လားရှိုးမြို့နယ်၊ မိုင်းယော်ကျေးရွာအုပ်စု၊ ပန်နန်းရွာနေ
(ဘ)ဦး......၏သမီး မ.....အား တရုတ်ယောကျာ်းယူပါက ငွေကျပ်(၁၂)သိန်း
မိဘများထံပေးမည်ဟုစည်းရုံးကာတရုတ်နိုင်ငံသို့ပို့ဆောင်၍ တရုတ် အမျိုးသားထံ
ရောင်းစားခဲ့သောအမှု (၁)မှု (၂၇.၆.၂၀၁၃) ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ (၁၇.၃.၂၀၁၃)ရက်နေ့တွင် မ......အား လားရှိုးမြို့နှင့် တရုတ်နိုင်ငံနေ မအေး (ခ)မရွှေယုံ (ခ)ဒေါ်အေးခမ်း မှ ၄င်း၏အမျိုး တရုတ်ယောကျာ်းနှင့်ယူပါက ငွေကျပ် (၁၂)သိန်း ပေးမည်ဟု စည်းရုံးပြောဆိုခဲ့ကြောင်း၊ (၁၈.၆.၂၀၁၃)ရက်နေ့တွင် တရုတ်နိုင်ငံ နောင်တောင်းမြို့၊ ဟန်ဝိန်းရွာနေ မိခင်ဖြစ်သူ ဒေါ်ခမ်းကျန် နှင့် ညီမဖြစ်သူ မခင်ထွေးတို့ ၄င်း၏လားရှိုးအိမ် သို့ ရောက်ရှိလာပြီး (၁၉.၆.၂၀၁၃)ရက်နေ့တွင် မ......နှင့် အဖော်အမျိုးသမီးတို့အား ၄င်းတို့ (၃)ဦးမှ ဘင်ကားဖြင့် နမ့်ခမ်း၊ နမ့်ခမ်း (ကွန်ဟိုင်း)လှေဆိပ် မှ လှေဖြင့်ကူးပြီး ထော်လါဂျီဖြင့် တရုတ်နိုင်ငံ နောင်တောင်းမြို့၊ ဟန်ဝိန်းရွာရှိ ဒေါ်ခမ်းကျန် နေအိမ်သို့ ခေါ်ဆောင်သွားကြောင်း၊ ၄င်းနောက် (၂၄.၆.၂၀၁၃)ရက်နေ့တွင် ဘေးအိမ်ရှိ တရုတ်အမျိုးသားတစ်ယောက်ထံ တရုတ်ငွေ ဖြင့် ရောင်းစားခဲ့ကြောင်းကို အဖော်ဖြစ်သူအမျိုးသမီးထံမှ စုံစမ်းသိရှိရသဖြင့် မ---အား တရုတ်နိုင်ငံသို့ ခေါ်ဆောင်သွားပြီး တရုတ်အမျိုးသားထံ မယားအဖြစ် ရောင်းစားခဲ့သူများ ဖြစ်သည့် လားရှိုးမြို့နှင့် တရုတ်နိုင်ငံနေ မအေး (ခ)မရွှေယုံ (ခ) ဒေါ်အေးခမ်း၊ တရုတ်နိုင်ငံ နောင်တောင်းမြို့၊ ဟန်ဝိန်းရွာနေ ၎င်းင်း၏ မိခင်ဖြစ်သူ ဒေါ်ခမ်းကျန်၊ ညီမဖြစ်သူ မခင်ထွေးတို့ကို အရေးယူပေးရန် လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး တပ်ဖွဲ့စု(လားရှိုး) ရဲအုပ်ကြည်ထူး မှ တရားလိုပြုလုပ်၍ (၂၇.၆.၂၀၁၃)ရက်နေ့တွင် လားရှိုး နယ်မြေရဲစခန်းသို့ တိုင်တန်းခဲ့ရာ (ပ)၇၃/၂၀၁၃၊လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ-၂၄ ဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း၊တရားခံများဖမ်းဆီးရမိရေးအတွက် ၂၈-၆-၂၀၁၃ရက်နေ့၀၈၀၀အချိန်ခန့်တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(မူဆယ်) မှ ရဲအုပ် စိုင်းသိန်းလွင် ဦးစီးတပ်ဖွဲ့ဝင်များသည် တရားခံများနေထိုင်ရာ တရုတ်နိုင်ငံ နောင်တောင်းမြို့သို့သွားရောက်ခဲ့ပြီးနောင်တောင်း ရဲတပ်ဖွဲ့ဝင်များ နှင့်ပူးပေါင်းရှာဖွေဖမ်းဆီးခဲ့ရာ ၀၉၃၀အချိန်ခန့်တွင်အမှုမှတရားခံဒေါ်ခမ်းကျန်ပါ(၃)ဦးတို့အား ဖမ်းဆီး ရမိခဲ့ကြောင်း၊ ထိုနောက်တရားခံများကို မြန်မာနိုင်ငံသို့ဖမ်းဆီးခေါ်ဆောင်လာပြီး လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးတပ်ဖွဲ့စု(လားရှိုး)သို့လွှဲပြောင်းပေးအပ်ကာ ရဲလုပ်ငန်းများ ပြည့်စုံစွာဆောင်ရွက်ပြီးစီးပါက အမြန်ဆုံး တရားစွဲတင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Copyright © 2012 The Republic of the Union of Myanmar |
Ministry of Home Affairs | Central Body for Suppression of Trafficking
in Persons.
All Right Reserved.
All Right Reserved.
No comments:
Post a Comment