ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တွင် စက်တင်ဘာလ (၃) ရက်နေ့မှ (၄) ရက်နေ့အထိ
ဒုတိယအကြိမ် မဲခေါင်ဒေသတွင်းဝန်ကြီးများအဆင့်လူကုန်ကူးမှု
ပူးပေါင်းတိုက်ဖျက်ရေးအစီအစဉ်၏ အထူးအဖွဲ့ များအစည်းအဝေး (2nd Regional
COMMIT Taskforce Meeting)ကိုကျင်းပမည်ဖြစ်သည်။
ထိုအစည်းအဝေးသို့မြန်မာကိုယ်စားလှယ်အဖြစ် ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ်ခင်မောင်စီ၊ ရဲမှူးကြီး ၀င်းနိုင်ထွန်း(ဒုတပ်ဖွဲ့မှူး၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့) နှင့် ဒေါ်ဥမ္မာအိအိချော ( National Project Coordinator, UNIAP Myanmar) တို့တက်ရောက်ကြမည်ဖြစ်သည်။
ထိုအစည်းအဝေးတွင် ယခုနှစ်ဒီဇင်ဘာလတွင်ပြီးဆုံးတော့မည့် UNIAP (United Nations Inter - Agency Project on Human Trafficking) အစား East Asia Initiative Against Trafficking in Persons (EATIP) Project မှဆက်လက်လုပ်ဆောင်သွားမည့်ကိစ္စနှင့်ပတ်သက်၍ မဲခေါင်ဒေသတွင်း (၆) နိုင် ငံ(တရုတ်၊ဗီယက်နမ်၊မြန်မာ၊လာအို၊ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံ)တို့မှကိုယ်စားလှယ်များ၊ အလှူရှင်နိုင်ငံများ၊ UNDP, UNIAP နှင့် IOM တာဝန်ရှိသူများတို့တွေ့ဆုံ ကာဆွေးနွေးကြမည် ဖြစ်သည်။
East Asia Initiative Against Trafficking in Persons (EATIP) Project သည် ၂၀၁၄ခုနှစ်ဇန်န၀ါရီလမှ ၂၀၁၈ခုနှစ် ဒီဇင်ဘာလအထိ (၅)နှစ်စီမံကိန်းဖြစ်သည်။
UNIAP (United Nations Inter - Agency Project on Human Trafficking) ကိုအစက UNDP မှစီမံခန့်ခွဲခဲ့သော်လည်း ယခုစီမံချက်အသစ်ဖြစ်သည့် East Asia Initiative Against Trafficking in Persons (EATIP) Project ukd IOM (International Organisation for Migration) မှတာဝန်ယူသွား ရန်စီစဉ်ထားသည်။
UNIAP (United Nations Inter - Agency Project on Human Trafficking) စီမံကိန်းသည် ၂၀၀၀ပြည့် နှစ်မှစကာ မဲခေါင်ဒေသတွင်း(၆)နိုင်ငံများ အကြား၊မဲခေါင်ဒေသတွင်း ၀န်ကြီးများအဆင့် လူကုန် ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးလုပ်ငန်းစဉ် ( COMMIT Process) ၏ အတွင်းရေးမှူးရုံးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။
မဲခေါင်ဒေသတွင်း(၆)နိုင်ငံများအကြား၊မဲခေါင်ဒေသတွင်းဝန်ကြီးများအဆင့်လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးလုပ်ငန်းစဉ် (COMMIT Process) ၏အောင်မြင်မှုများမှာ နှစ်နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရန် သဘောတူညီချက်များဖြင့် အကောင်အထည်ဖေါ်နိုင်ကြခြင်း၊ နားလည်မှု စာချွန်လွှာများဖြင့်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ကြခြင်း ၊နှစ်နိုင်ငံနယ်စပ်ဆက်ဆံရေးရုံးများဖွင့်ကာ နယ်စပ်ဖြတ်ကျော်လူကုန်ကူးမှုများတိုက်ဖျက်သည့်လုပ်ငန်းများဆောင်ရွက်ခြင်း၊လူကုန်ကူးခံရသူ များအကာကွယ်ပေးသည့် လုပ်ငန်းစဉ်ဖြစ်သည့်ဂေဟာများဖွံဖြိုးတိုးတက်အောင်ဆောင်ရွက်ကြခြင်း၊ လုပ်ဆောင်ကြမည့်အစီအမံများ ကိုရေးဆွဲအကောင်အထည်ဖော်ကြခြင်း၊ လူကုန်ကူးသူများကိုနှစ် နိုင်ငံစိစစ်ကြခြင်း၊ ပူးတွဲလုပ်ဆောင်ကြခြင်းများ တို့ဆောင်ရွက်နိုင်ခဲ့ကြခြင်းများ နှင်လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ ဥပဒေများပြုနိုင်ခြင်းများတို့ဖြစ်ကြသည်။

No comments:
Post a Comment