မဲခေါင်ဒေသတွင်း(၆) နိုင်ငံဝန်ကြီးအဆင့် လူကုန်ကူးမှု
တိုက်ဖျက်ရေး လုပ်ငန်းစဉ် (Coordinated Mekong Ministerial Initiative
against Trafficking - COMMIT Process) အပေါ်ပြန်လည် သုံးသပ်ခြင်း နှင့်
နောက်လာမည့်ရည်မှန်းချက်နှင့် ရည်ရွယ်ချက်များအားဖေါ် ထုတ်သည့်အလုပ်ရုံ
ဆွေးနွေးပွဲ (Consultation Workshop on Strategic Visioning for post-2013
Coordinated Efforts in Anti-Trafficking in Persons) ကျင်းပခြင်း
၂၀၀၄ခုနှစ်မှစတင် ၍အကောင်အထည်ဖေါ်ခဲ့သော မဲခေါင်ဒေသတွင်း(၆)နိုင်ငံဝန်ကြီးအဆင့်လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ် (Coordinated Mekong Ministerial Initiative against Trafficking - COMMIT Process) အပေါ်ပြန်လည် သုံးသပ်ခြင်းအစီအစဉ်ရှိသည်။ထိုသို့သုံးသပ်ရာတွင် (၆)နိုင်ငံအတွင်း လူကုန်ကူးမှုတိုက် ဖျက်လုပ်ငန်းစဉ်များကို မည်သို့အကောင် အထည်ဖေါ်လျှက်ရှိ သည်၊မည်မျှထိရောက်မှုရှိသည်၊ မည်ကဲ့သို့ဆက်လက် ဆောင်ရွက်သင့်သည်တို့ကို သိရှိရန် ၂၀၁၃ ခုနှစ်မေလ( ၁)ရက်နေ့ မှ မေလ(၆) ရက်နေ့အ ထိ ရန်ကုန်မြို့နှင့် နေပြည်တော်မြို့များတွင်လေ့လာသုံးသပ်မည့်ကျွမ်းကျင်သူမှ လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းများတွင် တာဝန်ယူ ဆောင်ရွက် ခဲ့ကြသည့် ပညာရှင်များ၊ဋ္ဌာနဆိုင်ရာ အကြီး အကဲ ဟောင်းများ၊လက်ရှိတာဝန်ယူဆောင်ရွက်နေကြသည့် ဋ္ဌာနဆိုင်ရာ ၀န် ထမ်းများ၊ နိုင်ငံတကာအဖွဲ့အ စည်းနှင့်ကုလသမဂ္ဂအဖွဲ့အစည်းများမှတာဝန်ရှိသူများ၊အစိုးရမဟုတ်သော လူမှုအဖွဲ့အစည်းများတို့ကိုတွေ့ဆုံမေးမြန်းသွားမည်ဖြစ်သည်။

၎င်း၏ရှာဖွေတွေ့ရှိချက်များမှ နိုင်ငံအတွင်းရှိလူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများနှင့်နိုင်ငံအချင်းချင်းပူးပေါင်းဆောင် ရွက်မှုများအားယခု ထက်ပို၍ထိရောက်ရှိနိုင်သည့်အနာဂတ် လုပ်ငန်းစဉ်များနှင့်နည်းလမ်းများအတွက် အထောက် အကူ ပြုမည်ဖြစ်သည်။လေ့လာသုံးသပ်မှုလုပ်ငန်းစဉ်နှင့်တပြိုင်နက်တည်းမှာပင် ၂၀၁၃ခုနှစ်မေလ (၂) ရက်နေ့နှင့် (၃) ရက်နေ့ များတွင်နေပြည်တော် မြို့၊အမရာဟိုတယ်တွင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့နှင့် UNIAP တို့ ပူးေ ပါင်းကာမြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် ပတ်သက်၍နောက်လာမည့်ရည်မှန်းချက်နှင့် ရည်ရွယ်ချက်များအားဖေါ်ထုတ်သည့်အလုပ်ရုံဆွေးနွေးပွဲ (Consultation Workshop on Strategic Visioning for post-2013 Coordinated Efforts in Anti-Trafficking in Persons) ကို ကျင်းပသွားမည်ဖြစ်သည်။
၎င်းဆွေးနွေးပွဲသို့လူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည့်ဝန်ကြီးဋ္ဌာနများ၊ UNICEF,UNIAP, ILO, IOM, World Vision, AFXB, MTV EXIT, Walk Free, အစိုးရမဟုတ်သောလူမှုရေးအဖွဲ့အစည်းများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများမှကိုယ်စားလှယ်များပါဝင်တက်ရောက်ဆွေးနွေးကြမည်ဖြစ်ပါသည်။

No comments:
Post a Comment