About This Blog

မြန်မာနိုင်ငံအတွင်း ကြီးထွားလာသော လူကုန်ကူးမှုအား တိုက်ဖျက်ရန် ရည်မှန်းပြီး တစ်ဖက်တစ်လမ်းမှ အသိပညာပေးအစီအစဉ်များ ပြုလုပ်ရန် ရည်ရွယ်ထားပါသည်။

Thursday, January 9, 2014

အုပ်စုဖွဲ့လူကုန်ကူးသူများအား လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စု(လားရှိုး) မှ ဖော်ထုတ်ဖမ်းဆီးလိုက်ခြင်း

သီပေါမြို့နယ်၊နမ့်လန်ကျေးရွာအုပ်စု၊ရပ်ကွက်တစ်ခုမှ အသက်(၁၁)နှစ်အရွယ်ရှိ ကလေးသူငယ် အမျိုးသမီးတစ်ဦးအားအမျိုးသမီး(၆)ဦးပါဝင်သည့် အုပ်စုဖွဲ့လူကုန်ကူးသူများမှ တရုတ်နိုင်ငံတွင်အလုပ် လုပ်ပါကလစာကောင်းကောင်းရမည်ဟု လိမ်လည်စည်းရုံးပြောဆိုကာ မိဘအုပ်ထိန်းသူများ၏ သဘောတူ ခွင့်ပြုချက်မရှိဘဲ တရုတ်နိုင်ငံသို့ ပို့ဆောင်၍ တရုတ် အမျိုးသားထံ ရောင်းစားခဲ့သောအမှု (၁)မှု(၄-၇-၂၀၁၃) ရက်နေ့တွင် သီပေါမြို့နယ်၊ နမ့်လန်ရဲစခန်း၌ ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ၃-၇-၂၀၁၃ ရက်နေ့တွင်နမ့်လန်ကျေးရွာအုပ်စု၊ရပ်ကွက်တစ်ခုမှ အသက် (၁၁)နှစ် အရွယ်ရှိကလေးသူငယ်အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေသည်ကိုနမ့်လန်ရဲစခန်းသို့ လာရောက်တိုင်တန်း ကြောင်းနမ့်လန်ရဲစခန်းမှူးမှလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(လားရှိုး)သို့ဆက်သွယ် အကြောင်းကြား လာသဖြင့် တပ်ဖွဲ့စု(လားရှိုး)မှ သတင်းရယူ စုံစမ်းဆောင်ရွက်ခဲ့သည်။
စုံစမ်းဖေါ်ထုတ်ချက်များအရ နမ့်လန်ကျေးရွာအုပ်စု၊ အေးချမ်းသာရပ်ကွက်နေ နိုင်းမြင့် (ခ) ဒေါ်ဆွေမြင့်မှ တရုတ်နိုင်ငံတွင် အိမ်ထောင်ပြုလိုသူ အမျိုးသမီးများရှိက ဆက်သွယ် ပို့ဆောင်ပေးရန် အသိမိတ်ဆွေများ တရုတ်နိုင်ငံ၊ ရွှေလီမြို့၊ ကောင်းဆောင်ရွာတွင်ရှိကြောင်း၊ ပို့ဆောင်ပေးပါက ငွေများ ရနိုင်ကြောင်း၊ ဆက်သွယ်ပေးမည်ဖြစ်ကြောင်း၊ မစန်းစန်းအေး အား ပြောကြားသဖြင့် မစန်းစန်းအေး မှ တစ်ရွာတည်း နေ မတင်နွယ်စိုး (ခ)မစိုး နှင့်မအေးမီး(ခ)မတင်တင်အေး တို့အား လူရှာပေးရန် ပြောဆိုခဲ့ပါသည်။မတင်နွယ်စိုး နှင့် မအေးမီး မှ ၄င်းတို့နှင့် အခန်းချင်းကပ် အသက် (၁၁)နှစ်အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦးအား တရုတ်နိုင်ငံ တွင်အလုပ်လုပ်ပါက လစာကောင်းကောင်း ရမည်၊ ချမ်းချမ်းသာသာ နေရမည်ဟု လိမ်လည်ပြောဆိုစည်းရုံးကာ မစန်းစန်းအေး ထံ အပ်နှံပေးခဲ့ ကြောင်း၊ ၁-၇-၂၀၁၃ ရက်နေ့တွင် မစန်းစန်းအေး မှ အသက် (၁၁)နှစ်အရွယ်ရှိ အမျိုးသမီးငယ် တစ်ဦးအား မနှင်းရီ (ခ)မညီမ နှင့်အတူ သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာမှ လားရှိုး-မူဆယ် မှ တဆင့် နိုင်းမြင့် (ခ)ဒေါ်ဆွေမြင့် ဆက်သွယ်ပေးသည့် တရုတ်နိုင်ငံ၊ ကောင်းဆောင်ရွာရှိ တရုတ်နိုင်ငံသား၊ ရှမ်းလူမျိုး ဦးလွန်းမောင် ထံ ပို့ဆောင်ပေးခဲ့ကြောင်း၊ ဦးလွန်းမောင် (ခ)ဦးမောင် မှ အဆိုပါ အမျိုးသမီးငယ်အား တရုတ်အမျိုးသားတစ်ယောက်ထံ မယားအဖြစ်ရောင်းစားခဲ့ပြီး၊ ၄င်းတို့အဖွဲ့အား ဦးလွန်းမောင် (ခ)ဦးမောင် မှ တရုတ်ငွေ ယွမ်(၁၉၀၀၀)ပေးကြောင်း၊မြန်မာငွေလဲလှယ်ခဲ့ရာ (၂၇)သိန်း ရရှိခဲ့ကြောင်း၊ အဆိုပါငွေ (၂၇)သိန်း အား မစန်းစန်းအေး မှသမီးဖြစ်သူ မ၀ါနုအား ပေးခဲ့ကြောင်း၊ ၄င်းတို့ အဖွဲ့တွင် အဖွဲ့ဝင် (၅)ဦးရှိကြောင်း၊ မတင်နွယ်စိုး (ခ)မစိုး၊ မအေးမီး (ခ)မတင်တင်အေး၊ မနှင်းရီ  ၂
(ခ)မညီမ၊ နိုင်းမြင့် (ခ)ဒေါ်ဆွေမြင့် နှင့် မစန်းစန်းအေး တို့ဖြစ်ကြောင်း၊စုံစမ်းဖေါ်ထုတ်သိရှိရသည်။
စုံစမ်းဖေါ်ထုတ်ချက်များအရ အသက် (၁၁)နှစ်အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦးအား တရုတ် နိုင်ငံတွင် အလုပ်လုပ်ပါက လစာကောင်းကောင်းရမည်၊ချမ်းချမ်းသာသာနေရမည်ဟုလိမ်လည် စည်းရုံး ပြောဆိုကာ မိဘအုပ်ထိန်းသူများ၏ သဘောတူခွင့်ပြုချက်မရှိဘဲ သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာမှ လားရှိုး-မူဆယ် မှတဆင့် တရုတ်နိုင်ငံ၊ ရွှေလီမြို့အနီးရှိ ကောင်းဆောင်ရွာသို့ ခေါ်ဆောင်သွားကာ တရုတ်နိုင်ငံ လူပွဲစားများမှတဆင့် တရုတ်အမျိုးသားတစ်ဦးနှင့် အဓမ္မလက်ထပ်ထိမ်းမြှားစေခြင်းဖြင့် အကျိုးအမြတ်ရယူပူးပေါင်း ဆောင်ရွက်ခဲ့သည့် ဂိုဏ်းဖွဲ့ကျူးလွန်သူ သီပေါမြို့နယ်၊ အေးချမ်းသာ ရပ်ကွက်၊ နမ့်လန်ကျေးရွာနေ မစန်းစန်းအေး (၅၅)နှစ်၊ (ဘ)ဦးရွှေထွန်း၊ ဗမာ-ဓနု/ဗုဒ္ဓ၊ မ၀ါနု (၂၆)နှစ်၊ (ဘ)ဦးကြီးမောင်၊ ဗမာ-ဓနု/ဗုဒ္ဓ (မစန်းစန်းအေး ၏သမီး)၊ မအေးမီး (ခ)မတင်တင်အေး (၃၇)နှစ်၊ (ဘ)ဦးမောင်ကြည်၊ ဗမာ-ရှမ်း/ဗုဒ္ဓ၊ မနှင်းရီ (ခ)မညီမ (၄၀)နှစ်၊ (ဘ)ဦးဖိုးသွယ်၊ ဗမာ/ဗုဒ္ဓ၊ မတင်နွယ်စိုး (ခ)မစိုး (၃၃)နှစ်၊ (ဘ)ဦးမြင့်ဆွေ၊ ဗမာ/ဗုဒ္ဓ၊ နိုင်းမြင့် (ခ)ဒေါ်ဆွေမြင့် (၇၀)နှစ်၊ (ဘ)ဦးချင်းပန်၊ ရှမ်း/ဗုဒ္ဓ၊ (၆)ဦးတို့အား ဥပဒေအရအရေးယူပေးပါရန် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု (လားရှိုး)မှ ရဲအုပ် ၀င်းညွှန့် က တရားလိုပြုလုပ်တိုင်တန်း ခဲ့ရာ ၄-၇-၂၀၁၃ ရက်နေ့တွင်နမ့်လန်နယ်မြေရဲစခန်း(ပ)၁၂/၂၀၁၃၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ-၂၈(က) ဖြင့် အမှုဖွင့်အရေးယူထားရှိပြီး၊ အမှုစစ် ရဲအုပ် လှကြိုင် (စခန်းမှူး)မှ စစ်ဆေးလျက်ရှိသည်။

အမှုမှ တရားခံ (၆)ဦးစလုံးအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု (လားရှိုး)မှ ဖမ်းဆီးရမိခဲ့ပြီး တရုတ်အမျိုးသမီး (ဇနီး)အဖြစ်ရောင်းစားခံရသူအသက်(၁၁)အရွယ်ရှိ အမျိုးသမီးငယ် အား ပန်လည်ကယ်တင်နိုင်ရေးနှင့် တရုတ်နိုင်ငံမှလူပွဲစားများအား ဖေါ်ထုတ်ဖမ်းဆီး ရမိရေး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(လားရှိုး)နှင့် တပ်ဖွဲ့စု (မူဆယ်)တို့မှ တရုတ်နိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment