လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့နှင့် Japan International
Cooperation Agency (JACA) တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ''Project
on Capacity Improvement of Recovery and Reintegration Assistance for
Trafficked Persons" \ Activities တစ်ခုဖြစ်သည့် လူကုန်ကူး
ခံရသူများပြန်လည် ထူထောင်ရေးနှင့် ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေး
ဆင့်ပွားသင်တန်းကို ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်
ကလေးစောင့်ရှောက်ရေးအသင်းနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး
ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဒီဇင်ဘာ ၁၂ ရက် မှ ၁၄ ရက်နေ့ထိ ဧရာ
ဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့
ခန်းမဆောင် ၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းတွင် ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့်
မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း နာယကကြီး ဒေါ်ခင်ဌေးမြင့် မှ
အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပုသိမ်လူကုန် ကူးမှု တားဆီးနှိမ်နင်းရေး
တပ်ဖွဲ့စုမှ ယာယီရဲမှူး ခင်ခင်စိုး က သင်တန်းဖွင့်လှစ်ရခြင်း
ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြခဲ့သည်။
လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊
လူမှုဝန်ထမ်းဦးစီးဌာန တို့မှ အရာထမ်းများနှင့် မိခင်နှင့်ကလေး
စောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများမှ အလုပ်သမားရွှေ့ပြောင်း
နေထိုင်ခြင်းမူဝါဒ၊ လူကုန်ကူးမှု၊ လူမှောင်ခိုမှုအဓိပ္ပါယ်နှင့် လူကုန်ကူးမှု
ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ချက်များ၊ လူကုန်ကူး ခံရသူများ
တွေ့ဆုံမေးမြန်းခြင်းနှင့်ပြု မှုဆက်ဆံခြင်း၊ တရားစွဲဆိုရေးနှင့် ပတ်သက်၍
လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များ၏ အခန်းကဏ္ဍ၊ လူကုန်ကူး
တားဆီးကာကွယ်ရေး ဥပဒေနှင့် လူကုန်ကူးခံရသူများ စိစစ်ဖော်ထုတ်ခြင်း၊
လူကုန်ကူးမှုခံရသော ကလေးများနှင့် အမျိုးသားများအား စောင့်ရှောက်ခြင်း၊
မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်၏ လူကုန်ကူးခံရ သူများအား
စောင့်ရှောက်မှုများ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း
စသည့်သက်ဆိုင်ရာ ခေါင်းစဉ်များအလိုက် ဆွေးနွေးပို့ချခဲ့သည်။
သင်တန်းသားများအဖြစ် ရပ်ကွက်အုပ်ချုပ်ရေးမှူး(၁၅)ဦး၊
မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်(၅)ဦး၊
အမျိုးသမီးရေးရာအဖွဲ့ဝင်(၅)ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်(၃)ဦး၊ မီးသတ်တပ် ဖွဲ့
ဝင်(၂)ဦး၊ စုစုပေါင်း(၃၀)ဦး တို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။





No comments:
Post a Comment