About This Blog

မြန်မာနိုင်ငံအတွင်း ကြီးထွားလာသော လူကုန်ကူးမှုအား တိုက်ဖျက်ရန် ရည်မှန်းပြီး တစ်ဖက်တစ်လမ်းမှ အသိပညာပေးအစီအစဉ်များ ပြုလုပ်ရန် ရည်ရွယ်ထားပါသည်။

Thursday, January 9, 2014

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ် မှ အမျိုးသမီးတစ်ဦးအား တရုတ်နိုင်ငံသို့ လိမ်လည်ခေါ်ဆောင်သွားပြီး တရုတ်မယားအဖြစ် ရောင်းစားခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ဗိုလ်ရွှေကုန်းရပ်ကွက် မှ အသက်(၄၂)နှစ် အမျိုးသမီးတစ်ဦးအား တရုတ်နိုင်ငံတွင် အသီးအနှံရောင်းရငွေသိမ်းရသည့်အလုပ်ကို လုပ်ရမည်ဟု  လိမ်လည်စည်းရုံးကာ တရုတ်နိုင်ငံထဲသို့ ခေါ်ဆောင်သွားပြီး တရုတ်မယားအဖြစ်ရောင်းစားခဲ့သဖြင့် ၃-၇-၂၀၁၃ ရက်နေ့တွင်မြောက်ဥက္ကလာပမြို့နယ်၊ရွှေပေါက်ကံနယ်မြေရဲစခန်း၌ အမှုဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ၂၀၁၂ခုနှစ်၊ အောက်တိုဘာလခန့်က ဒေါ်-----သည် မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊ (၂၁)ရပ်ကွက် ရှိ နေအိမ်တွင် ရှိနေစဉ် မောင်အရင်းဖြစ်သူ၏နေအိမ်တွင် ခေတ္တနေထိုင်ဖူးသူ မအေးအေးမွန်၊ (၄၀)နှစ်၊ (ဘ)ဦးအောင်မြင့်၊ အမှတ် (၆၅၁)၊ ကရုဏာ (၂)လမ်း၊ (၄)ရပ်ကွက်၊ မြောက်ဥက္ကလာပနေသူ နှင့် မ-------တို့ ရောက်ရှိလာပြီး အသက် (၄၂)နှစ်အရွယ် သမီးဖြစ်သူအား  တရုတ်နိုင်ငံတွင် အသီးအနှံရောင်းရငွေသိမ်းအလုပ်ကိုတစ်လလျှင် ကျပ်(၂)သိန်းဖြင့် လုပ်ကိုင်ရမည်ဟု လိမ်လည်ပြောဆိုစည်းရုံးပြီးရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားဝင်း၊ ကားဂိတ်မှ တဆင့် ခေါ်ဆောင်သွားကြောင်း၊ ၂၀၁၃ ဖေဖော်ဝါရီလတွင် ၄င်းထံသို့ မအေးအေးမွန် တို့ (၂)ဦး ထပ်မံရောက်ရှိလာပြီး သမီးဖြစ်သူမှာ တရုတ်နိုင်ငံတွင် အိမ်ထောင်ကျနေကြောင်း၊ အဆင်ပြေကြောင်း ပြောဆိုကာ ငွေကျပ် (၅)သိန်းနှင့် မင်္ဂလာဆောင်ဓါတ်ပုံ (၄)ပုံအားပေးပြီး မအေးအေးမွန် မှ ပွဲခငွေ ကျပ်(၅)သောင်းတောင်းသဖြင့် ပေးခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်၊ ဇွန်လ၌ သမီးဖြစ်သူ၏မိတ်ဆွေ ဦးသန်းညွှန့်၏အကူအညီဖြင့် တရုတ်နိုင်ငံတွင် ရောက်ရှိနေသော သမီးဖြစ်သူထံ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့ရာ သမီးဖြစ်သူမှ ၄င်းအား ယခုအိမ်ထောင်ကျသူ တရုတ်အမျိုးသား က နှိပ်စက်ကြောင်း၊ ပို့ဆောင်ပေးသူ မ------ကလည်း မြန်မာနိုင်ငံသို့ပြန်ရန် မကြိုးစားဖို့ပြောဆိုထားကြောင်း၊ ပြောဆို သိရှိရ၍ သမီးဖြစ်သူအား တရုတ်နိုင်ငံတွင် အသီးအနှံ ရောင်းရငွေသိမ်းရသည့်အလုပ်ကို လုပ်ရမည် ဟု  လိမ်လည်စည်းရုံးကာ တရုတ်နိုင်ငံထဲသို့ ခေါ်ဆောင်သွားပြီး တရုတ်မယားအဖြစ်ရောင်းစားခဲ့သူ မအေးအေးမွန်  (၄၀)နှစ်၊ (ဘ)ဦးအောင်မြင့်၊ အမှတ် (၆၅၁)၊ ကရုဏာ(၂)လမ်း၊ (၄)ရပ်ကွက်၊ မြောက်ဥက္ကလာပနေသူနှင့်မ-------တို့အပေါ် ဥပဒေအရအရေးယူပေးရန် မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံနယ်မြေရဲစခန်းသို့ (၃.၇.၂၀၁၃)ရက်နေ့တွင် တိုင်တန်းခဲ့ရာ ရွှေပေါက်ကံနယ်မြေရဲစခန်း (ပ)၁၃၀/၂၀၁၃၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ - ၂၄ ဖြင့် အမှုဖွင့် အရေးယူထား ကြောင်း သတင်းရရှိသည်။

အမှုမှ တရားခံ (၂)ဦးအနက် မအေးအေးမွန် (၄၀)နှစ်၊ (ဘ)ဦးအောင်မြင့်၊ အမှတ် (၆၅၁)၊ ကရုဏာ (၂)လမ်း၊ (၄)ရပ်ကွက်၊ မြောက်ဥက္ကလာပနေသူအား (၄.၇.၂၀၁၃)ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ပြီး ကျန်ရှိတရားခံ မ------အား ဖမ်းဆီးရမိရေးအတွက် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment