
ယခုနှစ်မေလ (၁၅) ရက်နေ့တွင်တရုတ်နယ်စပ်လောက်ကိုင်-နန်ဆန်တို့တွင်တတိယမြောက်နယ်စပ် ဆက်ဆံရေးရုံးများဖွင့်လှစ်သွားမည်ဖြစ်သည်။
မြန်မာ-တရုတ်နှစ်နိုင်ငံတို့သည် မဲခေါင်ဒေသတွင်း(၆)နိုင်ငံဝန်ကြီးအဆင့်လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်၏အဖွဲ့ဝင်နိုင်ငံများဖြစ်သည့်အား လျော်စွာ ၂၀၀၅ခုနှစ်မှစတင်ကာ လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးကိုဆောင်ရွက်ခဲ့ကြသည်။
BLO ဆက်ဆံရေးရုံးများ၏ပူးပေါင်းဆောင်ရွက်မှုကောင်းမွန်သဖြင့် တရုတ်နိုင်ငံအတွင်းတွင် တရုတ်အမျိုးသားများနှင့်အဓမ္မလက်ထပ်ထိမ်းမြားခံ ထား ရသည့်မြန်မာအမျိုးသမီးများကိုတရုတ်ရဲတပ်ဖွဲ့ကယ်တင်၍လည်းကောင်း၊လမ်းခရီးတွင်တားဆီးကယ်တင်၍လည်းကောင်း၊လူပွဲစားများအားဖမ်းဆီး၍လူ ကုန်ကူးခံရသူများကိုကယ်တင်ခြင်းဖြင့်လည်းကောင်းနည်းမျိုးစုံကယ်တင်ရရှိသည့်မြန်မာအမျိုးသမီးများကို ရွှေလီ-ကျန်ဖုန်း နယ်စပ်ဆက်ဆံရေးရုံးများမှ တစ်ဆင့်လွှဲပြောင်းပေးခဲ့သည့်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၏အောင်မြင်သေပြယုဂ်တစ်ခုဖြစ်သည်။

မြန်မာအမျိုးသမီးအများစုသည်တရုတ်နိုင်ငံနယ်စပ်တွင်အလုပ်လုပ်ကိုင်ရန်သွားရောက်သူများရှိသကဲ့သို့ ဆက်စပ်နယ်စပ်ဒေသ မှဆွေမျိုးသားချင်း၊ မိတ် ဆွေများထံသွားရောက် လည်ပတ်ခြင်းများလည်းရှိသည်။အချို့မှာ တရုတ်နိုင်ငံတွင်အလုပ်အကိုင်ရမည်ဟုစည်းရုံးခေါ်ဆောင်လာခြင်းခံကြရပြီး ပွဲစားများ ကတရုတ်အမျိုးသားများနှင့် လက်ထပ်ပေါင်းသင်းရန် ရောင်းစားခံကြရသူများလည်းများစွာရှိသည်။
BLO နယ်စပ်ဆက်ဆံရေးရုံးအချင်းချင်းချိတ်ဆက်၍ကယ်တင်ပေးရန်မေတ္တာရပ်ခံချက်အရလည်းကောင်း၊တရုတ်ရဲတပ်ဖွဲ့ကကယ်တင်ပြီးမြန်မာဘက် သို့ လွှဲပြောင်းပေးလျက်ရှိရာ ၂၀၁၂ခုနှစ်တွင် မြန်မာအမျိုးသမီး (၁၁၈) ဦးရှိခဲ့သည်။၎င်းတို့၏တရုတ်နိုင်ငံသို့ရောက်ရှိခဲ့မှုအခြေအနေမှာ-
(က) တရုတ်အမျိုးသားများနှင့်ကိုယ်တိုင်ချစ်ကြိုက်အိမ်ထောင်ပြုသူ ၁၃ဦး၊
(ခ) တရုတ်အမျိုးသားနှင့်လက်ထပ်ရမည်ကိုသိပြီး ပွဲစားမှတစ်ဆင့်ပို့ဆောင်ရောင်းစားခံရသူ ၂၃ ဦး၊
(ဂ) တရုတ်အမျိုးသားနှင့်လက်ထပ်ရန်လိုက်ပါခဲ့ပြီး လက်မထပ်မီအဖမ်းခံရသူ ၈ ဦး၊
(ဃ) တရုတ်အမျိုးသားနှင့်လက်ထပ်ရန်လိုက်ပါလာစဉ်လမ်း၌အဖမ်းခံရသူ ၂၇ ဦး၊
(င) အလုပ်ရမည်ဟုလိမ်လည်စည်းရုံးခေါ်ဆောင်ပြီး ရောင်းစားခံရသူ ၂၂ ဦး၊
(စ) လိမ်လည်ခေါ်ဆောင်လာပြီး လက်မထပ်မီအဖမ်းခံရသူ ၃ ဦး၊
(ဆ) ဖျော်ဖြေရေးလုပ်ရန်ခေါ်လာပြီး ပြည့်တန်ဆာအဖြစ်စေခိုင်းခံရသူ ၁၀ ဦး၊
(ဇ) တရုတ်နိုင်ငံတွင်အလုပ်လုပ်စဉ်အဖမ်းခံရသူ ၁၀ ဦး၊
(ဈ) အမျိုးသမီးများနှင့်အတူပါလာသည့် ကလေးငယ် ၁၀ ဦး၊
၂၀၁၂ခုနှစ်အတွင်းတရုတ်နိုင်ငံဖက်မှ ပြန်လည်လွှဲပြောင်းပေးသူမြန်မာအမျိုးသမီး (၁၁၈)ဦးအနက် (၈၁)ဦးသည်တရုတ်အမျိုးသားများနှင့်လက် ထပ်ပေါင်းသင်းခဲ့သည်ကိုတွေ့ရှိရသည်။ ယင်းတို့အနက် (၅၄)ဦးသည်တရုတ်အမျိုးသားများနှင့်ကောင်းမွန်စွာလက်ထပ်ပေါင်းသင်းခြင်းခံရပြီး (၂၇) ဦးမှာမူ ညှင်းပန်းနှိပ်စက်ခံရကြောင်းတွေ့ရှိရသည်။
မြန်မာ-ထိုင်းနယ်စပ်များတွင်ဖြစ်ပွားလျက်ရှိသောလူကုန်ကူးမှုများကိုနှစ်နိုင်ငံထိရောက်စွာတားဆီးနှိမ်နင်းနိုင်ရန်အတွက်လူကုန်ကူးမှုဆိုင်ရာနယ်စပ် ဆက်ဆံရေးရုံးများကို ၂၀၁၂ခုနှစ်မတ်လ ၂၂ ရက်နေ့တွင်တာချီလိတ်-မယ်ဆိုင်၌လည်းကောင်း၊၂၀၁၂ခုနှစ်သြဂုတ်လ ၃၀ ရက်နေ့တွင်ကော့ သောင်း -ရနောင်းတို့၌လည်းကောင်းအသီးသီးဖွင့်လှစ်ခဲ့သည်။
No comments:
Post a Comment