲ့ပြီး နေအိမ်အား စောင့်ကြည့်ခဲ့ရာ ၁၄-၇-၂၀၁၃ ရက်နေ့ တွင် နေအိမ်သို့ ပြန်လည်ရောက်ရှိနေကြောင်း သတင်းအရ နမ့်လန်နယ်မြေရဲစခန်းသို့ ခေါ်ယူမေးမြန်းခဲ့ရာ   မတင်နွယ်စိုး (ခ)မစိုး မှ နောက်အိမ်ထောင်သည် ကလေးများရှိသည်ကို မကြိုက်ကြောင်း၊ ကလေးများ မွေးစားမည့်သူရှိက ပေးလိုကြောင်းပြောသဖြင့် ၄င်းမှ တရုတ်နိုင်ငံ၊ ကောင်းဆောင်ရွာနေ ဦးမောင် ထံ ပို့ဆောင်ပေးခဲ့ကြောင်း၊ ကောင်းဆောင်ရွာထဲတွင် ကလေးမရှိသည့် လင်မယားမှ မွေးစားလိုသည်ဟု ပြောဖူးကြောင်း၊ ကောင်းကောင်းမွန်မွန်ထားပြီး ပညာသင်ကြားပေးလိမ့်မည်ဟု ပြောရာ မတင်နွယ်စိုး (ခ)မစိုး မှ သဘောတူသဖြင့် တရုတ်အမျိုးသမီးကြီးနှင့် တွေ့ပေးခဲ့ကြောင်း၊ တရုတ်အမျိုးသမီးကြီးမှ နောင်အခါ ပြဿနာ မဖြစ်စေရန် စာချုပ်စာတမ်းဖြင့် လက်မှတ်ရေးထိုးပေးအပ်စေခဲ့ကြောင်း၊ မတင်နွယ်စိုး (ခ)မစိုး အား တရုတ်ငွေ ပေးသည်ကို မြင်တွေ့သော်လည်း မည်မျှပေးသည်ကို မတွေ့ခဲ့ကြောင်း၊ ၄င်းအား မတင်နွယ်စိုး (ခ)မစိုး မှ လိုက်ပါပို့ဆောင်ခ ငွေကျပ် (၅)သောင်း ပေးကြောင်းသိရှိရပါသည်။

သို့ဖြစ်ပါ၍ သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာ၊ အေးချမ်းသာရပ်ကွက်နေ အသက် (၉)နှစ်အရွယ် သမီးအရင်းနှင့် အသက် (၆)နှစ်အရွယ် လင်ပါသား တို့အား တရုတ်နိုင်ငံသို့ ပို့ဆောင်၍ အမည်မသိတရုတ် အဖွားကြီးထံ အဓမ္မမွေးစားရန် ပေးအပ်ခဲ့ပြီး အကျိုးအမြတ်ရယူခဲ့ကြသော မိခင်ဖြစ်သူ မတင်နွယ်စိုး(ခ) မစိုး၊ (၃၃)နှစ် (ဘ)ဦးမြင့်ဆွေ၊ ဗမာ/ဗုဒ္ဓနှင့် အတူလိုက်ပါပို့ဆောင်ပေးသူ မအေးကြည်(ခ)နန်းငွေကြည်၊ (၃၈)နှစ်၊ (ဘ)ဦးစံရွှေ၊ ရှမ်း/ဗုဒ္ဓ၊ စက်ရုံရပ်ကွက်၊ နမ့်လန်ကျေးရွာ နေသူတို့အား ဥပဒေအရ အရေးယူပေး ပါရန် (၁၅-၇-၂၀၁၃)ရက်နေ့တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(လားရှိုး)မှ တရားလိုပြုလုပ် တိုင်တန်းခဲ့ရာ  သီပေါမြိဲု့နယ်၊ နမ့်လန်နယ်မြေရဲစခန်း(ပ) ၁၃/၂၀၁၃၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အမှုဖွင့်အရေးယူထားရှိကြောင်း နှင့် ကလေးငယ်နှစ်ဦးအား ပြန်လည်ကယ်တင်နိုင် ရေး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(လားရှိုး)နှင့် တပ်ဖွဲ့စု(မူဆယ်)တို့ ဆက်သွယ်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment